![]()
ဘယ်ကစားသမားမှ ယူရိုသန်း(၄၀)ဆိုတဲ့ ပမာဏနဲ့ မထိုက်တန်ပါဘူး (ဂျာဗီ မာတီနက်ဇ်)
မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာ စီးတီးနှင့် ဘာစီလိုနာတို့က ပစ်မှတ်ထားနေသော အက်သလီတစ် ဘီလ်ဘာအို အသင်း၏ စပိန်လူငယ် ကစားသမားက မည်သို့သော ကစားသမားမျိုးဖြစ်စေ၊ ယူရိုသန်း(၄၀)ဆိုသော ငွေကြေးပမာဏဖြင့် ထိုက်တန်ခြင်း မရှိကြောင်း ပြောကြားသွားခဲ့သည်။
အဆိုပါ စပိန်ကွင်းလယ်ကစားသမား လူငယ်လေးကို မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာ စီးတီးနှင့် ဘာစီလိုနာတို့ အပြိုင်ချိတ်ဆက်နေကြသည်။ အကယ်၍ ၎င်းအား ဘီလ်ဘာအို အသင်းက ယူရိုသန်း(၄၀) သတ်မှတ်လိုက်လျှင် မည်သို့ ခံစားရမည်နည်း? ဟု မီဒီယာများ မေးမြန်းခဲ့သည်ကို မာတီနက်ဇ်က -
"ဘယ်လိုကစားသမားမျိုးမဆို ဒီလောက်များပြားလွန်းတဲ့ ငွေကြေးပမာဏကြီးနဲ့ မထိုက်တန်ပါဘူး၊ ဒီငွေပမာဏကြီးကို ပါးစပ်က ထုတ်ပြောရင်တော့ အရမ်းလွယ်ပါတယ်၊ ဒါကကျွန်တော့်အမြင်ကို ပြောပြတာပါ၊ ကျွန်တော်အနေနဲ့ကတော့ ဘီလ်ဘာအိုမှာပျော်တယ်၊ အရမ်းလည်း ပေါ့ပေါ့ပါးပါး ရှိတယ်၊ ကျွန်တော့်ခေါင်းထဲမှာ ဘာအပြောင်းအရွေ့ ကိစ္စမှ မရှိပါဘူး" ဟု ထုတ်ဖော်ပြောကြား သွားခဲ့သည်။
|
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com