Wednesday, October 12, 2011
ကမ္ဘာ့အမြန်ဆုံးကားငယ်လေးဆိုပဲ
ဟိန်းဝေယံရဲ့ အစ်မနဲ့ ညီမတို့လည်း အနုပညာလောကထဲ တိုးဝင်လာ
မာန်ထက်ချီ ရုပ်ရှင်ဗီဒီယိုထုတ်လုပ်ရေးမှ စင်တင်ပွဲထုတ်တဲ့ သားဖြစ်သူ သရုပ်ဆောင်ဟိန်းဝေယံဟာ ယခုဆိုရင် အောင်မြင်ထင်ရှားတဲ့ အနုပညာရှင် ဈေးကွက်ဝင် မင်းသား တစ်ယောက်ဖြစ်ခဲ့ပါပြီ။ သားဖြစ်သူကို အောင်မြင်စွာပွဲထုတ်စင် တင်ခဲ့တဲ့ မာန်ထက်ချီ ရုပ်ရှင်ဗီဒီယို ထုတ်လုပ်ရေးကနေ ယခုအခါ ရန်ကုန်-မန္တလေး မီးခဲပြာဖုံးမျိုးဆက်သစ် သရုပ်ဆောင်တွေကိုလည်း အနာဂတ် အနုပညာလောကအတွက် ရည်ရွယ်ပြီး အဆင့်ဆင့်ရွေးချယ်စင်တင်ပွဲထုတ်တော့မှာဖြစ်ပါတယ်။ ဒီလိုပဲ သရုပ်ဆောင်ဟိန်းဝေယံရဲ့ အစ်မကြီးဖြစ်သူ စံမဒီထူးနဲ့ ညီမငယ်ဖြစ်သူ စွဲညှို့ရှင် တို့နှစ်ဦးကိုလည်း ရုပ်ရှင်ဗီဒီယိုလောကအတွက် သရုပ်ဆောင် မင်းသမီးရှားပါးမှုကို ဖြည့်စွက်နိုင်စေဖို့ ဇာတ်ကားပေါင်းများစွာကို စင်တင်ပွဲထုတ် ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ မျိုးဆက်သစ် သရုပ်ဆောင် စံမဒီထူးနဲ့ စွဲညှို့ရှင်တို့ဟာ ယခုဆိုလျှင် မိခင်မာန်ထက်ချီရုပ်ရှင်ဗီဒီယို ထုတ်လုပ်ရေးရဲ့ အရှိန်အဟုန်ပြင်းတဲ့ အစီအစဉ်သစ်တွေနဲ့ ခေါင်းဆောင်မင်းသမီးများအဖြစ် မကြာမီ ပေါ်ထွက် လာတော့မှာဖြစ်ကြောင်း သိရှိရပါတယ်။ သရုပ်ဆောင်ဟိန်းဝေယံ အနုပညာ လောကထဲမှာ အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ခဲ့သလို အစ်မဖြစ်သူ စံမဒီထူးနဲ့ ညီမဖြစ်သူ စွဲညှို့ရှင် တို့လည်း အောင်မြင်တဲ့ သရုပ်ဆောင်များ ဖြစ်လာခြင်းရှိမရှိကို အနုပညာလောကသားတွေက စောင့်ကြည့်နေကြပြီလည်းဖြစ်ပါတယ်။ မာန်ထက်ချီ ရုပ်ရှင်ဗီဒီယိုထုတ် လုပ်ရေး စီစဉ်သူမစန်းစန်းဝင်းကတော့ အရှိန်အဟုန်အကောင်းဆုံးနဲ့ သမီးနှစ်ယောက်ကို အောင်မြင်အောင် စင်တင်ပွဲထုတ်သွားမယ်လို့ ပြောကြားတာကိုလည်း ကြားသိခဲ့ရပါတယ်။
SKY NET DTH ရုပ်သံလိုင်း များကို တစ်လချင်း ပေးသွင်းပြီး ကြည့်ရှုနိုင်
ရွှေသံလွင် ကုမ္ပဏီမှ ထုတ် လွှင့်သော SKYNET ရုပ်သံလိုင်း များကို ယခုလ မှစတင်ကာ လစဉ် ကြေးအား တစ်လချင်း ပေးသွင်းပြီး ကြည့်ရှု့ နိုင်ပြီဖြစ်ကြောင်း အဆိုပါ sky net အရုပ်သံ လိုင်းများ ထုတ်လွှင့် သောရွှေသံလွင် ကုမ္ပဏီမှသိရ သည်။
၁လချင်း တိုးသွား လို့လဲရပါ တယ်” ဟုပြောသည်။ Sky net သည် လိုင်းပေါင်း ၄၄လိုင်းပါဝင်ပြီး အားကစားလိုင်း များ၊ ဂီတဖြင့်ပတ် သက်သော ရုပ်သံလိုင်းများ၊ ရုပ်ရှင် လိုင်းများ၊ ကာတွန်းလိုင်းများ စသည်ဖြင့် လိုင်း အမျိုးစုံကြည့်ရှု ခံစားနိုင် မည်ဖြစ်သည်။ Sky net ရုပ်သံ လိုင်းများမှ ဂြိုဟ်တုမှတစ်ဆင့် ထုတ်လွှင့်သော စနစ်ဖြစ်ပြီး Ku Band System ဖြင့်ထုတ်လွှတ် ခြင်း ဖြစ်သည်။ ယခုအခါတွင် ၁လ၊ ၃လ၊ ၆လ၊ ၉လနှင့် ၁နှစ် ဆို၍ရောင်းချပြီးဈေးနှုန်းမှာ ၁၂,၅၀ဝကျပ်၊ ၃၆,ဝ၀ဝကျပ်၊ ၆၆,ဝ၀ဝကျပ်၊ ၉၄,၅၀ဝ ကျပ်နှင့် ၁၁၈,ဝ၀ဝ ကျပ်ဖြင့် အသီးသီး ရောင်းချမည်ဖြစ်သည်။ SKY NET ရုပ်သံလိုင်းများကို ကြည့်ရှုသူများအနေဖြင့် ကြည့်ရှု့ ခွင့် သက်တမ်းကို လစဉ်ပေး စနစ် ဖြင့် ကြည့်ရှုနိုင်ပြီး ၁လိုင်းလျှင် ၁ရက်လျှင် ၉ကျပ် ကျော်ခန့်သာ ကျသင့်တော့မည် ဖြစ်ကြောင်း Sky Net မှသိရသည်။
Sky net ရုပ်သံလိုင်းများကို MP3 နှင့်DTH ဟူ၍နှစ်မျိုးခွဲ ခြားရောင်းချပြီး DTH (Direct to home) စနစ်ဖြစ်သည်။ MPS (multi play service) ဖြစ်ပြီး IPTV ဖုန်းလိုင်းနှင့်အင်တာနက်အ သုံးပြုနိုင်သည်။ Sky net DTH ရုပ်သံလိုင်း များကိုမြန်မာနိုင်ငံရှိမြို့နယ်ပေါင်း ၃၃၀တွင် ဖမ်းယူကြည့်ရှုနိုင်ပြီး နယ်ဒေသ တော်တော်များများတွင် ပါကြည့်ရှုနိုင်သည်။ Sky net MPS စနစ်မှာဂြိုဟ်တုမှတစ်ဆင့် ဆက် သွယ်ထားသော နည်းလမ်းဖြစ်၍ ဝေးလံသော နေရာ ဒေသများတွင် အသုံးပြုရ အလွန်အဆင်ပြေသည် ဟုသိရ သည်။ ထို့ပြင် sky net ရုပ်သံလိုင်း မှ သတင်းအဖြစ် အပျက်များကို ဦးစားပေးထုတ်လွှင့်သော up to date channel အသစ်ကို ထပ်မံ ထုတ်လွှင့်ခဲ့ သည်။
ဘာစီလိုနာ အတွက် အိုဘားမားရဲ့ သဝဏ်လွှာ
နို့ဖြင့် ထုတ်လုပ် ထားသော အဝတ်အထည်
ဩဂဲနစ်နို့မှုန့်နှင့် အခြားပါဝင် ပစ္စည်းတွေကို ပေါင်းစပ်ပြီး အထူးပြုလုပ်ထားတဲ့ ချည်မျှင်ကို တီထွင်ခဲ့ပါတယ်။ အဆိုပါ နို့ချည်မျှင်တွင် ပရို တင်းဓာတ် ပါဝင်တဲ့အတွက် အသားအ ရေကိုအထူးသင့်တော် ကောင်းမွန်စေပါတယ်လို့ သူမက ရှင်းပြခဲ့ပါတယ်။
ယခုဆိုရင် သူမရဲ့ Clothing Line QMilch ကို စတင်တည်ထောင်ပြီး နို့ချည်မျှင်နှင့်ချုပ် လုပ်ထားတဲ့ အဝတ် အထည်တွေကို ဖြန့်ချိနေပါပြီ။
Subscribe to:
Posts (Atom)