BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Friday, May 17, 2013

မန်ယူတစ်နှစ်တာ အကောင်းဆုံးဆုကို ကာရစ် ရရှိခဲ့


ယခုနှစ် ရာသီအတွက် မန်ယူတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ကွင်းလယ်လူ ကာရစ် ရရှိသွားခဲ့ကြောင်း
သိရသည်။ ကာရစ်မှာ ပေါစခိုးလ် ပထမအကြိမ် အနားယူခဲ့စဉ်က မန်ယူ ကွင်းလယ်တွင် အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ပဏာမစာရင်းတွင် ပါဝင်ခဲ့သူလည်းဖြစ်သည်။
ထို့အပြင် မန်ယူအတွက် ပရီးမီးယားလိဂ်ဂိုး ၂၅ဂိုး သွင်းယူနိုင်ခဲ့သည့် ဗန်ပါစီမှာ ပရိသတ်များ ရွေးချယ်သည့် အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သည့်အပြင် ဗီလာနှင့်ပွဲတွင် ကိုက် ၂၀အကွာ မြေမကျကန်ချက်ဖြင့် သွင်းယူခဲ့သည့် ၎င်း၏ဂိုးကြောင့် တစ်နှစ်တာ အကောင်းဆုံးဂိုးဆုလည်း ဆွတ်ခူးနိုင်ခဲ့သည်။ အဆိုပါဆုပေးပွဲ အခမ်းအနားတွင် အရန်အသင်း အကောင်းဆုံး ကစားသမားဆုကို ဂျာနူဇတ် ရရှိခဲ့ပြီး လူငယ်အကောင်းဆုံးဆုကို ဘန်ပီယာဆန်က သိမ်းပိုက်သွားနိုင်ခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဒေးဗစ်ဘက်ခမ်း ဘောလုံးလောကမှ အနားယူ


ပင်သစ် အခြေစိုက် PSG အသင်းတွင် ခြောက်လ ကျော်ကြာ ပါဝင် ကစားခဲ့ရာ၌ ပြင်သစ်လီဂူး ချန်ပီယံ ဆွတ်ခူး နိုင်ခဲ့သည့် ကမ္ဘာ့ ဘောလုံး အကျော်အမော် တစ်ဦး ဖြစ်သူ ဒေးဗစ်ဘက်ခမ်းသည် PSG အသင်း၏ စာချုပ် သက်တမ်းတိုး ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီး ဘောလုံး လောကမှ အနားယူတော့ မည်ဖြစ်ကြောင်း The Guardian တွင် ဖော်ပြ ထားသည်။
အသက် ၃၈ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ဟောင်းသည် အမေရိကန် အခြေစိုက် အယ်လ်အေ ဂလက်စီ အသင်းမှ PSG အသင်း သို့ ပြောင်းရွှေ့လာပြီးနောက် အသင်း၌ ခြေစွမ်းပြကာ ပွဲဦးထွက်တွင် ဂိုးသွင်း အနိုင်ယူခဲ့သလို အသင်း၏ ကစားသမားများ အပေါ်၌ လွှမ်းမိုးကာ အထောက် အကူပြုနိုင်ခဲ့သဖြင့် နည်းပြအန်ဆယ် လော့တီက စာချုပ် သက်တမ်းတိုးရန် ကမ်းလှမ်း ခဲ့သော်လည်း မိသားစုကိုပို၍ အချိန်ပေးလိုသဖြင့် ဟုဆိုကာ ထိုကမ်းလှမ်းချက်ကို ပယ်ချလိုက်ပြီး လန်ဒန်သို့ပြန် မည် ဖြစ်ကြောင်း သိရသည်။
ဘက်ခမ်းက "ကျွန်တော့်အပေါ် အခွင့်အရေးပေးပြီး လေးစားမှု ပြတဲ့ PSG အသင်းကို ကျေးဇူး အများကြီး တင်ပါတယ်။ ဒါပေမဲ့ ဒီအချိန်ဟာ ကျွန်တော့်ရဲ့အောင်မြင် မှုတွေကို အဆုံးသတ်ရမယ့် အချိန်လို့ ကျွန်တော်ခံစားရမိပါတယ်။ ကျွန်တော့် ခြေစွမ်းအရ အကောင်းဆုံး ကစားနိုင် ပါသေးတယ်" ဟု ပြောဆိုခဲ့သည်။ ဘက်ခမ်းသည် အင်္ဂလန်တွင် ကစားစဉ် ဆုဖလား ၁၁၅လုံး ရရှိခဲ့သည့် ကစားသမားအဖြစ် မှတ်တမ်း တင်ထားနိုင်သည့် ကစားသမားလည်း ဖြစ်သည်။
သူသည် လန်ဒန်သို့ပြန်လိုပြီး သူ၏ကလေးလေးဦးကို အချိန်ပေးကာ နေထိုင်လိုသော်လည်း သူဝါသနာပါရာ ဘောလုံး အားကစားနှင့် အဆက်အသွယ် မဖြတ်လို၍ အမေရိကန် အခြေစိုက်ကလပ် အသင်းတွင် ပေါင် ၁၆၅ သန်းခန့် ရင်းနှီးမြှုပ်နှံ ထားသူလည်း ဖြစ်သည်။ ယနေ့ကစပြီးတော့ မိသားစုမပါတဲ့ အောင်မြင်မှုတွေကို အဆုံးသတ်လိုက်ပါပြီ။ ကျွန်တော့်မိဘတွေရဲ့ အားပေးမှုကို အလွန် ပဲကြည်နူးခဲ့ရပါတယ်။
"ကျွန်တော့်မဟေသီ ဗစ်တိုးရီးယားနဲ့ ကလေးတွေအတွက် အချိန်ပေးရဦးမှာပါ။ သူတို့ဟာ ကျွန်တော် ခြေစွမ်းအကောင်းဆုံး အခြေအနေကို ဖန်တီးခဲ့ရာမှာ တကယ်ပဲ အထောက်အကူပြုခဲ့ပါတယ်" ဟု ထုတ်ဖော် ပြောကြားခဲံ့သည်။ ဒေးဗစ်ဘက်ခမ်းသည် ယခုအချိန်ထိ ဘောလုံးမင်းသားအဖြစ် ပရိသတ် လက်ခံထားသည့် ကစားသမားတစ်ဦး ဖြစ်ပြီး သူ၏ အကျော်ကြားဆုံးဖရီးကစ် ခြေစွမ်းကလည်း အောင်မြင်နေဆဲဖြစ် သည်။
သူသည် အင်္ဂလန် ပရီးမီးယားလိဂ်၊ စပိန်လာလီဂါ၊ အမေရိကန်မေဂျာလိဂ်နှင့် လက်ရှိ ကစားနေသည့် ပြင်သစ်လီဂူးလ် တို့တွင် ဖလားရယူပေးနိုင်သည့် တစ်ဦး တည်းသော အင်္ဂလန်အားကစားသမား တစ်ဦးအဖြစ် မှတ်တမ်းဝင်ကာ ဝင်ငွေ အကောင်းဆုံး ဘောလုံး အားကစားသမား တတိယနေရာက ရပ်တည်နေသည့် ကစားသမားဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ချဲလ်ဆီး၏ ဆုပေးပွဲတွင် မာတာ၊ အော်စကာ၊ လမ်းပတ်၊ အက်ကီတို့ ဆုရခဲ့


ချဲလ်ဆီးအသင်း၏ တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို ကွင်းလယ်လူ မာတာရရှိသွားခဲ့ပြီး
အကောင်းဆုံး လူငယ်ဆုကို နာသန်အက်ကီ ဆွတ်ခူးခဲ့ကြောင်း သိရသည်။ မာတာမှာ ယခုရာသီတွင် ချဲလ်ဆီးအတွက် ၁၉ဂိုး သွင်းယူနိုင်ခဲ့ကာ ၂၈ဂိုး ဖန်တီးနိုင်ခဲ့သူဖြစ်ပြီး အကောင်းဆုံးဆု ရခဲ့ခြင်းအတွက် အသင်းဖော်များကို ကျေးဇူးတင်သည်ဟု
ပြောကြားခဲ့သည်။
မာတာက“ အံ့အားသင့်စရာ ကစားသမားတွေရှိတဲ့ ချဲလ်ဆီးလို အသင်းမျိုးမှာ ကစားခွင့်ရတဲ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ အခုလို ဆုရတဲ့အတွက်လည်း အသင်းဖော်တွေ အားလုံးကိုကျေးဇူးတင်ပါတယ်”ဟု
ဆိုသည်။ ယခုရာသီအတွက် အကောင်းဆုံးဂိုးဆုကို ချဲလ်ဆီး၂-၂ ဂျူဗင်တပ်နှင့်ပွဲမှ သွင်းဂိုးဖြင့်အော်စကာက ဆွတ်ခူးသွားခဲ့သည်။ ထို့အပြင် ချဲလ်ဆီးအတွက် ဂိုးအများဆုံး သွင်းယူထားသည့် လမ်းပတ်မှာ ရော်ဘီတမ်ဘလင်း ပေးအပ်သော အထူးအသိအမှတ်ပြုဆု ရရှိခဲ့ကြောင်း သိရသည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed