BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, October 21, 2012

ကမ္ဘာ့အဆင့် ၁၈၄ တွင် ရပ်တည်နေသည့်မြန်မာ

ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)က အောက်တိုဘာလ အတွက် ကမ္ဘာ့ အဆင့် သတ်မှတ်ချက်များ ထုတ်ပြန် ကြေညာခဲ့ရာ မြန်မာ လက်ရွေး စင် ဘောလုံး အသင်းသည် ယခင်လထက် တစ်ဆင့်လျော့ကျသွားပြီး ကမ္ဘာ့အဆင့် ၁၈၄ တွင် ရပ်တည်နေသည်။
နိုင်ငံတကာပွဲစဉ်များနှင့် ဝေးကွာနေသော မြန်မာအသင်းသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စင်ကာပူအသင်းနှင့် ခြေစမ်းပွဲကစားခဲ့ပြီး သရေကျခဲ့သော်လည်း ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ရမှတ် ၆၀ ဖြင့် ယခင်လထက် တစ်ဆင့်ထပ်မံကျဆင်းခဲ့သည်။ ယခုလ ၃ ရက်က ထုတ်ပြန်ခဲ့သော အဆိုပါ ကမ္ဘာ့အဆင့်သတ်မှတ်ချက်များတွင် အရှေ့တောင်အာရှနိုင်ငံများ၌ ထိုင်းအသင်းက ကမ္ဘာ့အဆင့် ၁၃၉ ဖြင့် ဦးဆောင်ထားပြီး ဗီယက်နမ် ၁၄၀၊ ဖိလစ်ပိုင် ၁၄၇၊ မလေးရှား ၁၆၂၊ စင်ကာပူ ၁၆၂၊ အင်ဒိုနီးရှား ၁၇၀၊ ကမ္ဘောဒီးယား ၁၈၉၊ လာအို ၁၉၃၊ ဘရူနိုင်း ၂၀၃ နှင့် တီမောအသင်းတို့က ကမ္ဘာ့အဆင့် ၂၀၆ တွင် ရပ်တည်နေသည်။
မြန်မာအသင်းသည် အာဆီယံနိုင်ငံများတွင် အဆင့် ၇ နေရာ၌ ဆက်လက်ရပ်တည်နေသည်။ ကမ္ဘာ့အဆင့်တစ်နေရာတွင် စပိန်အသင်းက ဆက်လက်ရပ်တည်နေပြီး ၎င်း၏နောက်တွင် ဂျာမနီ၊ ပေါ်တူဂီ၊ အာဂျင်တီးနား၊ အင်္ဂလန်၊ ဥရုဂွေး၊ အီတလီ၊ ကိုလံဘီယာ၊ ဂရိအသင်းများက အစဉ်လိုက်ရပ်တည်နေသည်။ အာရှနိုင်ငံများတွင်မူ ဂျပန်အသင်းက ကမ္ဘာ့အဆင့် ၂၃ ဖြင့် ထိပ်ဆုံးမှ ဦးဆောင်ထားသည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed