အသင်း သမိုင်းတစ်လျှောက် အဆိုးဝါဆုံး ပရီးမီးယာလိဂ် ရာသီတစ်ခု ကို ဖြတ်ကျော် ခဲ့ရပြီးနောက် အသင်းနည်းပြ ဒဲလ်ဂလစ်ရှ်အား ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း လီဗာပူးလ် အသင်းမှ အတည်ပြု ခဲ့သည်။ အသက် (၆၁) နှစ် အ ရွယ်ရှိ ဒဲလ်ဂလစ်ရှ်မှာ အသင်းပိုင်ရှင်များ ဖြစ်သည့် FSG နှင့် အထွေထွေ ဒါရိုက်တာ အာရီတို့နှင့် တွေ့ဆုံ ခဲ့ပြီးနောက် စာချုပ်ဖျက်သိမ်းရန် သဘောတူညီ ခဲ့ခြင်းလည်း ဖြစ်သည်။ကစားသမား ခေါ်ယူမှု အတွင် ပေါင်သန်း (၁၀၀)ကျော် အသုံးပြု ခဲ့သည့် ဒဲလ်ဂလစ်ရှ်သည် အသင်းအား (၂၀၀၆) ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ဆုဖလား ရယူပေးနိုင် ခဲ့သော်လည်း ပရီးမီးယားလဂ်တွင် အဆင့် (၄) အတွင်း ၀င်ရန် မစွမ်းဆောင်နိုင် ခဲ့ခြင်းကြောင့် ရာထူးမှ ထုတ်ပယ် ခံခဲ့ရခြင်း လည်း ဖြစ် သည်။ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် အဆင့် (၉) နေရာတွင်သာ ရပ်တည်နိုင် ခဲ့ခြင်းမှာ နှစ်ပေါင်း (၂၀) အတွင်း အဆိုးဝါးဆုံး ရပ်တည်မှု ဖြစ်ခဲ့ပြီး ရမှတ် (၅၂) မှတ်မှာလည်း တန်းဆင်းခဲ့ရသည့် (၁၉၄၈-၄၉) ခုနှစ်နောက်ပိုင်း အနည်းဆုံး ရမှတ်လည်း ဖြစ်ခဲ့သည်။










ဆာလောင်မှု မပြေပျောက် နိုင်သော သူများနှင့် ကိုယ် အလေးချိန် ချရန် ကြိုးစား နေသူများ အတွက် သတင်းကောင်း ကတော့ အသားများ များပါသော အစားအစာ (တစ်နေ့ တာကယ်လိုရီ လိုအပ်ချက်၏ ၂၅ ရာခိုင်နှုန်းကို အသားဓာတ်မှ ရယူ ခြင်း) များတွင် တစ်နေ့တာအတွင်း ဗိုက်ပြည့်နေသလို ခံစားရမှုမျိုး ပိုမို ရရှိနိုင်ကြောင်း၊ ညနှောင်းပိုင်းတွင် အစာစားလိုစိတ် ဖြစ်ပေါ် လာမှုကို လည်း နည်းပါးစေကြောင်း၊ စားစရာ များအနီးတွင် တဝဲလည်လည်ဖြစ်နေ မှုကိုလည်း လျော့နည်းစေကြောင်း သိ ရှိရပါတယ်။
အာဂျင်တီးနား သိပံ္ပပညာရှင် များဟာ ကျန်းမာတဲ့ အမျိုးသား ၂၉ ဦးရဲ့ သုက်ရည် နမူနာ များကို Wi-Fi ဖြင့် အင်တာနက် ချိတ်ဆက် ထားတဲ့ လက်ပ်တော့ ကွန်ပျူတာ တင်ထားတဲ့ စားပွဲအောက်မှာ ထားခဲ့ပါတယ်။
Rangoon Time