BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Monday, August 8, 2011

အငတ်ဘေးကြားက လူမျိုးစု

E-mail Print PDF
အငတ်ဘေးနှင့် ကပ်ဆိုက်နေကြပြီဖြစ်သည့် ကင်ညာ ရွာသားများမှာ လက်နက်များ ကိုင်စွဲပြီး အီသီယိုးပီးယားနှင့် ဆူဒန် လူမျိုးစုများနှင့် တိုက်ပွဲ
ဝင်နေရပြန်ပါသည်။ လူမျိုးစု ပြဿနာများ၊ ကျွဲနွားခိုးမှုနှင့် နယ်စပ် အရှုပ်အထွေးများမှာ ကင်ညာမြောက်ပိုင်းတွင် နှစ်ပေါင်းများစွာ အမြစ်တွယ်နေခဲ့သည်။


သို့ရာတွင် မကြုံစဖူး မိုးခေါင်ရေးရှားမှုဒဏ်နှင့် အငတ်ဘေးဒဏ်တို့မှာ လူမျိုးနွယ်စုများအကြားတွင် ပြဿနာကို ပိုမို ကြီးထွားစေခြင်းပင်။
အိုးအိမ်ပစ္စည်းများ၊ ကျွဲနွားမွေးမြူရေးများနှင့် သီးနှံကွင်းပြင်များအပေါ် ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများ တိုးပွားလာနေသည်။ နယ်စပ်မျဉ်းပေါ်ရှိ လူမျိုးစုများ အချင်းချင်း သွေးကွဲကြ၊ တိုက်ခိုက်နေကြတော့သည်။
သာမန် အရပ်သားများ၊ ရွာသူရွာသားများမှာလည်း ရိုင်ဖယ်သေနတ်များ ရယူကာ လက်နက်ကိုင်စွဲ ကြရတော့သည်။ မိသားစုနှင့် အိုးအိမ်ကို မိမိဖာသာ ကာကွယ်ရတော့မည့် အခြေအနေဆိုးကို ရင်ဆိုင်ကြရခြင်းဖြစ်ပါသည်။
အစိုးရက အကာအကွယ် မပေးနိုင်သဖြင့် ကလေးများ၊ ကျောင်းသူကျောင်းသားများကိုလည်း ကျောင်းဆရာများက လက်နက်ကိုင် သင်တန်းပေးကြရသည်။ အကြမ်းဖက်တိုက်ခိုက်မှုကို ခုခံကာကွယ်တတ်ရန်၊ တိမ်းရှောင်တတ်ရန် တရွာလုံးရှိ လူကြီး၊ ကလေးမကျန် အားလုံးကို သင်တန်းပေးထားရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လူ့အကြင်နာတရား အရှိဆုံး နော်ဝေ အကျဉ်းထောင်

E-mail Print

နော်ဝေမှာ လူ ၉၀ ကျော် သတ်ခဲ့တဲ့ လူသတ်သမား အန်ဒါ ဘရင်း ဘရစ်ဗစ်ခ် မှာ ပြစ်ဒဏ်ခံရမယ့် ကမ္ဘာ့ အဆိုးသွမ်းဆုံး လူသတ်သမားများအနက် ကံကောင်းသူတစ်ဦးဟုပင် ဆိုရမည်။
အကြောင်းမှာ နော်ဝေနိုင်ငံရဲ့ ပြစ်မှုဆိုင်ရာ စီရင်မှုစနစ်က ကမ္ဘာ့နိုင်ငံများအနက် သက်ညှာမှုအရှိဆုံး တရားရေးစနစ် ဖြစ်နေသောကြောင့် ဖြစ်သည်။ နော်ဝေမှာ သေဒဏ်ပေးတဲ့စနစ် မရှိ။ အမြင့်ဆုံး နှစ်ရှည် ထောင်ဒဏ်က ၂၁ နှစ်သာ ရှိသည်။ အကယ်၍ အကျဉ်းသားက လူ့အဖွဲ့အစည်းအတွက် အန္တရာယ် ဆက်ရှိနိုင်တယ်လို့ ယူဆခဲ့ရင်တောင် နောက်ထပ် ၅ နှစ်သာ ထပ်တိုးချခွင့် ရှိသည်။
နော်ဝေမှာ ပြစ်မှုကျူးလွန်သူများကို အပြစ်ပေးမှု (punishment) ထက် ပြန်လည်ပြုပြင် ထူထောင်ပေးမှု (rehabilitation) ကိုသာ မူတရပ်အဖြစ် ကျင့်သုံးသည်။
နော်ဝေ အကျဉ်းထောင် အရာရှိတစ်ဦးက “နော်ဝေမှာ လူ့အဖွဲ့အစည်းအနေနဲ့ရော တစ်ဦးချင်းကပါ ပြန်လက်စားချေမှုကို မလုပ်ရဘူး။ အကျဉ်းသားကို နာကျင်အောင်လုပ်တာတွေ၊ ဒဏ်ပေးတာတွေ မရှိရပါဘူး။ သတ်မှတ်တဲ့ အချိန်ကာလတစ်ခုထိ သူ့ရဲ့လွတ်လပ်ခွင့်ကို မပေးတာဟာ လုံလောက်တဲ့ အပြစ်ပေးမှုလို့ ယူဆပါတယ်။ ထောင်ထဲမှာလည်း အကျဉ်းသားကို ဆိုးဆိုးရွားရွား အခြေအနေနဲ့ မထားရပါဘူး” ဟု the Daily Mail သတင်းစာကို ရှင်းပြသည်။
နော်ဝေ ရဲ့ အကျဉ်းထောင်သစ် (ဒုတိယအကြီးဆုံးထောင်) Halden Prison တွင် မုဒိမ်းမှု ကျူးလွန်သူများ၊ လူသတ်သမားများ ရှိသည်။ သို့သော် ထိုအကျဉ်းသားများမှာ သင်တန်း ကမ့်တစ်ခု ထွက်သလို နေကြရသည်။ ၄င်း အကျဉ်းထောင်ကို ၂၀၁၀ ခုနှစ်တွင် စတင်ဖွင့်ခဲ့ပြီး ကမ္ဘာပေါ်မှာ ‘လူ့အကြင်နာတရား အရှိဆုံး ထောင်’ (most humane prison) ဟု နာမည်ကြီးသည်။
အကျဉ်းသားတစ်ဦးချင်းရဲ့ အခန်းတိုင်းတွင် ဖလက်တီဗွီ တစ်လုံးနှင့် ရေခဲသေတ္တာအသေး တစ်ခုစီ ရှိသည်။ နေရောင်ကို ကြည့်နိုင်ဖို့ ပြူတင်းတံခါးတွေ ရှိသည်။ Halden ထောင်တွင် သံတိုင်တွေ လုံးဝမရှိ။ ယခု အသက် ၃၂ နှစ်ရှိ လူသတ်သမား ဗရီဗစ်ခ် အတွက်ပေးဖို့ luxuries ပစ္စည်းတွေ Halden အကျဉ်းထောင်မှာ အသင့်ရှိနေသည်။


အကျဉ်းသားများက သူ့တို့ အခန်းတွေ (cells) ရဲ့ အပြင်ဘက်မှာ အချိန်အများစု ကုန်လွန်ကြသည်။ အထူးသဖြင့် အားကစား လုပ်ကြသည်။ Halden အကျဉ်းထောင်မှာ  လေကောင်းလေသန့် ရသည်။ တစ်ဦးချင်းစီအတွက် ကာယနည်းပြဆရာတွေ ရှိသည်။ အထက်ပုံမှာ နည်းပြဆရာမနှင့်အတူ အကျဉ်းသားတစ်ဦး အနှေးပြေး (jogging) ကို လေ့ကျင့်နေခြင်း ဖြစ်သည်။ အကျဉ်းထောင်ထဲမှာ နေရတဲ့ ခံစားချက် (institutional feel) မဖြစ်အောင် ဂရုစိုက်ပေးသည်။


Halden အကျဉ်းထောင်မှ အကျဉ်းသားများမှာ ကိုယ်ပိုင် ဂီတအဖွဲ့တွေ ရှိကြသည်။ အကျဉ်းထောင် စတူဒီယိုမှာ အသံသွင်းပြီး အယ်လ်ဘမ်တွေ ထုတ်ကြသည်။


Halden အကျဉ်းထောင် စာကြည့်တိုက်မှာ စာအုပ်များ၊ မဂ္ဂဇင်းများသာမက၊ CD နဲ့ DVD များစွာလည်း ရှိသည်။ သို့သော် ရာဇ၀တ်မှု ဇာတ်လမ်း ရုပ်ရှင်မျိုးတော့ မထား။


အကျဉ်းသားများ အတူအသုံးပြုနိုင်တဲ့ မီးဖိုချောင်၊ နားနေခန်းများလည်း ရှိသည်။ အချို့ဧည့်ခန်း နေရာများကို အကျဉ်းသားများကိုယ်တိုင် ဒီဇိုင်းဖန်တီးထားခြင်း ဖြစ်သည်။ ၄င်းနေရာတွင် ထောင်ဝင်စာ တွေ့သူ မိသားစု၊ မိတ်ဆွေများနှင့် အေးအေးလူလူ စကားပြောနိုင်သည်။


အကျဉ်းသားများ ကျောက်နံရံများ ဖက်တက်တဲ့ အားကစားနည်းကို နံရံဖက်တက်ပြီး လေ့ကျင့်နေကြစဉ်။


တာဝန်ကျ အစောင့်များ သေနတ် တကားကား လုပ်လေ့မရှိ။ အကျဉ်းသားများကို အားပေးရင်း ပျူငှာဖော်ရွေစွာ ဆက်ဆံကြသည်။ အတူစား အတူ ကစားရင်း၊ အသင်းအပင်းစိတ်ဓာတ် မိသားစု စိတ်ဓာတ် ရှိလာအောင် အားပေးကြသည်။


Halden ထောင်ရဲ့ သွားဆေးခန်းက ပစ္စည်းကရိယာ အစုံအလင်။ ရွှေသွားစိုက်ချင်ရင်တော့ ကိုယ့်ငွေနဲ့ကိုယ်။


အကျဉ်းသားတစ်ဦးချင်းအတွက် ကိုယ်ပိုင် သန့်စင်ခန်း ရှိသည်။ Halden မှ အကျဉ်းသားများအဖို့ အကျဉ်းထောင်ထက် ကောလိပ်ကျောင်း အစောင်တစ်ခုမှာ နေရသလို ရှိသည်။


အကျဉ်းသားများ ပြန်လည်ထူထောင်ရေးမှာ ဂီတက အရေးကြီးဆုံးဖြစ်သည်။ အထက်ပုံမှာ ဂီတသင်တန်း ဆရာမက သင်ကြားပေးနေစဉ်။


အကျဉ်းထောင် အားကစားရုံတွင် ဘီးတစ်ဘီးထဲပါသော ဆိုင်ကယ် စီးနည်းကို အကျဉ်းသားများ လေ့ကျင့်နေစဉ်။


အကျဉ်းထောင်ထဲမှ ပန်းချီကားတစ်ချပ်။ ရောင်းဈေးတန်ဖိုးကို ဒေါ်လာ ၁ သန်း တပ်ထားသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မြေအောက်ရထား စီမံကိန်း တည်ဆောက်ခွင့် ရုရှနိုင်ငံ ရရှိ


ရှရုနိုင်ငံသည် မြန်မာ့ မြို့တော်သစ် နေပြည်တော်တွင် မြေအောက်ရထား စီမံကိန်း တည်ဆောက်ခွင့် တင်ဒါ ရရှိခဲ့ကြောင်း အဆိုပါ စီမံကိန်း၏ ဗိသုကာအကြီးအကဲက ပြောကြားကြောင်း The Voice of Russia သတင်း ဝဘ်ဆိုက်တွင် ဇူလိုင်လ ၁၃ရက်နေ့က ဖော်ပြထားသည်။
ရုရှတို့သည် ဘူမိဆိုင်ရာ လေ့လာတိုင်းတာမှုများ နှင့် ဒီဇိုင်း ပုံစံထုတ်မှုများတွင် ကျွမ်းကျင်မှု ရှိကြပြီး ပြီးခဲ့သော နှစ်ဆန်းပိုင်းကလည်း အိန္ဒိယနိုင်ငံ၏ လူနေထူထပ်မှု အများဆုံးဖြစ်သော မဒရပ်မြို့တွင်လည်း ဒေါ်လာသန်း ၄၃၀ ခန့်ကုန်ကျမည့် မြေအောက်ရထားစနစ် တည်ဆောက်ရန် ရုရှကျွမ်းကျင်ပညာရှင်များနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
မြန်မာ့ မြို့တော် နေပြည်တော်တွင် တည်ဆောက်မည့် မြေအောက်ရထား၏ အရှည်ဆုံးပါတ်လမ်းမှာ ကီလိုမီတာ ၅၀ အထိရှည်လျားမည်ဖြစ်ပြီး လက်ရှိ ရုရှမြို့တော် မော်စကိုတွင် ပြေးဆွဲနေသည့် မြေအောက်ရထား၏ အရှည်ဆုံးပါတ်လမ်းမှာ ၁၅ ကီလိုမီတာသာ ရှိသည်။

__._,_.___
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed