မြူးနစ်တွင် သူ၏ (၁၀)ခုမြောက်ဆုဖလားအား ကိုင်မြှောက်ချင်နေသည့် ဖရန့်လမ်းပတ်
ဝင်ဘလေကွင်းတွင် ချယ်လ်ဆီးအသင်းအတွက် သူ၏ ကိုးခုမြောက် ဆုဖလားအား ကိုင်မြှောက်ခဲ့သည့် ဖရန့်လမ်းပတ်က သူ့အနေဖြင့် မြူးနစ်ဖိုင်နယ်တွင် သူ၏ ဆယ်ခုမြောက်ဆုဖလားအား ကိုင်မြှောက်ချင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
လမ်းပတ် (၃၃)နှစ်သည် စတမ်းဖို့ဗရစ်ခ်ျက သူ၏ (၁၁)နှစ်တာ ကစားသမားဘ၀အတွင်း ပြည်တွင်းရှိ ဆုဖလားအားလုံးအား ရယူနိုင်ခဲ့သည်။
သို့ပါသော်လည်း ဥရောပအောင်မြင်နှင့်မူ၊ ဝေးကွာနေခဲ့သောကြောင့်၊ ဖရန့်လမ်းပတ်က လာမည့်မေ (၁၉)တွင် ကျင်းပမည့် ချန်ပီယံလိဂ်ဖိုင်နယ်တွင် အောင်မြင်မှုရယူသွားရန် ဆန္ဒရှိနေခြင်းဖြစ်သည်။
"ကျွန်တော် အက်ဖ်အေဖလား (၄)ကြိမ်၊ ပရီးမီးယားလိဂ်ဖလား (၃)ကြိမ်၊ ကားလင်းဖလား (၂)ကြိမ်ရယူပြီးပါပြီ၊ ဒီလို ဆုဖလား ကိုးခုရယူနိုင်တာ ကောင်းပါတယ်၊ ဒါပေမယ့် ဆယ်ခု ရယူနိုင်ရင်တော့ ပိုကောင်းပါလိမ့်မယ်"
"၀က်စ်ဟမ်းကနေ ပြောင်းလာတုန်းက၊ အခုလိုမျိုး အောင်မြင်မှုတွေ ရလိမ့်မယ်လို့ မမျှောင့်လင်ခဲ့ပါဘူး၊ ဒါပေမယ့် ချယ်လ်ဆီးဟာ အသင်းကြီးတစ်သင်းဖြစ်ပြီး၊ ဒါဟာ ကျွန်တော့်အတွက် ကြီးမားတဲ့ခြေလှမ်းတစ်ရပ်ဆိုတာ သိခဲ့ပါတယ်"
"အခုလို အောင်မြင်မှုတွေအတွက် အသင်းပိုင်ရှင်ကို ကျေးဇူးတင်ရပါမယ်၊ သူမရောက်ခင်နှစ်က အသင်းက ချန်ပီယံလိဂ်မှာ မအောင်မြင်ခဲ့ပါဘူး၊ သူရဲ့အသင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေက ခြားနားသွားစေခဲ့တာပါ"
"ကျွန်တော်တို့ ချန်ပီယံလိဂ်ဖလားရခဲ့ရင်တော့၊ ဒါဟာ အရမ်းဂုဏ်ယူဖို့ကောင်းပါလိမ့်မယ်၊ ဘေယန်မြူးနစ်ဟာ အသင်းကောင်းတစ်သင်းပါ၊ သူတို့ ရီးရဲလ်နဲ့ ကစားခဲ့တဲ့ပွဲကို ကြည့်ခဲ့ပါတယ်"
"သတင်းတွေကတော့ ချန်ပီယံလိဂ်ဖလားကို ဘယ်သူရမယ်ဆိုတာနဲ့ပတ်သက်ပြီး၊ တော်တော် ပြောနေကြပါတယ်၊ ဒါပေမယ့် ဒီအဆင့်မှာ ဘယ်အသင်းမှ ပိုပြီးရေပန်းမစားပါဘူး"ဟု လမ်းပတ်က ပြောကြားခဲ့သည်။