BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, May 31, 2012

မြန်မာကျောင်းသားများ အတွက် တစ်နှစ် အခမဲ့နေထိုင်ခွင့်ပေးမည့် UK တက္ကသိုလ်

မြန်မာကျောင်းသားများ အတွက် တစ်နှစ်အခမဲ့ နေထိုင်ခွင့်ပေးမည်ဟု UK တက္ကသိုလ် တစ်ခုမှ ကမ်းလှမ်းမြန်မာ ကျောင်းသား/ ကျောင်းသူများ အနေဖြင့် UK တွင် လာရောက် ပညာ သင်ကြားမည် ဆိုပါက တစ်နှစ် အခမဲ့ နေထိုင်ခွင့် ပေးမည်ဟု ဝေးလ်၏ နာမည်ကြီး တက္ကသိုလ် တစ်ခု ဖြစ်သော Glyndwr University မှ ကမ်းလှမ်းထားကြောင်း Crown Education ၏ ကြေညာချက် အရ သိ ရသည်။
မြန်မာနိုင်ငံမှ တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီးသော လူငယ်များမှာ ပထမ အဆင့် အဖြစ် Wales International Study Center ၌ Foundation အဆင့်ကို စတင် သင်ကြားကာ ပထမ နှစ်အား UK ရှိ တက္ကသိုလ် ၁၁ ခု တွင် ရွေးချယ် တက်ရောက်ခွင့် ရရှိ မည်ဖြစ်သည်။
အဆိုပါ တက္ကသိုလ် ၁၁ ခု အနက် Glyndwr University တွင် တက်ရောက်မည် ဆိုပါက တစ်နှစ် အခမဲ့ အဆောင် နေထိုင်ခွင့် ရရှိမည် ဖြစ်ကြောင်း Crown Education မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ သည်။
Crown Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်း က "နိုင်ငံတကာကျောင်းသားတွေ အတွက် ရွေးချယ် ပေးအပ်တဲ့ Glyndwr University ရဲ့ အစီအစဉ် တစ်ခု ပါ။ မြန်မာနိုင်ငံက ကျောင်းသား တွေအတွက် ကျောင်းဝင်ခွင့်ကိုက် ညီတဲ့ မည်သူမဆို တစ်နှစ်စာနေ ထိုင်ခွင့် အခမဲ့အတွက် ရာနှုန်း ပြည့်အာမခံပြီး ဆောင်ရွက် ပေးမှာ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းတက္ကသိုလ်တွင် အိုင် တီ၊ အင်ဂျင်နီယာနှင့် စီးပွားရေး ဆိုင်ရာ ဘာသာရပ်များ သင်ယူနိုင် ပြီး ပထမနှစ် အတွက် အဆောင် နေခွင့်မှာ အခမဲ့ ဖြစ်သောကြောင့် ကျောင်းလခပေါင် ၆,၉၀ဝ သာ ကုန်ကျမည်ဖြစ်သည်။ အသေးစိတ် အချက်အလက် များကို သိရှိလိုပါက Crown Education, Summit Parkview Hotel ဖုန်း-ဝ၉- ၇၃၂၇၃၂၇၇ နှင့် ဝ၉-၅၀၈၅၁၈၅ ထံသို့ ဆက်သွယ်စုံစမ်း မေးမြန်း နိုင်ကြောင်း သိရှိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

တောင်ကိုရီးယား နိုင်ငံရဲ့ ဆွန်းဒို မြို့ပြစီမံကိန်း

ကမ္ဘာ့စံပြ ဖြစ်လာမယ့် အဆင့်မြင့် နည်းပညာ မြို့တစ်မြို့မြို့ပြ အသစ် တွေကို ဖန်တီး တည်ဆောက် လာကြတယ်။ ယခုတင် ပြတဲ့ မြို့ပြ အသစ်ဟာ လက်စ မသတ်ရ သေးပေမယ့် လူဦးရေ ၂၀ဝ၀ဝ ခန့် နေထိုင် နေကြပြီလို့ ဆိုတယ်။ ဒါက အနောက်မြို့ပြတွေအတွက် နည်းပညာ အမြင့်မားဆုံး အိမ်ခြံမြေဈေးကွက် ဖြစ်လာလိမ့်မယ်။
ဆွန်းဒိုမြို့ပြရဲ့ လမ်းတွေဟာ ကန္တာရ ဆန်လွန်းတယ်။ ဒီမြို့ပြဟာ အနာဂတ် မြို့ပြ ဖြစ်တယ်။ ၂၀၁၂ နှောင်းပိုင်းမှာ နောက်ထပ်ရောက် ရှိလာမယ့် လူဦးရေ ၅၀ဝ၀ ထပ်ဆောင်းရင်တော့ ၂၇၀ဝ၀ ခန့် ရှိလာ လိမ့်မယ်။ ၂၀၁၅ မှာ လက်စသတ်မယ့် ကမ္ဘာ့အဆင့်အမြင့်ဆုံးမြို့တော် မှာ လူဦးရေ ၆၅၀ဝ၀ ရှိလာမယ်လို့ဆိုတယ်။ ဒီမြို့တော်ရဲ့ လမ်းတွေ၊ ဥယျာဉ်တွေနဲ့ မျှော်စင်တွေ တည်ဆောက်တဲ့ စိတ်ကူးဥာဏ်တွေ ကောင်းမွန် တယ်လို့ သုံးသပ်ကြတယ်။
၂.၄ စတုန်ရန်းမိုင် ဧရိယာပေါ်မှာ ဒီမြို့ပြအသစ်ကို တည်ဆောက် နေကြတယ်။ ဆိုးလ်မြို့တော်ရဲ့ အနောက်ဘက် ၃၅ မိုင်ခန့် ကွာဝေး တဲ့ ပစိဖိတ်သမုဒ္ဒရာထဲရှိ လူသားတွေ ဖန်တီးတဲ့ကျွန်းပေါ်မှာ တည်ဆောက် နေခြင်း ဖြစ်တယ်။ ဆိုးလ်မြို့တော်မှရှုမြင်နိုင်တဲ့ အဲဒီမြို့ပြမျိုးတွေဟာ အမေရိကန်နိုင်ငံမှာလည်း ပေါ်ထွက်လာလိမ့်မယ်။ လူသားမျိုးနွယ်တွေ ဟာ ပိုမိုအဆင့်မြင့်တဲ့ မြို့တော်တွေ လိုအပ်လာလိမ့်မယ်။
ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ကြီးရဲ့ ဟောကိန်းအရဆိုရင် ၂၀၅၀ ပြည့်နှစ်မှာ ကမ္ဘာ့ လူ ဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ မြို့တော်တွေမှာ နေထိုင်လိမ့်မယ်လို့ သိ ရှိရတယ်။ အဲဒီအချိန်မှာ ကမ္ဘာ့လူဦးရေ ၉.၂ ဘီလျံရှိတဲ့အနက် ၆.၄ ဘီလျံက မြို့ပြသားတွေ ဖြစ်လာမယ်။ လက်ရှိ အနေအထားမှာလည်း ကမ္ဘာ့လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်း ဟာ မြို့ပြတွေမှာ မှီတင်းနေထိုင်ကြတယ်။
တောင်ကိုရီးယား နိုင်ငံရဲ့ ဆွန်းဒို မြို့ပြစီမံကိန်းကို ၂၀ဝ၀ ပြည့်နှစ်မှာ စတင်ခဲ့တယ်။ အကြီးမား ဆုံး အိမ်ခြံမြေ တည်ဆောက်ရေး လုပ်ငန်းကြီးပဲ။ အမေရိကန် အိမ်၊ ခြံ၊ မြေ ကုမ္ပဏီကြီးရဲ့ ရင်းနှီးမြှုပ်နှံမှု အများစု ပါဝင်နေတယ်။ ဒီမြို့တော် မှာ လူသားချင်းမျှသာ ဆက်သွယ်နိုင်မှာ မဟုတ်ဘဲ အိမ်၊ ကား စသ ဖြင့် အရာဝတ္ထုတွေချင်း ချိတ်ဆက်ထားတဲ့ အင်တာနက်စနစ်တပ်ဆင် ထားတယ်။
ဒီမြို့တော်ရဲ့ လမ်းမကြီးတွေ၊ လမ်းသွယ်တွေနဲ့ အဆောက် အဦတွေမှာ အာရုံခံကိရိယာတွေ တပ်ဆင်ထားတယ်။ အဲဒီအာရုံခံကိရိယာ တွေက ပေးပို့တဲ့ဒေတာတွေကို ဗဟိုထိန်းချုပ်ရေးဌာနမှ လက်ခံရယူပြီး ဒီမြို့တော်ရဲ့လမ်း၊ အဆောက်အဦ၊ ယာဉ်ကြောဆိုင်ရာ ပြဿနာတွေကို ရှင်းလင်းပေးမယ်။ မြို့တွင်းမြို့ပြင် အပူချိန်ကိုလည်း ရယူစုဆောင်းပြီး အမြဲလေ့လာဆန်းစစ်သမှု ပြုနေလိမ့်မယ်။
လမ်းတွေမှာ တပ်ဆင်ထားတဲ့ ကင်မရာတွေကလည်း လမ်းဘေးပလက်ဖောင်းပေါ်မှာ လမ်းလျှောက်သူ၊ စက်ဘီးစီးသူ ဘယ်လောက် ရှိတယ်ဆိုတာကို မှတ်တမ်း ရယူပြီး လူအသွားအလာ မရှိတဲ့လမ်းတွေက ဓာတ်မီးတိုင်တွေလို မှိန်ပျပျသာလင်းစေမယ်။ လူသွားအလာများ တဲ့လမ်း တွေကိုတော့ ပိုပြီး တောက်ပ လင်းလက် နေအောင် မြှင့်တင်ပေးလိမ့်မယ်။ ယနေ့မြို့ပြတိုင်းမှာတွေ့ကြုံနေရတဲ့ ယာဉ်ကြောပိတ်ဆို့တဲ့ ပြဿနာကို ဖြေရှင်းနိုင်တဲ့တီထွင်ဆန်းသစ်တဲ့ နည်းလမ်းဖြင့် မြို့ပြကို ပုံစံဒီဇိုင်းဖော် တည်ဆောက်ထားတယ်။
ရေဒီယိုကြိမ်နှုန်းသုံး ခွဲခြားစိစစ်ကိရိယာ (RFID) က မော်တော်ယာဉ် တိုင်းရဲ့ နံပါတ်ပြားတွေနဲ့ ချိတ်ဆက်ထားတယ်။ ဆွန်းဒိုမြို့တော်ရဲ့ အဓိကကျတဲ့ အရာတိုင်းကို အဆင့်မြင့်နည်းပညာနဲ့ ချိတ်ဆက်တည် ဆောက်ထားခြင်းဟာ ထင်ရှားတဲ့ အစိတ်အပိုင်းတစ်ခု အဖြစ် ထင်သာ မြင်သာရှိတယ်။ သဘာဝပတ်ဝန်းကျင်ကို အနည်းငယ်မျှသာ ထိခိုက် စေပြီး မြို့ပြတည်ဆောက်တဲ့ နည်းလမ်းသစ်ကို အသုံးပြုခြင်း ဖြစ်တယ်။
လူသားတွေ လိုအပ်တဲ့ အရေးအကြီးဆုံးလည်းဖြစ် အခြေခံ အကျဆုံး လည်းဖြစ်တဲ့ သဘာဝအရင်းအမြစ် ကတော့ ရေပါပဲ။ ၂၀ဝ၆ ခုနှစ်မှာ ထုတ်ပြန်တဲ့ ကမ္ဘာ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာအရ အမေရိကန်မြို့ပြတွေရှိ လူတိုင်းဟာ နေ့စဉ်ရေပမာဏ ၅၇၅ လီတာ အသုံးပြုနေတယ်လို့ သိရတယ်။ ဒါကြောင့် မြို့ပြတိုင်းဟာ ရေအရင်း အမြစ်တွေကို ထုတ်ယူသုံးစွဲကြလိမ့်မယ်။ ဒါပေမဲ့ ဆွန်းဒိုမြို့တော်မှာ တော့ မိုးရေသိုလှောင်တဲ့စနစ်၊ စွန့်ပစ်ရေ ပြန်လည်သန့်ရှင်းအသုံးပြု ရေးစနစ်တွေ ဖန်တီး ထားတာကြောင့် လက်ရှိမြို့ပြသားတွေရဲ့ရေ အသုံးပြု မှုပမာဏရဲ့ ၁၀ ပုံ ၁ပုံမျှသာရှိလိမ့်မယ်။
အမိုးတွေပေါ်မှာ ဟင်းသီးဟင်းရွက် စိုက်ခင်းတွေ ထားရှိတာကြောင့် အမိုးပေါ်ကျတဲ့ ရေတွေကို အလဟဿ မဖြစ်စေတော့ဘူး။ ဒီစိုက်ခင်းတွေက နေရောင်ခြည်ရဲ့ အပူဓာတ်ကို စုပ်ယူထားတာကြောင့် ပတ်ဝန်းကျင်ကို အေးမြနေစေတယ်။ ဒီမြို့တော်ရဲ့ စွန့်ပစ်ပစ္စည်းအစိုနဲ့ အခြောက်နှစ်မျိုးစလုံးကို တိုက်ရိုက်စွန့်ပစ်ဖျက်ဆီးတဲ့ နည်းစနစ်ဖန်တီးထားတာကြောင့် မော်တော်ယာဉ်တွေနဲ့ သယ်ယူစွန့် ပစ်စရာမလိုအပ်တော့ဘူး။
ဒီမြို့တော် တည်ဆောက်တဲ့ တီထွင်ဆန်းသစ်မှုတွေဟာ အဆင့် မြင့်မြို့တော် တည်ဆောက်ရေး အတွက် အသုံးဝင်တာ မှန်ပေမယ့်အမှန်တ ကယ် ဆန်းသစ် ကွဲပြားပြီ လို့တော့ မပြောနိုင်သေးဘူး။ ယနေ့ကမ္ဘာမှာ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ မြို့ပြသစ်တည်ဆောက်ရေးတွေစတင်လှုပ်ရှား လာကြပြီ။ အထူးသဖြင့် ဥရောပနဲ့ မြောက်အမေရိက တို့မှာ ထွန်းကားနေ တယ်။
တခြားမြို့ပြတွေမှာလည်း လျှပ်စစ်စွမ်းအင်ထောက်ပံ့မှုနဲ့ အသုံးပြုမှု ဆိုင်ရာ သတင်းအချက်ကို ရယူဖြန့်ဖြူးတဲ့ လျှပ်စစ်လိုင်းပုံစံတွေဖန်တီးထား တဲ့ အခြေခံအဆောက်အဦတွေ ခင်းကျင်းထားကြပြီ ဖြစ်တယ်။ အစ္စရေးအခြေစိုက် ကုမ္ပဏီတစ်ခုကလည်း ကားလမ်းအောက်မှာကိရိယာငယ်တွေ တပ်ဆင်ထားပြီး လျှပ်စစ်ဓာတ်ထုတ်ယူတဲ့ ပုံစံဒီဇိုင်း ရေးဆွဲထားတဲ့ မြို့ပြစနစ်ကို တင်ပြခဲ့တယ်။ မော်တော်ကား မောင်းတဲ့ လမ်းတစ်လျှောက်မှာ မော်တော်ကားရဲ့ ကတ္တရာလမ်းမအပေါ်သက်ရောက် တဲ့ ဖိအားကို အသုံးပြုပြီး လျှပ်စစ်ထုတ်ယူတဲ့ နည်းပါပဲ။
အဲဒီလျှပ်စစ် ကို ဘက်ထရီနဲ့ သိုလှောင်ပြီး ပင်မဓာတ်အားလိုင်းတွေထဲ ပြန်လည် ဖြည့်တင်းပေးတဲ့ စနစ်ဖြစ်တယ်။ လက်ရှိမှာတော့ ရထားလမ်းကွန်ရက် တွေမှာ ဒီကိရိယာတွေအသုံးပြုပြီး စမ်းသပ်လေ့လာနေတယ်။ မြေအောက် မီးရထားလမ်းတွေနဲ့ မျက်နှာကြက်နဲ့ နံရံတွေမှာ တာဘိုင်အငယ်စားလေး တွေကို ချိတ်ဆက်တပ်ဆင်ထားတဲ့ ကွန်ရက်ကိုအသုံးပြုပြီး စမ်းသပ်မှုတွေ လည်း ရှိတယ်။
ဒါကြောင့် အနာဂတ်မြို့ပြတွေကို ဘယ်လိုတည်ဆောက်သင့်သလဲ ဆိုတာကို အဖြေရှာနေကြတယ်။ ဆွန်းဒိုကဲ့သို့ မြို့တော်တွေ တည် ဆောက်တဲ့ အခါမှာ နည်းပညာသစ်တွေကို အသုံးပြုနိုင်ရေးဟာ အဓိက ကျတယ်။ ဒီမြို့တော်တွေဟာ မြို့ပြအဆင့်ကို အံ့ဩဖွယ်မြှင့်တင်ပေး နိုင်မှာဖြစ်ပြီး အနာဂတ်မှာ သက်ရောက်လာမယ့် ဆိုးကျိုးတွေကိုလည်း ကာကွယ်သမှု ပြုလိမ့်မယ်။
ဥရောပမြို့တော်တွေမှာလည်း ပိုမိုသက် သောင့်သက်သာရှိတဲ့ အဆင့်မြင့် မြို့ပြတွေအဖြစ် ဖန်တီးနေကြတယ်။ အမ်စတာဒမ်မြို့တော်ကို ဥပမာပြု တင်ပြနိုင်ပါတယ်။ ဒီမြို့တော်က လည်ပတ်နေတဲ့လုပ်ငန်းတွေနဲ့ အုပ်ချုပ်သူတွေက စွမ်းအင်လုံလောက်မှုကို အားထုတ်ကြိုးပမ်းကြတယ်။ မြို့ပြနည်းပညာသစ်ကို အသုံးပြုပြီး မြို့ပြ သားတွေရဲ့ ပြုမူလှုပ်ရှားမှုကို ပြောင်းလဲပစ်ခြင်းဖြင့် စွမ်းအင်အသုံးပြုမှု သက်သာအောင် ကြံဆကြတယ်။
အဓိကအချက်ကတော့ ကာဗွန်ဒိုင် အောက်ဆိုက် ထုတ်လုပ်မှုကို လျှော့ချရေးပဲ။ ၂၀၂၅ ခုနှစ်မှာတော့ ၁၉၉၀ ပြည့်နှစ် ကာဗွန်ထုတ်လုပ်မှု ပမာဏရဲ့ ၄၀ ရာခိုင်နှုန်း လျှော့ချနိုင်ဖို့ ရည်ရွယ်ထားတယ်။ ဒီလို နည်းပညာသစ်တွေ အသုံးပြုဖန်တီးတဲ့ မြို့ပြသစ်တွေဟာ လူသားတွေအတွက် အကျိုးရှိနိုင်လိမ့်မယ်။ ဒါပေမဲ့ နည်းပညာကို ဇောင်း ပေးထားတာကြောင့် လူမှုရေးဆိုင်ရာ ကိစ္စတွေမှာ ထိခိုက်မှုရှိမလားဆိုတာ ကိုလည်း သုံးသပ်ကြတယ်။
ဒါပေမဲ့ ဒီမြို့ပြသစ်တွေ ပေါ်ထွန်းလာမှာတော့ သေချာတယ်။ တရုတ်နဲ့ အိန္ဒိယမှာလည်း ဆွန်းဒိုလို မြို့ပြသစ် ၂၀ တည်ဆောက်မယ်လို့ ဆိုတယ်။ ပိုမိုကောင်းမွန်ပြီး ပိုမို လျင်မြန်တဲ့အပြင် ကုန်ကျစရိတ်လည်း သက်သာတဲ့ နည်းစနစ်တွေကို နောက်ပိုင်းမှာ ပိုမို အသုံးပြုလာနိုင်မယ်လို့ မျှော်လင့်ရတယ်။ ကမ္ဘာ့လူဦးရေတိုးပွားလာတာ နဲ့အမျှ မြို့ပြသစ်တွေ တိုးပွားလာခြင်းကြောင့် ကမ္ဘာမြေကို ထိခိုက်မှုနည်းတဲ့ နည်းနာသစ်တွေ အသုံးပြုပြီး သဘာဝပတ်ဝန်းကျင်ကို သာယာလှပအောင် ဖန်တီးနိုင်ကြမှာ မလွဲပေဘူး။
ဆောင်းပါးရှင် - ခင်မောင်ဇော်
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Google က Motorola Mobility ကို အပြီးသတ် ငွေချေ

Google က Motorola Mobility ကို အပြီးသတ် ငွေချေGoogle သည် Motorola Mobility ကို ဒေါ်လာ ၁၂.၅ ဘီလျံ ဖြင့် ငွေချေ ဝယ်ယူ ခဲ့ကြောင်း သိရှိရ သည်။ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်း၌ ထိပ်ဆုံးမှ ရှေ့ဆောင် နေသည့် Google အတွက် စိန်ခေါ်မှု အသစ်များ ရှိလာခြင်း ကြောင့် ယခု ကဲ့သို့ ဝယ်ယူခြင်းဖြစ်သည်။
၎င်း၏ ၁၄ နှစ်တာသမိုင်း ကြောင်း၌ ဈေးအကြီးဆုံးနှင့် စွန့် စားမှု အပြုရဆုံး ဖြစ်သည့် ဟာ့ဒ်ဝဲ လုပ်ငန်း တိုးချဲ့ရေး အတွက် ပြင်ဆင်နေ ကြောင်း Google မှ ကြေညာပြီးနောက် ၉လအကြာ၌ ယခုကဲ့သို့ ဝယ်ယူ ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဝယ်ယူခြင်းဖြင့် Google ကို ဆဲလ်ဖုန်း လုပ်ငန်း၌ ပိုမို နက်ရှိုင်းစွာ ဆောင်ရွက်နိုင်မည် ဟုဆိုသည်။ ၄င်း၏ အဓိက ယှဉ်ပြိုင်ဘက် ဖြစ်သည့် Apple ၏ iPhone ၌ အသုံးပြုသည့် Android ဆော့ဖ်ဝဲလ် ကို ပွဲဦး ထွက်လွှင့်တင်ပြီး လွန်ခဲ့ သည့် ၄ နှစ်ခန့်မှစတင်၍ ဈေး ကွက် အတွင်းသို့ ဝင်ရောက်ခဲ့ သည်။
Google သည် Motorola အကူအညီဖြင့် မကြာမီနှစ်အနည်း ငယ်အတွင်းမှ စတင်ပြီး ဆဲလ်ဖုန်း ရှေ့ဆောင်ဖြစ်ရန် ထိုးဖောက်ခဲ့ သည်။ Motorola သည် ၂၀ဝ၅ခုနှစ်၌ Razr ဆဲလ်ဖုန်းကို ထုတ်လုပ် ခဲ့သော်လည်း ဈေးကွက်၌ ထိုး ဖောက်နိုင်စွမ်း မရှိခဲ့ချေ။
တစ်ချိန်က ဆဲလ်ဖုန်း ထုတ်လုပ်ရေး လုပ်ငန်း၌ နံပတ် ၂ ကုမ္ပဏီကြီးဖြစ်သည့် Motorola သည် ကမ္ဘာ့ဈေးကွက် အစုရှယ်ယာ၏ ၂ ရာခိုင်နှုန်းမျှသာ ရရှိခဲ့သည်။ အွန်လိုင်း ကြော်ငြာ လုပ်ငန်းသည် ဟာ့ဒ်ဝဲလ် လုပ်ငန်းနှင့် လုံးဝ ကွဲပြားခြားနား ခြင်းကြောင့် google ၏ ယခုစွန့်စား ခန်းကို စိုးရိမ် မကင်းဖြစ်မိကြောင်း အကဲခတ် များက ပြောကြားခဲ့ သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed