BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, March 24, 2013

ဝင်ငွေအကောင်းဆုံးကစားသမားအဖြစ် ဘက်ခမ်းရပ်တည်

ပြင်သစ်မဂ္ဂဇင်း၏ဖော်ပြချက်အရ ပီအက်စ်ဂျီကွင်းလယ်လူ ဘက်ခမ်းမှာ ပေါင် ၃၀.၈သန်းဖြင့် တစ်နှစ်တာ
ဝင်ငွေအကောင်းဆုံး ဘောလုံးသမားအဖြစ် ရပ်တည်ခဲ့သည်။ ဘက်ခမ်းမှာ ပီအက်စ်ဂျီမှရရှိသော ၅လအတွက် လစာငွေကို ကလေးသူငယ်များ ရန်ပုံငွေအတွက် လှူဒါန်းခဲ့သော်လည်း စပွန်ဆာဝင်ငွေများကြောင့် ယခုကဲ့သို့ဝင်ငွေအများဆုံး ဘောလုံး သမားအဖြစ်ရပ်တည်နိုင်ခဲ့ခြင်းဖြစ် ပြီး adidas,samsung,sainsbury တို့နှင့် စပွန်ဆာစာချုပ်ချုပ်ဆိုရာမှ ပေါင် ၂၈.၃သန်းရရှိခဲ့သည်။
ထို့အပြင်ဘက်ခမ်းမှာ တရုတ်စူပါလိဂ် သံတမန်အဖြစ် ထမ်းဆောင်ရန် ၅နှစ် စပွန်ဆာစာချုပ်အတွက် ပေါင်သန်း ၅၀ ရရှိခဲ့သည်။ အဆိုပါစာရင်းတွင် မက်ဆီမှာ ပေါင်သန်း ၃၀ဖြင့် ဒုတိယ၊ ရော်နယ်ဒိုမှာ ၂၅.၇သန်းဖြင် တတိယနေရာတွင် ရပ်တည်ခဲ့သည်။ သို့သော် တစ်နှစ်တာ ၀င်ငွေအကောင်းဆုံး အားကစားသမားစာရင်းတွင် ပေါင် ၃၉.၄သန်းဖြင့် တိုက် ဂါးဝုဒ်မှ ဦးဆောင်နိုင်ခဲ့ပြီး ဘက်ခမ်းမှာ အဆင့် ၇နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဒေါ်စု၏ ပုံတူကို ပန်းပွင့်ပေါင်း ၂၀၀၀ ဖြင့်ဖန်တီးပြသူ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ ပုံတူကို မလေးရှား နိုင်ငံဖွား တရုတ် လူမျိုး အနုပညာ ဗိသုကာ ပညာရှင် မလေး ဟောင်ရီက ပန်းပွင့်ပေါင်း ၂၀၀၀ ဖြင့် ဇန်နဝါရီ ၂၄ ရက်နေ့က မလေရှား နိုင်ငံ Sutera Harbour Marina, Golf & Country Club တွင် ဖန်တီး ပြခဲ့သည်။ ဟောင်ရီသည် ၎င်းပုံတူ ဖန်တီး ရာတွင် ရေ၊ ဆေးရည် ထည့်ထားသော ပလက် စတစ်ခွက် အတွင်းသို့ ဇော်မွှား ပန်းအဖြူများ ထိုးစိုက်၍ ဖန်တီး ပြခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဖန်တီးရာတွင် ပန်းပွင့် အဖြူသို့ အောက်ခံ ခွက်မှ ဆေးရည် သူမ လိုချင်သည့် အရောင် ရောက်အောင် နာရီ ၄၀ ကြာ စောင့်ခဲ့ ရသည်ဟုသိရှိရသည်။ ထို့အပြင် ဟောင်ရီသည် အခြား ဖန်တီးမှု များအဖြစ် နေကြာစေ့ များဖြင့် ပုံတူ ဖန်တီးခြင်း၊ ဖယောင်း စက်များဖြင့် ဖန်တီးခြင်း၊ ကော်ဖီများ ပက်ဖြန်း၍ ဖန်းတီးခြင်း ကဲ့သို့သော အနုပညာ ဖန်တီးမှု မျိုးလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။ သူမသည် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ အတွက် ကြိုးပမ်း လှုပ်ရှားခြင်းကို လေးစား အားကျသဖြင့် ယခုလို ဂုဏ်ပြု ဖန်တီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဒရိုင်ဘာမလို တက္ကဆီ ကို ဟီတာချီတို့ထုတ်

ဂျပန် Hitachi ကုမ္မဏီက ထုတ်တဲ့ တစ်ယောက်စီး ကားငယ်လေး ဖြစ်ပါတယ်။ ထူးခြားချက်ကတောန့ မောင်းနှင်ရန် ဒရိုင်ဘာ မလိုအပ်ခြင်း ဖြစ်ပါတယ်။
ကားက စက်ရုပ်မှာ သူလုပ်ရမယ့် Function တွေကို ပရိုဂရမ်အတိအကျ ထည့်သွင်းရေးဆွဲထားပြီးသား ဖြစ်ပါတယ်။ သွားချင်တဲ့နေရာကို အထဲမှာပါတဲ့ touch screen ကနေ စေခိုင်းလိုက်ရင် သူ့ပါသူ အလိုအလျောက် ခရီးသွားမှာ ဖြစ်ပါတယ်။ ဘေးဘယ်ညာထိန်းချုပ်မှု၊ အနိမ့်အမြင့်သွားလာမှုတို့က အစလူထိန်းစရာမလိုအပ်ပါဘူး။
ဂျပန်နိုင်ငံမှာ GPS နဲ့ ဂြိုလ်တုသုံး Navigation ဟာ မြန်ဆန်တိကျတဲ့အတွက် အသုံးပြု၍ ရရှိခြင်း ဖြစ်ပါတယ။် အခြားနိုင်ငံမှာဆိုရင်တော့ မပြောတတ်ပါဘူး။ ဂျပန်မှာတော့ ကားတွေကြပ်ထဲ မြို့ လမ်းတွေထဲမှာလည်း အလွယ်တကူ သွားလာ ပြခဲ့ပါတယ်။
Smart Driverless Taxi လို့အမည်ပေးထားတဲ့ ဟီတာချီ တစ်ယောက်စီး ကားငယ်လေးများကို ယခုနှစ်ကုန်ပိုင်းအတွင်း ထုတ်လုပ်နိုင်ရန် ယာထားကြောင်း သိရပါတယ်။
--
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed