BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Friday, July 13, 2012

အတ္တလန္တိတ် သမုဒ္ဒရာမှာ ပေါ်လာတဲ့ ကျွန်းကို အမေရိကန်ပိုင် သိမ်းပိုက်

အမေရိကန် ပြည်ထောင်စု၊ အရှေ့ဘက်ကမ်းရိုး တန်းနားက ဗာဂျီးနီးယားပြည်နယ် အနီးမှာ ပေါ်လာတဲ့ ကျွန်းကို အမေရိကန်အစိုးရက ပြည်သူပိုင်သဘာဝ ကျွန်းသစ်တောဆိုပြီး အခုအချိန်မှာ ကြေညာလိုက်ပါပြီ။ ဒီစီမံကိန်းအတွက် အစိုးရက ကန်ဒေါ်လာ ၆၆၇သန်း တောင်မှ အကုန်အကျခံပြီး သုံးစွဲထားလို့ အဲဒီ ကျွန်း ဟာ တောရိုင်းတိရစ္ဆာန်နဲ့ ငှက်တို့ရဲ့ ပျော်စံရာကျွန်းကြီး ဖြစ်နေပါပြီ။
အဲဒီကျွန်းဟာ စပေါ်လာတုန်းကတော့ ဧကပေါင်း ၁၁၀ဝလောက်သာ ကျယ်ဝန်းပြီး၊ အခု အချိန်မှာတော့ တဖြည်းဖြည်းနဲ့ ကြီးသထက်ကြီးပြီး၊ ကျယ်သထက်ကျယ်လာပါပြီ။ ဒီပုံစံအတိုင်းသာဆိုရင် တော့ ၂၀၂၇ ခုနှစ်အရောက်မှာ ဒီကျွန်းဟာ ဧက ၅၀ဝ မက ပိုမိုကြီးမားကျယ်ပြန့်လာမှာပါ။
 ကျော်မိုး ဟိန်း
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကစားသမား ဘ၀မှ အနားယူရန် စဉ်းစား နေသည့် အိုဝင်

မန်ယူ ကစားသမား ဟောင်း အိုဝင်သည် သင့်တော်သော ကလပ် အသင်းသစ် မတွေ့ရှိပါက ဘောလုံးကစားခြင်းမှ အနားယူရန် စဉ်းစားနေကြောင်း သိရသည်။ မန်ယူ အသင်းနှင့် လမ်းခွဲခဲသည့် အိုဝင်သည် အသင်းသစ် တစ်သင်းကို ရှာဖွေနေသော်လည်း ချန်ပီယံရှစ် ကလပ်များကသာ ကမ်းလှမ်းခဲ့ကြသောကြောင့် ယခုချိန်ထိ အသင်းသစ် ရှာဖွေ၍ မရရှိသေးပဲ ဖြစ်နေသည်။ ပရီးမီးယားလိဂ် ကလပ် အနည်းငယ်ကသာ စိတ်ဝင်စားခြင်း ခံနေရသည့် အိုဝင်သည် ဘောလုံးလောကမှ အနားယူဖွယ် ရှိနေသည်ဟု အရိပ်အမြွတ် ဖွင့်ဟ ပြောဆိုလာခဲ့သည်။ အသက် (၃၂)နှစ် အရွယ်ရှိ အိုဝင်မှ "အကယ်၍ အခွင့်အရေးကောင်း တစ်ချို့သာ ကျွန်တော့်ဆီကို မရောက်လာဘူး ဆိုရင် ရှိပါစေတော့၊ ဒီအခြေအနေမှာ ကျွန်တော် ကစားသမား ဘ၀ အတွက် တစ်စုံတစ်ခု ပြုလုပ်ရတော့မယ် ဆိုရင်လည်း ပျော်ပျော်ကြီး ပြုလုပ်မှာပါ"ဟု Twittet စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed