BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Tuesday, November 8, 2011

မာမီရှိန်းဇာတ်ကားအတွက် နစ်နာကြေးတောင်းမည်

မာမီရှိန်း ဇာတ်ကားအား တရားမဝင် ကူးယူ ဖြန့်ချိသူ ရှစ်ဦးကို အောက် တိုဘာလ ၇ ရက်က အင်းစိန် တရားရုံးတွင် ပြစ်ဒဏ်များ
အသီး သီးချမှတ်ခဲ့ပြီးနောက် ယင်းဇာတ် ကားအတွက်စီးပွားရေးအရ နစ်နာ ဆုံးရှုံးခဲ့ရ မှုများအပေါ် ဥပဒေ ကြောင်းအရ နစ်နာကြေးတောင်း ဆိုသွားရန်ရှိကြောင်း ဇာတ်ကား ထုတ်လုပ်သည့် ကန်းထရီးစတား ရုပ်ရှင် ထုတ်လုပ်ရေးပိုင်ရှင် ဦးမြ အေးက ပြောသည်။ “မြို့ပတ်ရုံတွေမှာ ပြသနေ ဆဲအချိန်မှာ ခိုးကူးခွေထွက်လာ တဲ့အတွက် ရုံတွေရဲ့ ဝင်ငွေထိ ခိုက်သွားတယ်။ နယ်တွေမှာဆို လည်း ခိုးကူးရောက်သွားတော့ ခွေဖြန့်ဖို့ ခက်သွားတယ်။ဗီဒီယို ပြန်ထုတ်မယ်ဆိုတော့လည်း ခိုး ကူးထွက်ထားလို့ဆိုပြီး နယ်ကိုယ် စားလှယ်တွေ ဈေးနိုမ်ပြန်တယ်။ ဒါကြောင့် ထုတ်လုပ်သူ အနေနဲ့ စီး ပွားရေးအရ နစ်နာဆုံးရှုံးမှုတွေရှိ ခဲ့လို့ အခုပြစ်ဒဏ်ချခံရသူ ရှစ်ဦး ဆီကနေ နစ်နာကြေးတောင်းဆို သွားဖို့လုပ်နေပါတယ်”ဟု ၄င်းက ပြောသည်။
မာမီရှိန်းဇာတ်ကားအား တရားမဝင်ကူးယူပြသခြင်းအ တွက် အရေးယူခံရသူရှစ်ဦးမှာ ဗီဒီယို ဥပဒေပုဒ်မ ၃၂ (က) (ခ) အရ ပြည့်ဖြိုးမောင် ဗီဒီယိုထုတ် လုပ်ရေးပိုင်ရှင် ပြည့်ဖြိုးမောင် အား ထောင်ဒဏ်တစ်နှစ်၊ ဗီဒီယို ဥပဒေပုဒ်မ ၃၂ (ခ)အရ ကျော်စွာ မင်း(ခ) မင်းမင်း၊ မင်းကိုနိုင် (ခ) အသေးလေး (သဇင်ခွေငှားဆိုင်)၊ ကိုညီ(ခ) ညီညီထွန်း (စူပါပါဝါ ခွေငှားဆိုင်)၊ ဇော်ဇော်လွင်၊ ဆန်း ဝင်း ၊ ဂျင်မီစိုးနှင့် အန်းကူ (ခ) တင်ဦး တို့အား ထောင်ဒဏ်ခြောက်လစီ ချမှတ်ခဲ့ကြောင်း သိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဒရိုင်ဘာမလိုတဲ့ကား

ဘာလင်မြို့ရဲ့ လမ်းတွေမှာ သူ့ဘာသာသူ မောင်းနိုင် တဲ့ကားကို စမ်းသပ်ခဲ့ရာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ v w  အမည်ရှိ ကားဟာဘာလင် ယူနီဗာစီတီမှ ကျွမ်းကျင်သူများ တီထွင်ထားကြတာဖြစ်ပါတယ်။ ကွန်ပျူတာက စတီယာရင်၊ ဘရိတ်၊ လီဗာတို့ကို ထိန်းချုပ်ထားတာဖြစ်ပြီး မီးပွိုင့်များ၊ အခြားကားများကို စောင့်ကြည့်ရန် စကန်နာ၊ ရေဒါ၊ ကင်မရာများလည်း ပါရှိပါတယ်။ လမ်းကြောင်းမှားနေ ကြောင်း တစ်မီတာအတွင်း သိရှိနိုင်တဲ့ အလွန်တိကျတဲ့ ဂျီပီအက်စ်စနစ်လည်း ပါရှိပါတယ်။ ထိုကားဟာ အလွန် Óဏ်ရည်မြင့်မားတဲ့အတွက် သူရဲ့ပတ်ဝန်းကျင်ကို မှတ် သားနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် ထိုကားမောင်းဖို့ ကားဒရိုင်ဘာတစ်ယောက် မလိုအပ်ဘူးလို့ပြောရင်တော့ ဦးနှောက်မရှိရာ
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကျော်သူ၏ ဇာတ်ကား ဗွီဒီယိုအဖြစ် ထွက်ပေါ်လာ

ရုပ်ရှင် သရုပ်ဆောင် အဖြစ် သာမက လူမှုရေး သမားတစ်ယောက် အဖြစ်ပါ လူသိများ ထင်ရှားသော နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ (ဦး)ကျော်သူ ပါဝင်သရုပ် ဆောင်ထားသော ရုပ်ရှင်ဇာတ်ကား မှာ ဗွီဒီယိုဇာတ်ကား အဖြစ် ပြန် လည်ထွက်ပေါ် လာသည်။
အဆိုပါဇာတ်ကားမှာ "ရင်ခုန် နှင်းဆီ"အမည်ရ ဇာတ်ကားဖြစ်ပြီး၊ ဇာတ်လမ်းဆုဩချယ်၊ ဇာတ်ညွှန်း မျိုးကိုမျိုးတို့၏ ဇာတ်လမ်းကို ဒါရိုက် တာအောင်ဆွေမြန်မာ ကရိုက်ကူး ထားခြင်းဖြစ်သည်။ ယင်း 'ရင်ခုန်နှင်းဆီ'ဇာတ် ကားတွင် သရုပ်ဆောင် (ဦး)ကျော် သူနှင့်အတူအကယ်ဒမီ မို့မို့မြင့် အောင်၊ စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန် မြင့်နှင့် ဧည့်သည် သရုပ်ဆောင်အ ဖြစ် မြတ်ကေသီအောင် တို့ပါဝင် သရုပ်ဆောင် ထားသည်။ "အဲဒီဇာတ်ကားထဲမှာ စိုင်းစိုင်း ခမ်းလှိုင်ရဲ့ အဘနေရာကနေ (ဦး) ကျော်သူက သရုပ်ဆောင်ကာ..၊ ဇာတ်ကားထဲမှာတော့ အကယ်ဒမီ ကျော်သူဆိုပြီး အရင်ဆုံး စာတန်းထိုး သွားတယ်"ဟု 'ရင်ခုန်နှင်းဆီ' ဇာတ် ကားအား အခွေအငှားဆိုင်မှ ငှား ရမ်းကြည့်ရှုခဲ့သော ကျောက်မြောင်း နေ မစန္ဒာလင်းက ပြောကြားသည်။
'ရင်ခုန်နှင်းဆီအမည်ရှိ အဆို ပါဇာတ်ကား၏ Cover တွင်၆၂၈/ ၂၀၁၁ç ၂၇.၇.၂၀၁၁ ဟုဖော် ပြထားပြီး၊ ရိုက်ကူးသည့် ခုနှစ်ဖော် ပြထားခြင်းမရှိသည်ကို တွေ့ရ သည်။ သရုပ်ဆောင် (ဦး)ကျော်သူပါ ဝင်သရုပ်ဆောင်ထားသည့် ဇာတ် ကားများမှာ ပရိသတ်များနှင့် နှစ် အတန်ကြာကင်းကွာနေခဲ့ရာမှ ယခု 'ရင်ခုန်နှင်းဆီ' ဗွီဒီယိုဇာတ်ကားမှာ ပရိသတ်ကြားတွင် ပထမဦးဆုံးအ ကြိမ် ပြန်လည်ထွက်ပေါ်လာခြင်း ဖြစ်သည်။ နာရေးကူညီမှု အသင်း(ရန်ကုန်) ၏ ဥက္ကဋ္ဌ (ဦး)ကျော်သူသည် သရုပ် ဆောင် တစ်ယောက်အဖြစ် အကယ် ဒမီရသည် အထိအောင်မြင်ခဲ့ရုံသာ မက၊ ဒါရိုက်တာ တစ်ယောက် အဖြစ်လည်း ပရိသတ်လက်ခံခဲ့ သူဖြစ်သည်။ (ဦး)ကျော်သူ၏ ပရိသတ်ထဲ တွင် နိုင်ငံတော်သမ္မတကြီးဦးသိန်း စိန်ကိုယ်တိုင် ပါဝင်ပြီး၊ ရုပ်ရှင်ဇာတ် ကားများ ပြန်လည်ရိုက်ကူးရန် နိုင်ငံ တော်သမ္မတကြီးက (ဦး)ကျော်သူ အား တိုက်တွန်းထားသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အိန္ဒိယ မြို့ကြီးများအနက် ဒေလီမြို့တွင် မုဒိမ်းမှု အများဆုံးဖြစ်ပွား

အိန္ဒိယ မြို့ကြီးများအနက် ဒေလီမြို့တွင် မုဒိမ်းမှု အများဆုံးဖြစ်ပွား
၂၀၁၀ ခုနှစ်တွင် အိန္ဒိယ နိုင်ငံ၏မြို့တော် ဒေလီသည် မြို့ကြီး ၃၅ မြို့အနက် မုဒိမ်းမှု အများဆုံး ဖြစ်ပွားခဲ့သည့် မြို့ ဖြစ်ကြောင်း အမျိုးသား မှုခင်း ထိန်းချုပ်ရေး ဗြူရိုမှ စာရင်းများ ထုတ်ပြန်ခဲ့သည်။ ယင်းနှစ်၌ ဒေလီမြို့တွင် ပြန်ပေးဆွဲ လိင်စော်ကားခံရမှု စုစုပေါင်း ၁၄၄၂ ခု ဖြစ်ပွားခဲ့ပြီး ၎င်းအရေအတွက်သည် မြို့ကြီး ၃၅ မြို့ စုစုပေါင်း၏ ၃၇ ဒသမ ၇ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော် ပြထား သည်။ ထို့ပြင် အမျိုးသမီး ၁၁၂ ဦးမှာ ပစ္စည်းလုယူ အသတ်ခံခဲ့ ရပြီး အမျိုးသမီး ၁၂၇၃ ဦးမှာ လင်ယောကျာ်း ဆွေမျိုးများ၏ နှိပ်စက်မှုခံရ၍ ဒုက္ခကြုံရသော အမှုဖြစ်ပွားခဲ့ကြသည်။ ဒေလီမြို့ပြီး နောက် မွမ် ဘိုင်းတွင်လည်း ၂၀၁၀ အတွင်း လိင်ဘက်ဆိုင်ရာ စော်ကားခံ ရမှု ၁၉၄ မှုဖြင့် ဒုတိယနေရာရှိ ခဲ့သည်။ ထို့ပြင် အမျိုးသမီးများအား ပြန်ပေးဆွဲမှု ၁၄၆ မှုလည်း ဖြစ်ပွားခဲ့ ကြောင်း သိရှိရသည်။ ကွန်ပျူတာ ဆော့ဖ်ဝဲမြို့ အဖြစ် ထင်ရှားသော ဘင်ဂလား မြို့တွင် လိင်စော်ကားခံရမှု ၆၅ မှုဖြစ်ပွား ခဲ့သည်။ ပြည်နယ်များအနေဖြင့် မဒ္ဒရာပရာဒေ့ရှ်သည် အမြင့်ဆုံး ဖြစ်ပြီး ၃၁၃၅ မှု ရှိခဲ့သည်။ ဒုတိယမှာ အနောက် ဘင်္ဂလားပြည်နယ်ဖြစ်ပြီး အမှု ၂၃၁၁ မှု ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ခဲ့သည့် စာရင်းဇယား များက ဖော်ပြသည်။ Ref : Time of India
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ပေါင်သန်း (၂၀)မှ စတင် ကမ်းလှမ်းရမည့် ဂေါ့ဇီ

 
ဒေါ့မွန် အသင်းသည် သူတို့၏ ကွင်းလယ် ကြယ်ပွင့် မာရီယို ဂေါ့ဇီအား ဇန်န၀ါရီ အပြောင်းအရွှေ့ ကာလတွင် ရောင်းချမည်
မဟုတ်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း နွေရာသီတွင် ခေါ်ယူချင် ပါက ပေါင်သန်း (၂၀) နှင့် အထက်သာ စဉ်းစားမည်ဟု ပြောကြားခဲ့သည်။အာဆင်နယ် နှင့် ဘိုင်ယန် အသင်းတို့မှာ အသက် (၁၉) နှစ် အရွယ်ရှိ ကွင်လယ် ဖန်တီးရှင်အား ခေါ်ယူရန် ကြိုးပမ်းနေသော အသင်းများ ဖြစ်သည်။အာဆင်နယ် အသင်းသည် ပြီးခဲ့သော စနေနေ့က ကစားခဲ့သည့် ဒေါ့မွန် အသင်း၏ ပွဲစဉ်မှ ဂေါ့ဇီ၏ ခြေစွမ်းကို လေ့လာရန် အတွက် ဘောလုံး ကင်းထောက်များ စေလွှတ်ခဲ့ကြောင်း သိရသည်။ဂေါ့ဇီ၏ လက်ရှိစာချုပ်မှာ (၂၀၁၄) ခုနှစ် အထိရှိနေပြီး သူကလည်း ဒေါ့မွန်တွင်သာ ပျော်ရွှင်နေကြောင်း ထုတ်ဖော်ပြောကြားထား သဖြင့် အာဆင်နယ် နှင့် ဘိုင်ယန်တို့ အတွက် အနည်းငယ် ခက်ခဲဖွယ် ရှိနေသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဖာဂူဆန်အား အမြင့်ဆုံး ဂုဏ်ပြုမှု တစ်ရပ် ပြုလုပ်ခဲ့သည့် မန်ယူ

 
မန်ယူ အသင်းသည် နည်းပြကြီး ဖာဂူဆန်အား ဂုဏ်ပြုမှု တစ်ရပ် အနေဖြင့် အသင်းပိုင်ကွင်း၏ မြောက်ဘက်
ပွဲကြည့်စင်အား ဆာအဲလက်စ် ဖာဂူဆန် အမည်ဖြင့် ပြောင်းလဲခေါ်ဝေါ်ရန် သတ်မှတ်ခဲ့သည်။ ဖာဂူဆန်မှာ မန်ယူ အသင်းတွင် နည်းပြ ပြုလုပ်ခဲ့သည့် သက်တမ်း (၂၅) နှစ်ပြည့်မြောက် ခဲ့ပြီ ဖြစ်သောကြောင့် အသင်းမှ သူ၏ စွမ်းဆောင်ရည်အား ဂုဏ်ပြုသော အနေဖြင့် ယခုကဲ့သို့ ပွဲကြည့်စင်အား နာမည်ပြောင်းလဲ သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။မန်ယူ အသင်းသည် ဖာဂူဆန်၏ ပုံစံရုပ်ထု တစ်ခုကိုလည်း ကွင်း၏ မျက်နှာစာတန်းတွင် ထုလုပ်ထား ရှိမည်ဟုလည်း အတည်ပြု ပြောကြား ခဲ့သေးသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

၂ဝ၁၈ ကမ္ဘာ့ဖလားဘောလုံး ခြေစစ်ပွဲတွေမှာ မြန်မာအသင်း

 

၂ဝ၁၈ ကမ္ဘာ့ဖလားဘောလုံး ခြေစစ်ပွဲတွေမှာ မြန်မာအသင်း ပါဝင် ယှဉ်ပြိုင် ခွင့်ပြု

2011-11-07

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ရဲ့ အသနားခံစာနဲ့ ပတ်သက်လို့ တချို့ကို လက်ခံလိုက်ပြီး မြန်မာ အသင်းကို ခြေစစ်ပွဲတွေမှာ ပြန်လည် ယှဉ်ပြိုင်ခွင့် ပြုလိုက်ကြောင်း FIFA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

AFP

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဂျိုးဇက်ဖ် ဘလတ်တာ (အလယ်) နှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် (၀ဲအစွန်) ကို ၂၀၁၁ ခုနှစ် မတ်လ ၁၅ ရက်က မန္တလေးမြို့တွင် ပြုလုပ်သော မြန်မာဘောလုံးအသင်း သင်တန်းကျောင်းဖွင့်ပွဲတွင် တွေ့ရစဉ်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အပေါ် ချမှတ်ထားတဲ့ ဒဏ်ငွေကိုတော့ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်က ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းမှာ ပြုလုပ်တဲ့ မြန်မာနဲ့ အိုမန် ခြေစစ်ပွဲမှာ မြန်မာအသင်း ရှုံးနိမ့်နေတာကို မကျေနပ်တဲ့ ပရိသတ်က ကွင်းထဲကို ဖိနပ်တွေ ခဲတွေ ရေပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ကြတဲ့ အတွက် ပွဲပျက်သွားခဲ့ရ ပါတယ်။

အဲဒီနောက် စည်းကမ်းမဲ့ အားပေးမှုနဲ့ ၂ဝ၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ မြန်မာအသင်း ပါဝင် ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်ပြီး ဒဏ်ငွေ အဖြစ် ဆွစ်စ်ဖရန့် ၂ သောင်းခွဲ ပေးဆောင်ဖို့လည်း FIFA က ချမှတ်ခဲ့ ပါတယ်။

__._,_.___ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed