BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Showing posts with label မြန်မာသတင်း. Show all posts
Showing posts with label မြန်မာသတင်း. Show all posts

Wednesday, September 11, 2013

ဒေါ်အောင်ဆန်းစုကြည် ဥရောပ ခရီးစဉ် စတင်

ချက်သမ္မတ နိုင်ငံတွင် ကျင်းပမည့် ဒီမိုကရေစီ ကူးပြောင်းသော နိုင်ငံများ အရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ ရှစ်ရက်ကြာ ခရီးစဉ်ကို စက်တင်ဘာ ၁ဝ ရက် ည ၇နာရီ မိနစ် ၃ဝ အချိန်တွင် စတင်ကြောင်း အဆိုပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက The Voice သို့ ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ ခရီးစဉ် အတွင်း ပိုလန်နိုင်ငံ၊ ဟန်ဂေရီနိုင်ငံ၊ ချက်နိုင်ငံတို့သို့ သွားရောက်မည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။
အဆိုပါခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၁ ရက် နေ့တွင် ပိုလန် အောက်လွှတ်တော်ဥက္ကဋ္ဌ Ms Ewa Kopcz ၊ ပိုလန်နိုင်ငံ ဆီးနိတ်လွှတ်တော် ဥက္ကဋ္ဌ Mr.Bogdan Borusewicz တို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး စက်တင်ဘာလ ၁၂ ရက်နေ့တွင် ပိုလန်သမ္မတ Bronislaw Komoroski နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့တို့နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရှိရသည်။
စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဟန်ဂေရီသမ္မတ Jonas Ader၊ ဟန်ဂေရီ အောက်လွှတ်တော်ဥက္ကဋ္ဌ၊ အထက်လွှတ်တော် ဥက္ကဋ္ဌနှင့် ဟန်ဂေရီတက္ကသိုလ် များမှ နိုင်ငံရေးသိပ္ပံ ပညာရှင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း NLD ပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယင်းခရီးစဉ် အတွင်း နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် တောင်အာဖရိက သမ္မတဟောင်း ဝီလျံဒီကလပ် နှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း NLD ပါတီခေါင်းဆောင်များက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ချက်နိုင်ငံတွင် ကျင်းပမည့် ဒီမိုကရေစီ အသွင်ကူးပြောင်းသော နိုင်ငံများ အရေး Forum 2000 ဆွေးနွေးပွဲတွင် ချက်သမ္မတနိုင်ငံ သမ္မတ Mr.Milos Zeman နှင့်အတူ မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း အဆိုပါ ဖိုရမ်ကျင်းပရေး အဖွဲ့က ထုတ်ပြန်ထားသည်။ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၃ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ တို့သို့ သွားရောက်ခဲ့သည်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, July 17, 2013

အလောင်းမင်း တရားကြီး၏ ရွှေစာချွန်လွှာ မြန်မာနိုင်ငံသို့ ပြန်လွှဲပေး ရန် ဂျာမနီအစိုးရ လုပ်ဆောင်နေ

ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့ရှိ Leibniz စာကြည့်တိုက်တွင် နှစ်ပေါင်း ၂၅ဝ ခန့် ထိန်းသိမ်း ထားသော အလောင်းမင်း တရားကြီး၏ ရွှေစာချွန်လွှာ အား မြန်မာနိုင်ငံ သို့ ပြန်လည် လွှဲပြောင်းပေးရန် လုပ် ဆောင်ေ နပြီး နေပြည်တော်ရှိ ဆောက် လုပ်ဆဲ အမျိုးသားပြတိုက်ဖွင့်ပွဲ အမီ လွှဲပြောင်းပေးနိုင်လိမ့်မည်ဟု ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ကော်နယ်လီယာ ပိုက်ပါက ပြောသည်။

''ဒီရွှေပေလွှာကို ပြန်လည်လွှဲ ပြောင်းပေးဖို့ ကျွန်မတို့ လုပ်နိုင်တာ အကုန်လုံး လုပ်ပြီးသွားပြီ'' ဟု အထက် ပါ ဝန်ကြီးက ဆိုသည်။ ကုန်းဘောင်မင်းဆက် တည် ထောင်သူ အလောင်းမင်းတရားကြီး ဦး အောင်ဇေယျက ၁၇၅၆ ခုနှစ်တွင် ဗြိ တိန်အင်ပါယာပြည့်ရှင် ဒုတိယမြောက် ဂျော့ခ်ျဘုရင်ထံသို့ ပုသိမ်မြို့တွင် ဆိပ် ကမ်းဖွင့်ခွင့်ပြု မည့်အကြောင်း ရွှေသား အတိပြီးသော စာချွန်တော် ပေးပို့ခဲ့သည်။ အဆိုပါ ရွှေစာချွန်လွှာအား ဂျော့ခ်ျ ဘုရင်က ၄င်း၏ မွေးရပ်ဇာတိ ဖြစ်သော ဟန်နိုဗာမြို့Leibniz စာကြည့်တိုက်သို့ ပေးပို့၍ သိမ်းဆည်း ထားစေ ခဲ့သည်ဟု သိရသည်။
သို့ရာတွင် မူရင်းရွှေစာချွန်လွှာကို ပြန်လည်လွှဲအပ် ပေးနိုင်ခြင်း ရှိ၊ မရှိ သည် ဟန်နိုဗာပြည်နယ် အစိုးရနှင့် စာကြည့်တိုက်၏ သဘောထားအပေါ် တွင် မူတည်သည်ဟု ကော်နယ်လီယာ ပိုက်ပါက ဆိုသည်။ ''မူရင်းကို ပြန်ပေးနိုင်၊ မပေးနိုင် ကတော့ ကျွန်မတို့ ပြည်ထောင်စု အစိုး ရရဲ့ လုပ်ပိုင်ခွင့်ထဲမှာ မရှိပါဘူး'' ဟု သူမက ပြောသည်။ ရွှေစာချွန်လွှာမူရင်းကိုဖြစ်စေ၊ သိပ္ပံ နည်းကျပြုလုပ်မည့် မိတ္တူ ကိုဖြစ်စေ နေ ပြည်တော်တွင် ဆောက်လုပ်လျက်ရှိ သော အမျိုးသားပြတိုက် ဖွင့်ပွဲအမီ ပေး ပို့နိုင်မည်ဟု မျှော်လင့်ထားကြောင်း သူ မက ပြောသည်။
ယခုကဲ့သို့ အလောင်းမင်းတရား ၏ ၁၈ ရာစု ရှေးဟောင်းလက်ရာ ကို ပြန်လွှဲပေးရေးသည် ဂျာမနီနှင့် မြန်မာ နှစ်နိုင်ငံကြား စာပေနှင့် ယဉ်ကျေးမှု ဖလှယ်ရေး တစ်စိတ်တစ်ပိုင်း ဖြစ်သည် ဟု သိရသည်။ ''ကျွန်မတို့ မနေ့က (ဇူလိုင်လ ၁၅ ရက်) မြန်မာအစိုးရနဲ့ သဘောတူညီ ချက်တစ်ခု လက်မှတ်ရေးထိုးခဲ့ပါတယ်။ စာပေ၊ ယဉ်ကျေးမှုတွေ အပြန် အလှန် ဖလှယ်ဖို့နဲ့ Goethe Institute ကို ရန် ကုန်မှာ ဖွင့်ဖို့တို့ ပါပါတယ်'' ဟု သူမက ပြောသည်။
ဂျာမနီစိုးရသည် ရန်ကုန်မြို့မှ Goethe Institute ကို ၁၉၆၅ ခုနှစ်တွင် ပိတ်ခဲ့ပြီး ယခုအခါ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ ''ဦးနေဝင်း လက်ထက်မှာ ကျွန် တော်တို့ ဘာမှ လုပ်လို့မရခဲ့လို့ ပိတ်ခဲ့ ရတာပါ။ အခု ရုံးကိုတော့ ၂ဝ၁၄ ခုနှစ်အစောပိုင်းမှာ ဖွင့်မှာပါ မတ်လ မ တိုင်မီပေါ့'' ဟု Goethe Institute ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာKlaus Dieter Lehmann က ပြောသည်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, June 25, 2013

ကမ္ဘာတွင် အရပ်အရှည်ဆုံး ဖြစ်နိုင်သူ မြန်မာနိုင်ငံတွင် တွေ့ရှိ

ကမ္ဘာတွင် အရပ် အရှည်ဆုံးသူ ဖြစ်နိုင်သော အရပ် ၈ ပေ ၄ လက်မ အမြင့်ရှိ အသက် ၃၆ နှစ် အရွယ် အမျိုးသား တစ်ဦးကို များမကြာမီက မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့သည်တွေ့ရှိခဲ့သူမှာ အသက် ၃၆ နှစ်အရွယ် ကိုဝင်းဇော်ဦး ဖြစ်ကြောင်း Myanmar News Now က ဓါတ်ပုံနှင့် တကွ သတင်း ဖေါ်ပြသည်။

ကိုဝင်းဇော်ဦး၏ ဇာတိမှာ မကွေးတိုင်း၊ နတ်မောက်မြို့နယ် ထုံးပေါက်ချိုင် ကျေးရွာဖြစ်ပြီး မိဘများမှာ ဦးအောင်လှနှင့် ဒေါ်မောက်တင်တို့ ဖြစ်ကြသည်။ ထုံးပေါက်ချိုင်ကျေးရွာသည် နတ်မောက်မြို့မှ ၁၅ မိုင်ခန့် ဝေးကြောင်း ဆိုသည်။
ကိုဝင်းဇော်ဦးသည် ၁၉၈၈ ခုနှစ်က လေးတန်းမှ ကျောင်းထွက်ပြီး မိဘများ စီးပွားရေး အဆင်မပြေသဖြင့် အသက် ၁၅ နှစ် အရွယ်တွင် ရန်ကုန်သို့ အလုပ်လုပ်ရန် သွားခဲ့ကြောင်း၊ ရန်ကုန် လသာမြို့ နယ်၂၄လမ်းမှာရှိတဲ့ ဒိန်ချဉ်ဆိုင်မှာ အလုပ်ဝင်လုပ်ခဲ့ကြောင်း၊ ထိုအချိန်က သူ့အရပ်မှာ ပုံမှန် အတိုင်း ရှိခဲ့ကြောင်း၊ သူ၏ ထူးခြားမူမှာ ဒိန်ချဉ်ကြိုက်ပြီး နွားနို့ အလွန်အကျွံသောက်ကြောင်း၊ အသက်(၁၈)နှစ် အရွယ်တွင် ရန်ကုန်မှ မိမိကျေးရွာ ထုံးပေါက်ချိုင်သို့ ပြန်ခဲ့ကြောင်း၊ ထိုအချိန်ကစပြီး နောက်ပိုင်းတွင် တစတစဖြင့် တနှစ်ထက် တနှစ် ခန္ဓာကိုယ်ကြီးလာကာ အရပ်မှာ မြင့်တက်လာခဲ့ကြောင်း၊ ယခု အသက်ု(၃၆) နှစ်အထိ ဆက်လက် မြင့်တက်နေကြောင်း ကိုဝင်းဇော်ဦးကို ကိုးကားပြီး သတင်းတွင် ဖေါ်ပြသည်။
ယခင်နှစ်က ရှစ်ပေတစ်လက်မရှိခဲ့သော ကိုဝင်းဇော်ဦးမှာ ယခုအခါ ရှစ်ပေလေး လက်မ ရှိကြောင်း သိရသည်။
သူကရှက်တတ်သူ ဖြစ်ကြောင်း၊ အစားအသောက်မှာ ပုံမှန်ဖြစ်ကြောင်း၊ ကွမ်းယာကိုကြိုက်ကြောင်း၊ အဝတ်အစားတွင် ပုဆိုးက ကွင်းကျဉ်းနေပြီး တိုနေသော်လည်း ဖြစ်သလိုဝတ်ကြာင်း၊ အင်္ကျီကိုတော့ အဝတ်စဝယ်ပြီး ဦးလေးဖြစ်သူက တိုင်းထွာပြီးချုပ်ပေးကြောင်း၊ အမေအို အဖေအိုများနှင့် အတူ နေထိုင်နေကြောင်း သတင်းတွင် ဖေါ်ပြသည်။
ကျန်းမာရေးနှင့် ပါတ်သက်၍ ရောဂါလက္ခဏာမတွေ့ ရကြောင်း၊ အခုအထိလည်းမျက်စေ့ မှုံ ခြင်းမရှိသေးကြောင်း၊ သိုသော်လည်း ဖိနပ်အခက်အခဲကြောင့် မစီးရသည့်အတွက် ခြေထောက်က ကြာရှည် မထောက်နိုင်တော့သည့် အပြင် ကြီးထွားလာသည့်ခန္ဓာကိုယ်ကြီးကို သယ်ရသည့် ဒုက္ခဖြစ်နေကြောင်း၊ သို့အတွက် မည်သည့်နေရာကိုမှလည်း မသွားချင်တော့ကြောင်း ကိုဝင်းဇော်ဦးက ပြောသည်ဟု ဆိုသည်။
ယခု လက်ရှိ ကမ္ဘာတွင် ဂရင်းနစ် စာရင်းဝင် အရပ် အရှည်ဆုံးသူမှာ တူရကီနိုင်ငံမှ Sultan Kösen ဖြစ်ပြီး အရပ် ၈ ပေ ၂ လက်မသာရှိသဖြင့် ကိုဝင်းဇော်ဦးမှာ ကမ္ဘာတွင် အရပ်ရှည်ဆုံးသူ အဖြစ် ဂရင်းနစ် မှတ်တမ်းဝင်နိုင်သူ ဖြစ်နိုင်ကြောင်း သတင်းများ ရရှိသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, June 23, 2013

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် မြန်မာ ဆု သုံးဆုရ

မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် ကျင်းပခဲ့သော လူ့အခွင့် အရေး လူ့ ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင် ပွဲတော် ဆုပေးပွဲကို ရန်ကုန်မြို့ ကုန်သည်ကြီး များ ဟိုတယ်တွင် ဇွန်လ ၁၉ ရက်နေ့ ညနေ၅နာရီ အချိန်တွင် ပြုလုပ် ခဲ့ရာ ပေးအပ်သော ဆုလေးဆု အနက် 'မတ် ၁၃ ဆု' ၊ 'မင်းကိုနိုင်ဆု'နှင့် 'ဒေါ်အောင်ဆန်းစုကြည်ဆု' တို့ကို မြန်မာနိုင်ငံမှ လူငယ်များ ရရှိ ခဲ့ကြသည်။
လူ့အခွင့်ရေး လူ့ဂုဏ် သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် တွင်၏ အဓိကဆု သုံးဆု ဖြစ်သော မတ် ၁၃ ဆုကို စစ်တုရင် ကာတွန်း ဇာတ်လမ်း တိုဖြင့် Animation ရုပ်ရှင် တစ်ခု ဖန်တီးသူ မောင်စွမ်း သူရထွန်းက ရရှိပြီး မင်းကိုနိုင် ဆုကို White and Green ဇာတ်လမ်း တိုဖြင့် လူငယ်ငါးဦး ဖွဲ့စည်း ထားသော Myanmar Treasure Media ကရရှိ၍ မြန်မာနိုင်ငံမှ ချီးမြှင့်သော ဒေါ်အောင်ဆန်းစုကြည် ဆုကို ၈၈ လှုပ်ရှား မှုဖြင့် ထောင် ၃၆နှစ် ကျခဲ့သော ကျောင်းသားဟောင်း ဆန်းဇော်ထွေး အကြောင်း ဖော်ပြ ထားသော Survival in Prison ဇာတ်လမ်းဖြင့် ဒါရိုက်တာ ရီနန်းထိုက်က ရရှိခဲ့သည်။
ထို့နောက် NBC(Norwegian Burma Committee)က ပေး အပ်သော ဒေါ်အောင်ဆန်းစုကြည်ဆုကို အင်ဒိုနီးရှားနိုင်ငံမှ The art of killing ဇာတ်ကားဖြင့် Joshua Oppenheimer တို့က ရရှိခဲ့သည်။ "ဆုရတဲ့ သူတွေ အကုန်လုံးက လူငယ်တွေဖြစ်နေတာ သတိထားမိတယ်။ အဲဒီအတွက် ပိုပြီးကျေနပ်တယ်။ ဒီမှာပြသွားတဲ့ Animation တစ်ခုဆိုရင် ကလေးကအစ သိနိုင်အောင်လို့ ပြသွားတဲ့ လူငယ်လေးတွေကို ချီးကျူး ချင်ပါတယ်။
အဲလိုမျိုး တက်သစ်စ လူငယ်တွေက နောင်တစ်ချိန်မှာ ကိုယ့်နိုင်ငံကို ရုပ်ရှင်ပညာဆိုတဲ့ ပညာရပ်တစ်ခုနဲ့ လေ့လာနိုင်တာတွေ့ရ လို့ လေးစားပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ယင်းရုပ်ရှင် ပွဲတော်တွင် ပြည်တွင်းမှ ဇာတ်ကားပေါင်း ၂၁ ကားနှင့် ပြည်ပမှ ဇာတ်ကားပေါင်း၂၂ကား ပါဝင် ယှဉ်ပြိုင်ခဲ့ကြရာ ပြည်တွင်းမှ ဝင်ရောက် ယှဉ်ပြိုင်သည့် ဇာတ်ကားများကို ဒိုင်များအဖြစ် ဦးမင်းကိုနိုင်၊ ဦးမင်းထင် ကိုကိုကြီး၊ ဒေါ်ဆွေဇင်ထိုက်တို့က တာဝန်ယူပြီး ပြည်ပမှ ပေးပို့သော ဇာတ်ကားများကို Ally Derks၊ Igor Blazevic နှင့် ဒေါ်ဆွေဇင်ထိုက်တို့က ဒိုင်များအဖြစ် တာဝန်ယူခဲ့ကြောင်း လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာနှင့် နိုင်ငံ တကာ ရုပ်ရှင် ဖြစ်မြောက်ရေးမှ လက်ထောက် မန်နေဂျာ ဒေါ်မွန်မွန်မြတ် က ပြောကြားသည်။
"အခုလို ဆုရတဲ့အတွက် ပြောမပြတတ်အောင် ဝမ်းသာပါတယ်။ ဒီဆုရရမယ် လို့လည်း မမျှော်လင့်ပါဘူး။ ဒီထဲမှာ ကျွန်တော် အမေရိကန်သမ္မတ အိုဘားမား ပြောထားတဲ့ စကားလေး တစ်ခွန်း ထည့်ထားပါတယ်။ အခုလိုဒေါ်အောင်ဆန်းစုကြည် ဆုရတဲ့အတွက် ဝမ်းသာပါတယ်" ဟု ဒါရိုက်တာ ရီနန်းထိုက်က ဆိုသည်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, June 13, 2013

မြန်မာကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ခြင်းနှင့် အင်တာနက် ဆက်ကြောင်းသစ် ချိတ်ဆက်ရေး ဆောင်ရွက်မည်

မန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း လိုင်စင်ရရှိရန် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်နေသည့် စင်ကာပူ ဆက်သွယ်ရေးကုမ္ပဏီ SingTel က မြန်မာနိုင်ငံ အတွက် ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရေးနှင့် အပြည်ပြည်ဆိုင်ရာ အင်တာနက် ဆက်ကြောင်းသစ် ချိတ်ဆက်ခြင်း လုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ အမှုဆောင် အရာရှိချုပ် Mr. Mark Chongက ပြောကြားသည်။
ယခုအခါ ဂြိုဟ်တု လွှတ်တင်ရေး ရှေ့ပြေး လေ့လာ ဆန်းစစ်မှုများ ပြုလုပ်နေ ပြီး မြန်မာအစိုးရ ကိုလည်း ပူးပေါင်း ပါဝင်ရန် ကမ်းလှမ်း ထားကြောင်း၊ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လမ်းကြောင်း သစ်အဖြစ် အင်တာနက် ဆက်ကြောင်းသစ် SE-ME-WE 5 ကေဘယ်လ်နှင့် ချိတ်ဆက်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
"ခုဒီမှာက SE-ME-WE 3 ကေဘယ်လ်တစ်ခု တည်းနဲ့ ချိတ်ထားတာ။ သက်တမ်း ကြာမြင့်ပြီး မကြာခဏ ပြတ်တောက်မှုတွေ ဖြစ်တတ်တဲ့ ဆက်ကြောင်း တစ်ခုတည်းအပေါ် မှီခိုထားတာ၊ ဆက်သွယ်ရေးတွေ တိုးချဲ့ဖို့ အခက်အခဲ ဖြစ်စေပါတယ်" ဟု Mr. Mark Chong က ဆိုသည်။ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးရန် ဝန်ကြီးဌာန၏ ငွေကြေးနှင့် နည်းပညာ အင်အား သက်သက်ဖြင့် ဆောင်ရွက်နိုင်မည်မဟုတ်ဘဲ ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ ဆက်သွယ်ရေး ဖွံ့ဖြိုးမှုအတွက် အဓိကကျသည့် နိုင်ငံပိုင် ဂြိုဟ်တု လွှတ်တင်ရေး အကျိုးတူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ကြေညာထားသည်။
SingTel သည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင် တစ်နေရာအတွက် မြန်မာနိုင်ငံရှိ ကမ္ဘောဇအုပ်စု၊ M-TEL ကုမ္ပဏီတို့နှင့် ပူးပေါင်းကာ တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး လိုင်စင် မရရှိပါကလည်း ဆက်သွယ်ရေးလုပ်ငန်းများတွင် ဆက်လက် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း M-Tel အမှုဆောင်အရာရှိချုပ် Mr. Jonathan Myo Kyaw Thaung က ပြောကြားသည်။
ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်အတွက် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်နေသည့် ၁၁ ဖွဲ့တွင် မည်သူ ရရှိသည်ဖြစ်စေ ကမ္ဘာ့အဆင့်မီ ဆက်သွယ်ရေး ဝန်ဆောင်မှုများ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတွင် မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှုများ အတွက်သာ ကုမ္ပဏီ အဖွဲ့အစည်း လေးခုကို ကန့်သတ် ခွင့်ပြုမည်ဖြစ်သော် လည်း အခြားသော ဆက်သွယ်ရေး ကဏ္ဍအားလုံးတွင် ဝင်ရောက် လုပ်ကိုင်လိုပါက ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီငါးခုတွင် ပါဝင်သည့် SingTel ကုမ္ပဏီသည် ST-1 နှင့် ST-2 ဂြိုဟ်တုများကို အောင်မြင်စွာ လွှတ်တင် ထားပြီး မြန်မာနိုင်ငံနှင့် SE-ME-WE 3 အင်တာနက် ဆက်ကြောင်း ချိတ်ဆက်စဉ်က ပါဝင် ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မလေးရှားမှ ပြန်လာမည့် မြန်မာများအတွက် အခမဲ့လေကြောင်းလိုင်းနှစ်ခု ထပ်တိုး

မလေးရှားနိုင်ငံတွင် ဖြစ်ပွားနေသော မြန်မာများ အကြမ်းဖက်ခံရမှု များကြောင့် နေရပ်ပြန်လာမည့် မြန်မာ အလုပ်သမားများအတွက် အခမဲ့ ပို့ဆောင်ပေးမည့် အစီအစဉ်တွင် ပြည်တွင်းလေကြောင်း လိုင်းနှစ်လိုင်းဖြစ်သော Asian Wings Airways နှင့် Golden Myanmar လေကြောင်းလိုင်းတို့ ပါဝင်လာကြောင်း ယင်းလေကြောင်းလိုင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ 
Golden Myanmar လေကြောင်းလိုင်း အနေနှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး လက်မှတ်ပါလျှင် ယင်းလေကြောင်းလိုင်းကို အခမဲ့ စီးနင်းနိုင်မည်ဖြစ်သော်လည်း မလေးရှားခရီးစဉ်များ မပြေးဆွဲသေး သဖြင့် စင်ကာပူနှင့် ဘန်ကောက်တို့မှ တစ်ဆင့် သက်ဆိုင်ရာလေဆိပ် အခွန် များ ပေးဆောင်၍ အခမဲ့ စီးနင်းနိုင်ကြောင်း ယင်းလေကြောင်းလိုင်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
Golden Myanmar သည် စင်ကာပူ-ရန်ကုန်၊ စင်ကာပူ-မန္တလေး၊ ဘန်ကောက်-ရန်ကုန်၊ ဘန်ကောက်- မန္တလေး ခရီးစဉ်များ ပြေးဆွဲလျက် ရှိသည်။ မလေးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသားများ သည် ပြည်တွင်း ခရီးစဉ်များ၌ Asian Wings Airways လေကြောင်းလိုင်းတွင် မလေးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာကြောင်း အထောက်အထား တစ်စုံတစ်ခု တင်ပြ၍ အခမဲ့ လိုက်ပါ စီးနင်းနိုင်ကြောင်း ယင်းလေကြောင်းလိုင်း တာဝန်ခံက ပြောဆိုသည်။
Air Bagan လေကြောင်းလိုင်းမှ ပြည်တွင်း နေရပ်ပြန် မြန်မာနိုင်ငံသားများ အတွက် အခမဲ့ လေယာဉ်စီးနင်းခွင့်နှင့် အလုပ်အကိုင် လစ်လပ်နေရာ များတွင် ဦးစားပေး ခန့်အပ်ရန် စီစဉ်ထားပြီး MAI ကလည်း ပုံမှန် အားဖြင့် ဒေါ်လာ ၂၃၀ ကျသင့်သော မလေးရှား-မြန်မာ လေယာဉ် လက်မှတ်ခကို ၅၀ ရာခိုင်နှုန်း လျှော့ချပေးခြင်းဖြင့် ကူညီကြမည်ဖြစ်သည်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, May 29, 2013

မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံး သူများထဲတွင် ဒိန်းဒေါင်ဇနီး ပါဝင်

 ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မေ ၂၅ ရက်နေ့က တိမ်းမှောက် ခဲ့သော မန်းရွှေမြို့တော် ခရီးသည်တင် မှန်လုံ အမြန်ယာဉ် တိမ်းမှောက် မှုကြောင့် သေဆုံးသူများ ထဲတွင် သရုပ်ဆောင် လူရွှင်တော် ဒိန်းဒေါင်၏ ဇနီး မအေးအေးမွန် ပါဝင်ကြောင်း သိရသည်။ ရန်ကုန်-မန္တလေး အမြန်လမ်း၊ အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်း ရဲစခန်း အပိုင်၊ မိုင်တိုင်အမှတ် ၁၂၅/၄ ဖာလုံ ခန့်တွင် မန်းရွှေမြို့တော် ခရီးသည်တင် မှန်လုံ အမြန်ယာဉ် ဘီးချော်မှုကြောင့် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၁ ဦးနှင့် ထိခိုက်ဒဏ်ရာ ရသူ ၁၅ ဦီး ရှိခဲ့သည်။ သေဆုံး သူထဲမှ ငါးဦးကို မေလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီက ဖြူးမြို့၊ အနောက်ဘက် သုသာန်၌ နာရေးကူညီမှု အသင်း (ရန်ကုန်)က တာဝန်ယူ သဂြို င်္ဟ်ပေးခဲ့သည်။ ပျံလွန် တော်မူသွားသည့် သံဃာတော် တစ်ပါးကို ဖြူးမြို့ မြို့ထောင်ကျောင်း ပဓာန နာယက ဆရာတော်က ကြီးမှူးကာ မီးသဂြိုင်္ဟ်ပေးခဲ့ကြောင်း သိရသည်။ ကျန်ရှိ အလောင်းများကို နာရေး ကူညီမှုအသင်း (ရန်ကုန်)၏ အကူ အညီဖြင့် ရန်ကုန်သို့ သယ်ဆောင်ပေး ခဲ့ကြောင်း သိရသည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

တစ်ကိုယ်တော် ဆန္ဒပြသူ သရုပ်ဆောင် ရဲတိုက်သာသနာ ညှိုးနွမ်းစေမှုဖြင့် အရေးယူခံရ

သရုပ်ဆောင် ရဲတိုက်(ခ) လင်းထွန်းဦးအား သာသနာ ညှိုးနွမ်းအောင် ရည်ရွယ်ချက် အကြံအစည် အပြုအမှု လုပ်ဆောင်ခြင်းကြောင့် အမှုဖွင့် အရေးယူ ထားကြောင်း ဗိုလ်တထောင် ရဲစခန်းမှ သိရသည်။ ဗိုလ်တထောင် စခန်းမှူး ဦးသာဇံ က ”ဗီဒီယို သရုပ်ဆောင် ရဲတိုက်က ဘုရားကျောင်းဝင်း ထဲကို ဝင်လာတယ်။ ဘုရားကျောင်း ဝန်ထမ်းက ပြောပြတာ မရဘဲနဲ့ တံခါးဂျက်တွေကို အတင်းဆွဲ ဖွင့်ပြီး အထဲကို ဝင်သွားတယ်။ ပြီးတော့ ပြန်ထွက် သွားတယ်။

၁၂ နာရီမှာ ဘုရား ကျောင်းထဲကို ထပ်ဝင် လာတယ်။ ဘုရားကျောင်း အနောက်ဘက်က ဘုန်းတော်ကြီးတွေကို ပေးထားတဲ့ အခန်း တွေထဲကို ဖွင့်ပြီး ဝင်တယ်။ ၁၂ နာရီ ကနေ ဘုရားဝတ်ပြုနိုင်ကြောင်း ဘုရား ကျောင်းက ရှင်းပြပါတယ်။ ရဲတိုက်က ဘုရားစင်ကို ကျောခိုင်းပြီး ရှိခိုးအော် ဟစ်တယ်။ ၁၂ နာရီ မိနစ် ၂ဝ မှာ ရဲတိုက်က ဘုရားကျောင်းထဲကို ထပ်ရောက်လာပြီး အင်္ဂလိပ်စာနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်ကို ကိုင်ပြီးတော့ ခရစ်ယာန်ဘာသာ သာသနာကို ညှိုးနွမ်းစေ နိုင်တဲ့ အပြုအမူတွေ ပါနိုင်တယ်ဆိုပြီး ဘုရား ကျောင်းက တာဝန်ရှိတဲ့ သူတွေက ပြောတာကို မနာခံဘူး။ ဒါကြောင့် ကျွန် တော်တို့ ရဲစခန်းကို ဘုရားကျောင်းက ဆက်သွယ်တော့ ကျွန်တော်တို့ သွားပြီး ထိန်းသိမ်း လိုက်ပါတယ်”ဟု ပြော သည်။
သရုပ်ဆောင် ရဲတိုက်သည် ဗိုလ် အောင်ကျော်လမ်းနှင့် ဗိုလ်ချုပ်လမ်း ထောင့်ရှိ စိန်မေရီကာသီဒြယ် ခရစ်ယာန် ဘုရားကျောင်းသို့ မေ ၂၈ ရက် နံနက်က ဘုရားကျောင်း အတွင်း ဝင်၍ ဝတ်ပြုရာမှ တင်းမာမှု ဖြစ်ပေါ်ခဲ့ သဖြင့် နံနက် ၁၁ နာရီကျော်မှ စတင်ကာ တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့သည်။ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် ရဲတိုက်က ”This about Love, this not about religion ” (ဒါဟာ မေတ္တာတရားအတွက်သာ ဖြစ်တယ်။ ဘာသာရေးအတွက် မဟုတ်ဘူး)”ဟု ပြောခဲ့ သည်။
သရုပ်ဆောင် ရဲတိုက်ကို ညနေ ၃ နာရီ ၄၅ မိနစ်တွင် ဗိုလ်တထောင် ရဲစခန်းမှ လာရောက် ထိန်းသိမ်းခဲ့သည်။မြို့နယ်မှူး ဦးစိန်ဝေက ကျွန်တော် တို့ ရဲတိုက်ကို မင်း ဘယ်ဘာသာကိုး ကွယ်လဲ လို့ မေးတဲ့အခါမှာ လောလောဆယ် မဖြေနိုင်ဘူးလို့ ကျွန်တော့်ကို ပြောပါ တယ်။ အာမခံနဲ့ ပေးဖို့ကတော့ မရှိပါ ဘူး။ ဒီပုဒ်မဟာလည်း အာမခံပေးလို့ မရ ပါဘူး။ တိုင်ကြားတဲ့သူက ဘုရားကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးရစ်ချက်(ခေါ်) ဦးခင်မောင်ဦး အသက် (၅၅) နှစ်ပါ”ဟု ပြောသည်။
ဗိုလ်တထောင် စခန်းမှူး ဦးသာဇံ၏ သတင်းထုတ်ပြန် ပေးချက်အရ သရုပ်ဆောင် ရဲတိုက်အား ဘာသာသာသနာကို ညှိုးနွမ်းအောင် ရည်ရွယ်ချက် အကြံအစည်၊ အပြုအမူ လုပ်ဆောင်ခြင်း ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (၂၉၅/က)ဖြင့် အရေးယူထား ကြောင်း သိရသည်။
ပုဒ်မ ၂၉၅ ဆိုသည်မှာ လူတစ်စား ကိုးကွယ်သည့် ဘာသာ သာသနာကို စော်ကားရန် အကြံဖြင့်ဖြစ်စေ၊ ကိုးကွယ် ဝတ်ပြုသော နေရာကို သော်လည်း ကောင်း၊ အထွတ်အမြတ်ထားသော အရာဝတ္ထုကိုသော်လည်းကောင်း၊ ဖျက် ဆီးခြင်းသည် သို့တည်းမဟုတ် ပျက်စီး နစ်နာစေခြင်းသည် သို့တည်းမဟုတ် ယုတ်ညံ့စေခြင်းသည် ထိုဘာသာ သာ သနာကို စော်ကားသည်ဟု လူတစ်စား က ယူဆတန်ရာသည်ကို သိလျက်နဲ့ဖြစ် စေ မည်သူမဆို ထိုလူတစ်စားက ဘာ သာ သာသနာရေးဆိုင်ရာ ကိုးကွယ် ဝတ်ပြုသော နေရာကိုသော်လည်း ကောင်း အထွတ်အမြတ်ထားသော အရာဝတ္ထုကိုသော်လည်းကောင်း၊ ဖျက် ဆီးလျှင် သို့တည်းမဟုတ် ပျက်စီး နစ်နာစေလျှင် သို့တည်းမဟုတ် ယုတ် ညံ့စေလျှင် ထိုသူကို နှစ်နှစ်ထိ ထောင် ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဟု (အခန်း ၁၅၊ သာသနာရေးဆိုင်ရာ ပြစ် မှုများ၊ ရာဇသတ်ကြီး)အရ သိရသည်။
သရုပ်ဆောင်ရဲတိုက် ဆန္ဒဖော် ထုတ်ခြင်းနှင့် ပတ်သက်သည့် ဖြစ်ရပ်ကို စိန်မေရီကာသီဒြယ် သာသနာ့အကျိုး ဆောင်အဖွဲ့မှ မေ ၂၈ ည ၈ နာရီခန့်က တင်ပြချက်တစ်ခုကို ဖေ့ဘွတ်မှတစ်ဆင့် ထုတ်ပြန်ခဲ့ရာ ယင်းထုတ်ပြန်ချက်တွင်- ”ယနေ့ဖြစ်စဉ်မှာ သူတော်စင်များ သာဝင်ရောက်ရသည့်၊ ဓာတ်တော် မွေ တော်များထားရှိရာ သန့်ရှင်းသည့်နေရာ၊ အထွတ်အမြတ်ထားရာ (Sanctuary) အတွင်းသို့ ၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ စရိုက်နှင့်ဆန့်ကျင်သည့် မတင့်တယ် သော အဝတ်အစား(စွပ်ကျယ်လက်ပြတ်) နှင့် ဝင်ရောက်ကာ အထွတ်အမြတ်ထား ရာ ဗိမာန်တော်ကိုကျောပေးလျက်၊ မသင့်တင့် မလျောက်ပတ် မလျော်ကန် သောအပြုအမူမျိုး ပြုလုပ်ခြင်းကို တွေ့ရှိ ရလေရာ သက်ဆိုင်ရာ မှသတိပေးပြော ကြားခဲ့ခြင်းမှစ၍ မကျေမနပ် ဖြစ်သွားပုံ ရသည်။
ထိုမှတစ်ဖန် တတိယအကြိမ် ပြန်လည်ရောက်ရှိလာရာတွင်၊ သတင်း ထောက်များ၊ Media အဖွဲ့ဝင်များခေါ် လာပြီး အသင့်ရေးလာသော ဆိုင်းဘုတ် ကိုင်ဆောင်ကာ၊ ဘုရားကျောင်းသာသ နာ့ပရိဝုဏ်အတွင်းဝင်ရောက်ကာ၊ မည် သည့်အာဏာပိုင်အဖွဲ့အစည်း၏ခွင့်ပြု ချက်မျှရယူခြင်းမရှိဘဲ တစ်ကိုယ်တော် ဆန္ဒပြခဲ့ပါသည်။ သာသနာ့အကျိုး ဆောင်အဖွဲ့မှ အကြိမ်ကြိမ် မေတ္တာရပ်ခံ နေသည့်ကြားမှပင် ကာယကံရှင်မှကိုယ် ထိလက်ရောက် စတင်ကျူးလွန်ခဲ့ပါ သည်။ ပိတ်ပင် တားမြစ်ခြင်းခံရသည်ဟု ကာယကံရှင်က အပြစ်တင်စွပ်စွဲပြော ဆိုနေသော်လည်း သုံးကြိမ်သုံးခါတိုင် တိုင်ဝင်ရောက်ခဲ့ခြင်းသည်၊ ကာယကံ ရှင်၏ စွပ်စွဲချက်နှင့်လုံးဝဆန့်ကျင်နေ သည်မှာထင်ရှားပါသည်။
အထက်ပါ အပြုအမူများသည် ရည်ရွယ်ချက်ရှိရှိနှင့် ကြိုတင်ကြံစည် ထားသည်ဟု ယူဆနိုင်ပါသည်။ ကက် သလစ်သာသနာဘုရားကျောင်းတော် ဝင်းသည် ဝတ်ပြုကိုးကွယ်ခြင်းနှင့် ငြိမ်း အေးရာနေရာဖြစ်ပြီး မည်သည့်ဆန္ဒပြ ခြင်းမဆို၊ ထိုသဘောသဘာဝအကြောင်း တရားများနှင့် ဖီလာဆန့်ကျင်နေပါ သည်”ဟု ထည့်သွင်းရေးသား ဖော်ပြ ထားသည်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, May 25, 2013

ချင်းပြည်နယ် မူလတန်းကျောင်းများတွင် ချင်းစာပေ သင်ကြားမည်

ချင်းပြည်နယ် အတွင်းရှိ မူလတန်း ကျောင်းများတွင် လာမည့် ၂၀၁၃-၂၀၁၄ ပညာ သင်နှစ်မှ စတင်၍ ချင်းဘာသာ စကားနှင့် စာပေကို ထည့်သွင်း သင်ကြားသွားမည် ဖြစ်ကြောင်း ချင်းပြည်နယ် လူမှုရေး ဝန်ကြီး ဒေါက်တာ ဘမောင်က ပြောကြားသည်။ "အခုမှ စရမှာဆိုတော့ စိတ်တိုင်းကျ အကုန်အဆင်ပြေမယ် မပြေဘူး ဆိုတာက လက်တွေ့လုပ်မှ သိရမှာ" ဟု ၄င်းကဆိုသည်။
ချင်းပြည်နယ် အတွင်း မူလတန်း ကျောင်းပေါင်း ၁၀၀၀ ကျော်ရှိပြီး ချင်းဘာသာစာပေ သင်ကြားရာတွင် ကြုံတွေ့ရမည့် အခက်အခဲများမှာ သင်ကြားပေးမည့် ဆရာ ဆရာမ များ၏ ဘာသာ စကားအခက် အခဲနှင့် လစာအခက် အခဲပင် ဖြစ်ကြောင်း ဒေါက်တာ ဘမောင်က ရှင်းပြသည်။
သင်ကြားပေးမည့် ဆရာ ဆရာမများ သည် မြေပြန့် ဘက်မှ လာသူများဖြစ်၍ ချင်း စကားနှင့် ချင်းစာကို မကျွမ်းကျင်ကြကြောင်း၊ လာမည့်နွေရာသီ ကျောင်းပိတ်ရက်တွင် မူလတန်းပြဆရာ၊ ဆရာမများကို သက်ဆိုင်ရာ မြို့နယ်အလိုက် ခေါ်ယူကာ ချင်းစာပေ သင်ကြားပေးမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန က ဆရာ၊ ဆရာမ ၁၀ ဦး အတွက်သာ လစာပေးမည်ဟု ကြားသိထားကြောင်း၊ မူလတန်း ကျောင်း ၁၀၀၀ ကျော်မှ ဆရာ၊ ဆရာမ ၁၀၀၀ ကျော်အတွက် ကုန်ကျမည့် လစာကို ပြည်နယ်အစိုးရ ကလည်း မပေးနိုင်သဖြင့် ယင်းအခက်အခဲ ပြေလည်စေရန် ဒေသ အလိုက် စေတနာဖြင့် သင်ကြားပေးမည့် တိုင်းရင်းသား ဆရာ၊ ဆရာမများ လိုအပ်ကြောင်း ဝန်ကြီးက ရှင်းလင်းပြော ဆိုသည်။
"ကိုယ့်တိုင်းရင်းသား စာပေသင်ကြား ရတာကတော့ ကောင်းပါတယ်။ အစိုးရက ခုလို သတ်သတ် မှတ်မှတ် အသိအမှတ်ပြု သင်ကြားခွင့် ပေးလိုက်တယ် ဆိုတော့လေ" ဟု တီးတိန်မြို့ခံ ချင်းတိုင်းရင်းသား ဦးငင်ခေါဂင်က ၄င်း၏အမြင်ကို ပြောကြားသည်။ ချင်းစာပေ သင်ကြားနိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ ကျေးရွာအချို့မှာ စိတ်အားထက်သန်နေပြီး သင်ကြားပေးနိုင်မည့် စေတနာရှင်ဆရာများ ရှာဖွေထားကြောင်း ဝန်ကြီးက ဆက်လက ပြောကြားသည်။ ချင်းတိုင်းရင်းသားများ အနေနှင့် မိမိတို့ ဘာသာစကားကို ဆန်းဒေး စကူးလ်များတွင် အပတ်စဉ် သင်ကြားပို့ချပေးလေ့ ရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ပေါ်ရှိ ချင်းတိုင်း ရင်းသား များထံမှ သိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, April 11, 2013

လား?လား? . . . ပေါင်းများစွာနှင့် ကျပ် ၁၅၀၀ တန်ဖုန်း

ကမ္ဘာ့ပေါ်တွင် ပထမဆုံး မိုဘိုင်းလ်ဖုန်း စတင်တီထွင် ခဲ့သည့် ၁၉၇၃ခုနှစ် ဧပြီလ ၃ရက်နေ့မှ နှစ်ပေါင်း၄၀ တိတိ ပြည့်ချိန်တွင် မြန်မာနိုင်ငံတွင် ကျပ်၁၅၀၀ နှုန်းဖြင့် မိုဘိုင်းလ်ဖုန်းများကို ၂၀၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှ စတင်ကာ ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပြန်ကြေညာလိုက်ပြီး နောက်ပိုင်း ၁၅၀၀တန်ဖုန်းနှင့် ပတ်သက်သည့် မေးခွန်းပေါင်းများစွာ ပြည်သူလူထု အကြား ထွက်ပေါ်လာသည်။

G လား . . . C လား . . .
........................

မူလက GSM ဖုန်းများသာ ရောင်းချထား ပေးမည် ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်းကြောင့် လူအများစုက GSM သာ ချထားပေးမည်ဟု ထင်ကြသည်။

သို့သော် မြန်မာ့ဆက်သွယ်ရေးက ရောင်းချထားပေးမည့် မိုဘိုင်းလ်ဖုန်းများတွင် GSM 3G အမျိုးအစားဖြစ်သော WCDMA 3G ရော၊ CDMA 800 MHz ရော ပါဝင်မည်ဖြစ် သော်လည်း CDMA 800 MHz ကိုသာ ဦးစားပေးရောင်းချထား မည်ဖြစ်ပြီး WCDMA 3G များကို CDMA 800 ကွန်ရက် မရှိသည့် နေရာများတွင်သာ ရောင်းချထားပေးမည် ဖြစ်သည်။

WCDMA 3G ကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ် ဒေသ အချို့ကို ဦးစားပေးကာ အလုံအလောက် ရောင်းချသွားရန် စီစဉ်ထားပြီး အဆိုပါ လိုင်းကတ်များကို တစ်နိုင်ငံလုံးကို သယ်ယူ အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားသည်။

အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တစ်လလျှင် CDMA 800 MHz လိုင်းကတ် သုံးသိန်းငါးသောင်း ရောင်းချသွား မည်ဖြစ်ပြီး ယင်းလိုင်းကတ်များမှာ CDMA 450 MHz ကွန်ရက်တွင် ဝင်ရောက်အသုံးပြု နိုင်မည်မဟုတ်ကြောင်း ၄င်းက ရှင်းပြသည်။
"GSM တွေကလည်း နောက်နှစ်လ လောက်ဆို လိုသလောက် ရောင်းနိုင်ဖို့ ပြင်ထားပါတယ်။ သိပ်မကြာပါဘူး လာပါလိမ့်မယ်"ဟု ၄င်းကဖြည့်စွက် ပြောကြားသည်။

ကန့်သတ်ချက်အနေနှင့် ဖုန်းကတ် ဝယ်ယူပြီး ၁၅ရက်အတွင်း ၅၀၀၀ ကျပ်တန် ကြိုတင်ငွေဖြည့်ကတ် ထည့်သွင်း အသုံးပြုရမည် ဖြစ်ပြီး တစ်လလျှင် ၂၅၀၀ ကျပ်ဖိုး အသုံးပြုရမည် ဖြစ်ကြောင်း၊ နှစ်လပြည့်ချိန်တွင် စတင်ဖြည့်ထားသည့် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ်မှ အသုံးမပြုဖြစ်ဘဲ ကျန်ငွေများ ရှိနေသေးပါက ဖြတ်တောက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး ၏ ကြေညာချက်တွင် ပါရှိသည်။

လိုင်းကျပ်မှာလား
...................

"ဖုန်းစရောင်းချိန်မှာ မြို့ကြီးတွေမှာ လိုင်းကျပ်မှု ပြဿနာတွေ ကြုံတွေ့မယ် ထင်တယ်။ နောက်ပိုင်းမှာ အဆင်ပြေသွားနိုင် တယ်"ဟု အိုင်တီပညာရှင် ဦးရဲမြတ်သူက ပြောကြားသည်။
ဖုန်းခေါ်ဆိုရာတွင် ကြည်လင်ပြတ်သားမှု မရှိခြင်း၊ ဖုန်းလိုင်းမကြာခဏကျခြင်း၊ အခန်းအတွင်းမှ အလွယ်တကူပြော၍ မရဘဲ အများအားဖြင့် အိမ်ပြင်ထွက် ပြောရခြင်း၊ မြို့တွင်းတွင် ရှိနေသော်လည်း ဆက်သွယ်မှု ဧရိယာ ရောက်နေသဖြင့် ခေါ်ဆိုမရကြောင်းသာ ဖြေကြားနေခြင်း စသည့် ဝန်ဆောင်မှုပိုင်း အားနည်းချက်များကြောင့် ဖုန်းလိုင်းအသစ် ထပ်တိုးတိုင်း ပြည်သူလူထုမှာ လိုင်းကျပ်ပြီး ခေါ်ဆိုမရ ဖြစ်မည်ကို စိုးရိမ်သောက ဖြစ်လေ့ရှိသည်။

ယခုလည်း GSM ထက် CDMA က လိုင်းပိုမိသည်ဆိုသဖြင့် CDMA ဝယ်ထား ကြသူများမှာ CDMA လိုင်းများထပ်မံချ ထားပေးမည်ဆို၍ လိုင်းကျပ်ပြီး အလုပ် မဖြစ်မည်ကို စိုးရိမ်နေကြသည်။
"လိုင်းကတော့ CDMA နဲ့ GSM နဲ့က မတူဘူးလေ။ CDMA တာဝါတိုင် တစ်ခုဆိုရင် သူ့ရဲ့ ကွန်ရက်လွှမ်းခြုံနိုင်မှုက GSM ထက်ပိုကျယ်တယ်။ အဲ့ဒီတော့ လူနေ ပြန့်တဲ့ ဒေသတွေမှာ CDMA နဲ့ မြို့ကြီး တွေမှာ GSM ကို ဦးစားပေးချထားရင် အဆင်ပြေမယ်ထင်တယ်။ လိုင်းကျပ်တာက အစပိုင်းလောက်တော့ ရှိနိုင်တယ်။ ဒါပေမဲ့ သူတို့ဖြေရှင်းလိုက်ရင် ခဏပါ" ဟု ဦးရဲမြတ်သူ က သုံးသပ်ပြသည်။

လက်ရှိမြန်မာနိုင်ငံ
....................

အနေအထားအရ CDMA 800 MHz မှာ အသုံးပြုမှု နည်းပါးနေသေးပြီး လိုင်းအင်အားတိုးချဲ့မှု အလုံအလောက် ပြုလုပ်ထား၍ လိုင်းမကျပ်နိုင်ကြောင်း၊ ယင်းအပြင် လိုင်းအရည်အသွေးတွင် GSM/3G လိုင်းများထက် ပိုမိုကောင်းမွန်နိုင်ပြီး ဆက်လက်၍လည်း ကွန်ရက်များ တိုးချဲ့ သွားရန်ရှိသဖြင့် လိုင်းကျပ်စရာ မရှိကြောင်း အိုင်တီပညာရှင်များက ပြောကြားသည်။

"800 MHz ကွန်ရက်တွေက တော်တော်များများ ပြင်ဆင်ပြီး ဖြစ်လို့ လိုင်းကျပ်စရာတော့ မရှိပါဘူး။ နောက်ပြီး MEC က လိုင်းတွေ ထပ်ချဲ့ဖို့ မြန်မာ့ဆက်သွယ်ရေးနဲ့ သဘောတူထားတယ်။ တာဝါတိုင်တွေ အဆောက်အအုံတွေ အသုံးပြုခွင့်ပေါ့။ အဲ့တော့ ရောင်းနေရင်းနဲ့ ကွန်ရက်ကို ထပ်ချဲ့သွားမှာ ဆိုတော့ လိုင်းကျပ်စရာ မရှိပါဘူး" ဟု မကွေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး မြို့နယ်တာဝန်ခံ အင်ဂျင်နီယာက ရှင်းပြသည်။

Sim Card များ ရရှိပြီးနောက် ဖုန်းလိုင်းများ ကျပ်တည်းမှု မရှိစေရေးအတွက် လည်း ကြိုတင်စီမံ ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း နိုင်ငံတော်သမ္မတကြီး ကလည်း မတ်လ ၂၉ရက်နေ့က ပြောကြားထားသည်။

အဝင်ခေါ်ဆိုခ ပေးရမှာလား
...............................

ဧပြီလ ၂၄ရက်နေ့တွင် စတင်ရောင်းချမည့် မိုဘိုင်းဖုန်းများမှာ ပြည်သူလူထု မျှော်လင့်ထားသည့် နှုန်းထားထက် များစွာ ဈေးနှုန်းချိုသာနေသဖြင့် ဖုန်းခေါ်ဆိုခများ သီးခြားတိုးမြှင့် ကောက်ခံမည်၊ အဝင်ခေါ်ဆိုခ ပေးရမည် စသဖြင့် ပြည်သူများအကြား ထင်ကြေးသတင်းများ ပျံ့နှံ့လျက်ရှိသည်။

ယင်းနှင့် ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းကို ဆက်သွယ်မေးမြန်းရာ ဖုန်းခေါ်ဆိုခ နှုန်းထားများကို မူလအတိုင်း တစ်မိနစ် ကျပ် ၅၀နှုန်းဖြင့်သာ ကောက်ခံမည်ဖြစ်ပြီး အဝင်ခေါ်ဆိုခကို ကောက်ခံမည် မဟုတ်ကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားသည်။

သို့သော် ကန့်သတ်ချက်အနေနှင့် ဖုန်းလက်လွှဲလက်ပြောင်း ရောင်းချမှု မရှိစေရန် ဖုန်းကတ်ဝယ်ပြီး ၁၅ရက်အတွင်း အနည်းဆုံး ငါးထောင်ကျပ်တန် ကြိုတင် ငွေဖြည့်ကတ်ထည့်၍ အသုံးပြုရမည်ဖြစ်ပြီး ၁၅ရက်အတွင်း အသုံးမပြုပါက အလိုအလျောက် လိုင်းပိတ်သိမ်းမည် ဖြစ်ကြောင်း၊ တစ်လလျှင် ၂၅၀၀ ကျပ်ဖိုး အသုံးပြုရမည်ဖြစ်ပြီး နှစ်လပြည့်ချိန်တွင် စတင်ဖြည့်ထားသည် ကျပ် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ်မှ အသုံးမပြုဖြစ်ဘဲ ကျန်ငွေများ ရှိနေသေးပါက ဖြတ်တောက် သွားမည် ဖြစ်ကြောင်းသာ မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်ထားသည်။

အင်တာနက်ပါမှာလား
........................

မိုဘိုင်းဖုန်း ကိုင်ဆောင်သူ အများစုမှာ အင်တာနက်လျှောက်ထား အသုံးပြုလေ့ ရှိသဖြင့် ဖုန်းဝယ်ယူချိန်တွင် အင်တာနက်ပါ တစ်ပါတည်း ပါလာစေလိုကြရာ ယခု အသစ်ချထားပေးမည့် ၁၅၀၀ တန် မိုဘိုင်းလ် ဖုန်းများတွင် အင်တာနက်ပါလာမည်လား ဆိုသည့် မျှော်လင့်ချက်များ ရှိကြသည်။
"CDMA 800 MHz က အဓိက ဖုန်းပြောဖို့အတွက်ပဲ ရည်ရွယ်တယ်။ နယ်တွေမှာ လူတိုင်း အင်တာနက်သုံးမှာ မဟုတ်ဘူးလေ။ အင်တာနက် သုံးချင်လည်း သုံးလို့ရပါတယ်။ အဲတော့ သုံးချင်တဲ့သူ အတွက် သီးသန့်လျှောက်ဖို့တော့ လိုမယ်" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ရှင်းပြသည်။

လိုင်းဖွင့်ခနှုန်းထားကိုမူ ညွှန်ကြားချက် မလာသေးသဖြင့် ယခင်ကကဲ့သို့ ကျပ် တစ်သောင်း သတ်မှတ်မည်၊ မသတ်မှတ်မည် ကိုမူ မပြောနိုင်သေးကြောင်း ၄င်းက ဆိုသည်။

၁၀လုံးလား.. ၁၁လုံးလား
............................

မြန်မာနိုင်ငံတွင် ချထားပေးသည့် ဖုန်းအမျိုးအစား များသကဲ့သို့ ဖုန်းအမျိုး အစားပေါ်မူတည်ပြီး ဂဏန်းအရေအတွက် မှာလည်း ၀၉ အပါအဝင် ၉လုံး၊ ၁၀လုံး၊ ၁၁လုံးဟူ၍ရှိရာ ယခုချထားပေးမည့် ဖုန်း များမှာ ဂဏန်းအရေအတွက် မည်မျှဖြစ်မည် ဆိုသည်မှာလည်း စိတ်ဝင်စားဖွယ် ဖြစ်လာသည်။
မကွေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ၏ ပြောကြားချက်အရမူ ယခုချထားပေးမည့် CDMA 800 MHz ဖုန်းများမှာ ယခင် ကျပ်ငါးသိန်း ဖုန်းများကဲ့သို့ ၀၉၇၃ နှင့်စပြီး ၁၀ လုံး ဖြစ်မည်ဖြစ်ပြီး 3g WCDMA မှာလည်း ယခင် ကျပ်နှစ်သိန်းငါးသောင်း ဖုန်းများကဲ့သို့ ၀၉ အပါအဝင် ၁၁လုံးဖြစ်မည် ဖြစ်ကြောင်း ပြောဆိုသည်။
"ဂဏန်းထပ်တိုးဖို့ မရှိပါဘူး။ တိုးစရာလည်း မလိုပါဘူး" ဟု၎င်းကပြောဆိုသည်။

သိန်းလား.. သန်းလား
........................

ဖုန်းလိုင်းချထားပေးမှုနှင့် ပတ်သက်ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်တွင် လိုင်းရှစ်သန်း၊ ၂၀၁၄-၂၀၁၅တွင် လိုင်း ၁၈ သန်း စုစုပေါင်း ၂၆ သန်း တိုးချဲ့တပ်ဆင် ပေးသွားမည် ဖြစ်ပါကြောင်း၊ သိပ်သည်းဆအားဖြင့် ၂၀၁၂- ၂၀၁၃ တွင် ၁၀ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ တွင် ၂၇ ရာခိုင်နှုန်းနှင့် ၂၀၁၄-၂၀၁၅ တွင် ၅၀ ရာခိုင်နှုန်း ဖြစ်လာအောင် လျာထား ဆောင်ရွက်လျက် ရှိပါကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က မတ် ၂၉ ရက်နေ့ ကျင်းပသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယင်းလျာထားချက်မှာ အနိမ့်ဆုံး ရည်မှန်းချက်ဖြစ်ပြီး ယင်းရည်မှန်းချက် ဖြစ်မြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတကြီးက ဆိုသည်။
တစ်လလျှင် Sim Card ၃၅၀,၀၀၀ နှုန်းဖြင့် စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးမည် ဖြစ်ပြီး ရောင်းချပေးရာတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရ၏ အစီအမံဖြင့် ရောင်းချ ပေးမည် ဖြစ်ကြောင်း သမ္မတကြီးက ယင်း အစည်းအဝေးတွင် ပြောကြားထားသည်။

ယခုချထားပေးမည့် အစီအစဉ်မှာ CDMA ကို တစ်လလိုင်းကတ် ၃၅၀,၀၀၀ ချပေးမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်း ဒေသကြီးများကို အချိုးကျဖြန့်ချိမည် မဟုတ်ဘဲ လူဦးရေ အချိုးစားလိုက် လူနေ ထူထပ်သော ဒေသများကို အရေအတွက် ပိုမိုချထားပေးမည် ဖြစ်ကြောင်း ဦးဌေးဝင်း က ရှင်းပြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အနေဖြင့် Sim Card များကို သတ်မှတ်ပေးထားသည့် ဈေးနှုန်းအတိုင်း ပြည်သူများထံ မှန်မှန်ကန်ကန်နှင့် မျှမျှတတ ဖြန့်ဝေပေးသွားရန် ဖြစ်ပါကြောင်း၊ Sim Card များ ကို လစဉ်ဈေးနှုန်း မပြောင်းလဲဘဲ ဖြန့်ဝေပေးမည် ဖြစ်သည့်အတွက် ယခုလ မရရှိပါ က နောက်လတွင် ရရှိမည်ဖြစ်ကြောင်း သမ္မတကြီးက ပြောကြားထားသည်။

Handset တွေ ဈေးတက်မှာလား
.....................................

မူလက GSM သာချပေးမည် ဆိုသည့် သတင်းကြောင့် မိုဘိုင်းလ်ဖုန်းဆိုင် အချို့ မှာ GSM များသာ ဝယ်ယူထားသဖြင့် မူလကတည်းက ဈေးကွက်အတွင်း များများ စားစား မတွေ့ရသည့် CDMA 800 MHz Handset များမှာ ဈေးနှုန်းမြင့်တက်ဖွယ် ရှိကြောင်း အများစုက ထင်ကြေးပေး ပြော ကြားကြသည်။
"ကတ်အရေအတွက် ဘယ်လောက် ပေးမယ်ဆိုတာ အဓိကကျပါတယ်။ CDMA 800 MHz က Handset မှာ GSM လောက် တော့ မော်ဒယ်မများဘူး။ ဒါပေမဲ့ ပစ္စည်းပြတ်မယ်တော့ မထင်ပါဘူး။ အလုံအလောက် Supply လုပ်နိုင်မှာပါ။ ဆင်းကတ် အလုံ အလောက် မရမှာဘဲ စိုးရိမ်ပါတယ်။ Handset ဈေးတွေကတော့ အနည်းဆုံး Huawei ကျပ်လေးသောင်းဝန်းကျင် ကနေ အများဆုံး HTC ကျပ်နှစ်သိန်းကျော် အထိ ရှိပါတယ်" ဟု လူကြီးမင်းဖုန်း ဆိုင်မှ အထွေထွေမန်နေဂျာ ဒေါ်ဇာခြည် က ဆိုသည်။

ယင်းသို့ပင် မန္တလေး မိုဘိုင်းလ်မားသား ဖုန်းဆိုင်မှ ဦးအောင်မြတ်ကိုကို ကလည်း မထင်ထားသည့် CDMA 800 MHz ကို အရင်ချပေးသဖြင့် Handset ဈေးကွက် နည်းနည်း ပြောင်းသွားနိုင်ကြောင်း၊ သို့သော် ဈေးတက်မည် မထင်ကြောင်း ရှင်းပြသည်။
"ခုကတော့ Handset ဈေးကွက်ကြီး ဖြစ်သွားပြီပေါ့။ အဲဒီမှာ ဒီလုပ်ငန်းကို တစ်ကယ် လုပ်တဲ့သူနဲ့ ငါးပွက်ရာ ငါးစာချတဲ့ စီးပွားရေးသမားတွေ ထိပ်တိုက်တွေ့မယ် ထင်ပါတယ်။ သုံးတဲ့သူ များလာတဲ့အတွက် Complaint တော့ များလာမှာပေါ့" ဟု ၄င်းက သုံးသပ်သည်။

ကနဦး အခြေအနေတွင် GSM ဖုန်းများ ထွက်ပေါ်မည်ဟု သတင်းများ ထွက်ပေါ်နေ၍ Handset အရောင်းဆိုင်များတွင် GSM Handset များကိုသာ ဝယ်ယူထားကြ ပြီး CDMA Handset က ဈေးကွက်အတွင်း အနည်းငယ်သာ ရှိသဖြင့် ရက်ပိုင်းအတွင်း CDMA Handset ဈေးကွက် လှုပ်ခတ်သွားနိုင်ကြောင်း စမ်းချောင်းမြို့နယ်ရှိ Win Mobile ဖုန်းဆိုင်မှ ဦးစိုးနောင်ဝင်းက ပြောကြားသည်။
"တစ်ရက်နှစ်ရက်တော့ အရမ်းလှုပ်သွားမယ်။ အချိန်ရသေးတဲ့ အတွက် ဈေးပြန်ကျမှာပါ" ဟု ၄င်းက ဆိုသည်။

ဖုန်းကတ်များ ရောင်းမည့်အချိန်နှင့် ရက်ပေါင်း ၂၀ ခန့်ကြိုတင် အသိပေးထားခြင်း ဖြစ်သဖြင့် Handset တင်သွင်းချိန် အလုံအလောက် ရရှိထားသဖြင့် ဈေးနှုန်း မြင့်တက်နိုင်ဖွယ် နည်းပါးကြောင်း လူကြီးမင်း ဖုန်းအရောင်းဆိုင်မှ အထွေထွေမန်နေဂျာ ဒေါ်ဇာခြည်မှ သုံးသပ်သည်။
CDMA Handset ဈေးနှုန်းများမှာ လက်ရှိပေါက်ဈေးအရ အနိမ့်ဆုံး ကျပ် လေးသောင်းမှ အမြင့်ဆုံးနှစ်သိန်း ဝန်းကျင်တွင် ရှိနေပြီး Handset များကို တရုတ် ပြည်သူ့သမ္မတနိုင်ငံက အများဆုံး တင်သွင်း ကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

GSM အမျိုးအစား WCDMA 3G လိုင်းကတ်များရောင်းချသော နယ်ဒေသ များတွင် GSM Handset များ ဈေးကွက်ရနိုင်မည် ဖြစ်ကြောင်း ဦးစိုးနောင်ဝင်းက ဆိုသည်။
"GSM မကြာမီမှာ ရောင်းမယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အတွက် GSM Handset လှောင်ထားတဲ့ သူတွေက ကိုင်ထားလက်စနဲ့ ဆက်ကိုင်ထားလိမ့်မယ်" ဟု ၄င်းက ထပ်မံပြောကြားသည်။

သို့သော် CDMA အတွက် Handset အမြင့်များ ပြည်တွင်းဈေးကွက်တွင် နည်းပါးသဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တင်သွင်းထားသည့် Handset များသာ ဝယ်ယူအသုံးပြုရမည် ဖြစ်ပြီး အင်တာနက် လိုင်းတွင် GSM/3G တို့ထက် နှေးကွေးမည် ဖြစ်ကြောင်း အိုင်တီပညာရှင်များက ဆိုသည်။

မောင်မိုးညို၊နော်ကိုကို
The Voice Journal
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, April 6, 2013

ကျပ် ၁၅၀၀တန် ဖုန်းဆင်းကတ် ဧပြီ ၂၄ စရောင်းမည်

ငါးထောင်တန်ဖုန်း ထွက်ပေါ်လာရေး လူထုလှုပ်ရှားမှု တစ်ရပ် ထွက်ပေါ် သည်အထိ စိတ်ဝင်စားမှု မြင့်တက်ခဲ့သော မိုဘိုင်းလ်ဖုန်း ဆင်းကတ်များကို ၁၅၀၀ ကျပ်နှုန်းဖြင့် ဧပြီလ ၂၄ ရက်နေ့မှ စတင်ကာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ အစီအစဉ်ဖြင့် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း ဧပြီလ ၃ ရက်နေ့ ညနေပိုင်းတွင် ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာသည်။
CDMA 800 MHz မိုဘိုင်းလ်ဖုန်း နှင့် WCDMA ကို စတင်ရောင်းချ မည်ဖြစ်ပြီး CDMA 800 MHz မရရှိသော နေရာ ဒေသများတွင် WCDMA ကိုဦးစား ပေးရောင်းချ သွားမည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မှတစ်ဆင့် ကြေညာသော ထုတ်ပြန်ချက် အရ သိရသည်။ ပြောဆိုခ ကျပ်သုံးရာ ပါဝင်မည့် ဖုန်းဆင်းကတ်တွင် ကတ်ဝယ်ယူပြီး ၁၅ ရက်အတွင်း ၅၀၀၀ ကျပ်တန် ကြိုတင်ငွေဖြည့်ကတ် ထည့်သွင်း အသုံးပြုရမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်က ဆိုသည်။
ဝယ်ယူပြီး ၁၅ ရက်အတွင်း အသုံး မပြုပါက အလိုအလျောက် လိုင်းပိတ်သိမ်း မည်ဖြစ်ပြီး စက်ပစ္စည်း တန်ဖိုးနှင့် ကုန်ကျစရိတ် များကို ဖုန်းပြောဆိုခ များမှ စုစည်း ကောက်ခံသွားမည် ဖြစ်သဖြင့် တစ်လလျှင် ၂၅၀၀ ကျပ်ဖိုး အနည်းဆုံး အသုံးပြုရမည် ဖြစ်ကြောင်း ယင်းတွင် ဖော်ပြထားသည်။ နှစ်လပြည့် သော်လည်း ကြိုတင်ငွေ ဖြည့်ကတ်မှ ၅၀၀၀ တန်အပြည့် မသုံးစွဲထား သည့် ကျန်ငွေများကို အလိုအလျောက် ဖြတ်တောက် သွားမည် ဖြစ်ကြောင်း ယင်းကြေညာ ချက်တွင် ပါရှိသည်။ ဆင်းကတ် များတွင် အင်တာနက် အသုံးပြုခွင့်ကို ထပ်မံလျှောက်ထား ရမည်ဖြစ်ပြီး လျှောက်ထားရမည့် ဈေးနှုန်းကို မသိရသေးပေ။ ဖုန်းလိုင်းများ ကျပ်တည်း နိုင်မှုကို ဖြေရှင်းနိုင်ရန် ပထမနှစ်လတွင် CDMA များ ရောင်းမည် ဖြစ်ပြီး အချို့နေရာ များတွင် ဖုန်းဆင်းကတ်များ ရောင်းချ သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးသောင်းတင်က မြန်မာ့အလင်း သတင်းစာ သို့ ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ပြောကြား ထားသည်။
"ဖုန်းစ ရောင်းချိန်မှာ မြို့ကြီးတွေမှာ လိုင်းကျပ်မှု ပြဿနာတွေ ကြုံတွေ့မယ် ထင်တယ်။ နောက်ပိုင်းမှာ အဆင်ပြေ သွားနိုင်တယ်" ဟု အိုင်တီ ပညာရှင် ဦးရဲမြတ်သူက သုံးသပ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများ ၁၁ ခုတွင် တစ်လလျှင် ဖုန်းကတ် သုံးသိန်းခွဲကို လစဉ် ရောင်းချ သွားမည်ဟု အစိုးရက ဆိုသည်။ "ဒီတစ်ခါတော့ တကယ်ကိုင် ရပြီပေါ့။ ဟမ်းဆက် ဝယ်ပြီး စောင့်နေတာ ကြာလှပြီ" ဟု မကွေးတိုင်း ဒေသကြီး ဆိတ်ဖြူမြို့ တွင် နေထိုင်သော အသက် ၂၀ ကျော် အရွယ် မမာမာသီက ဆိုသည်။ ဖုန်းကတ် များကို ယခုနှစ် ဧပြီလမှ စတင်၍ တစ်နှစ်အတွင်း အနည်းဆုံး ဖုန်းကတ် ရှစ်သန်း ရောင်းချ သွားမည်ဖြစ်ပြီး တစ်လ မရရှိပါက နောက်လ စောင့်ဆိုင်း ဝယ်ယူရန် နိုင်ငံတော် သမ္မတကြီးက ပြောကြား ထားသည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, March 26, 2013

ဒေါ်အောင်ဆန်းစုကြည် ဖြူးမြို့ဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည်မတ်လ ၂၃ ရက်နေ့ နေ့နံနက် ၈နာရီ တွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူ ခရိုင်၊ ဖြူးမြို့ နယ်သို့ ရောက်ရှိနေကြောင်း The Voice Weekly သတင်းထောက်က သတင်းပေး ပို့သည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် ထူးဖောင်ဒေးရှင်း တို့က ဖြူးမြို့ နယ် ဘိုးဘွားရိပ်သာကို ငွေပဒေသာပင် ကျပ်သိန်း ၅၀၀ နှင့် တစ်နှစ်စာ ကျွေးမွေးစရိတ် ကျပ်သိန်း ၅၀၀ လှူဒါန်း ထောက်ပံ့ ခဲ့ကြောင်း ထူးဖောင်ဒေးရှင်း ဒုဥက္ကဌ ဦးဖိုးသင်းနိုင် က ပြောကြားသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, March 24, 2013

ဒေါ်စု၏ ပုံတူကို ပန်းပွင့်ပေါင်း ၂၀၀၀ ဖြင့်ဖန်တီးပြသူ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ ပုံတူကို မလေးရှား နိုင်ငံဖွား တရုတ် လူမျိုး အနုပညာ ဗိသုကာ ပညာရှင် မလေး ဟောင်ရီက ပန်းပွင့်ပေါင်း ၂၀၀၀ ဖြင့် ဇန်နဝါရီ ၂၄ ရက်နေ့က မလေရှား နိုင်ငံ Sutera Harbour Marina, Golf & Country Club တွင် ဖန်တီး ပြခဲ့သည်။ ဟောင်ရီသည် ၎င်းပုံတူ ဖန်တီး ရာတွင် ရေ၊ ဆေးရည် ထည့်ထားသော ပလက် စတစ်ခွက် အတွင်းသို့ ဇော်မွှား ပန်းအဖြူများ ထိုးစိုက်၍ ဖန်တီး ပြခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဖန်တီးရာတွင် ပန်းပွင့် အဖြူသို့ အောက်ခံ ခွက်မှ ဆေးရည် သူမ လိုချင်သည့် အရောင် ရောက်အောင် နာရီ ၄၀ ကြာ စောင့်ခဲ့ ရသည်ဟုသိရှိရသည်။ ထို့အပြင် ဟောင်ရီသည် အခြား ဖန်တီးမှု များအဖြစ် နေကြာစေ့ များဖြင့် ပုံတူ ဖန်တီးခြင်း၊ ဖယောင်း စက်များဖြင့် ဖန်တီးခြင်း၊ ကော်ဖီများ ပက်ဖြန်း၍ ဖန်းတီးခြင်း ကဲ့သို့သော အနုပညာ ဖန်တီးမှု မျိုးလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။ သူမသည် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ အတွက် ကြိုးပမ်း လှုပ်ရှားခြင်းကို လေးစား အားကျသဖြင့် ယခုလို ဂုဏ်ပြု ဖန်တီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, March 20, 2013

နိုင်ငံကူးလက်မှတ် ၁ဝ ရက်အတွင်း ရပြီ

မတ်လ ၁၉ ရက် နေ့မှ စတင်၍ နိုင်ငံကူး လက်မှတ် စာအုပ် လျှောက်ထား သူမှန် သမျှအား ၁ဝ ရက် အတွင်း ထုတ်ပေး မည်ဟု ပြည်ထဲရေး ဝန်ကြီး ဌာနမှ ထုတ်ပြန် ကြေညာ လိုက်သည်။
လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာနက D-Form၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီး ဌာန က ပုံစံ ၁၇နှင့် ၁၉၊ ပညာ ရေးဝန် ကြီးဌာနက ပညာရေး ကင်းရှင်းကြောင်း ထောက်ခံ ချက်များအား မတ်လလယ် အတွင်းမှ စ၍ မလိုအပ် တော့ကြောင်း ထုတ်ပြန်ပြီး နောက်ပိုင်း ပြည်ထဲရေး ဝန်ကြီး ဌာန ကလည်း ၄င်းတို့၏ လုပ်ငန်း စဉ်ကို ထိုသို့ လျှော့ချ လိုက်ခြင်းဖြစ် သည်ဟု သိရသည်။
လာရောက် လျှောက်ထား သူတို့ အချိန်ကုန် ငွေကုန်မှု ရှိစေသည့် ရုံးလုပ်ငန်း ဆိုင်ရာ မလိုသည့် အဆင့် ဆင့်ကို ဖြေလျှော့ လိုက်ပြီးရေး သွင်းရမည့် စာရွက် စာတမ်းများ မှာလည်း ငါးရွက် တည်းသာ ရှိ တော့သည်ဟု နိုင်ငံကူး လက်မှတ် ထုတ်ပေး ရေးရုံးမှ ရဲမှူး ကျော်ဇေယျက ဆိုသည်။ ”အရင် ပန်းဆိုး တန်းမှာ တုန်း က ၁၄ ရွက်ဖြည့် ရတယ်။
၂ဝ၁၁ ခုနှစ်က ရန်ကင်း ရုံးကို ပြောင်းတော့ ၉ ရွက် ကိုလျှောက်လွှာ ဝယ်ပြီး ဖြည့်ခဲ့ ကြရတယ်”ဟု ရဲမှူး ကျော်ဇေယျက ပြောသည်။ ဖြေလျှော့ ပေးမှု တွင် နိုင်ငံ ကူးလက်မှတ် စတင် လျှောက်ထား သူ အပြင် စာအုပ် အဟောင်းမှ အသစ်သို့ လဲလှယ် သူတို့လည်း ၇ ရက်ကျော် ပါက ရရှိမည်ဟု ရဲမှူး က ဆက်ပြောသည်။ လျှောက်ထား သူက ရေးသွင်း ရမည့် ကိုယ်တိုင်ရေး ရာဇဝင်ကို မမှန်မကန် ရေးသွင်း သည်ဆိုပါက ၁ဝ ရက်တည်းနှင့် ရရှိမည် မဟုတ်ဘဲ ပြန်လည် စိစစ် ရမည် ဖြစ်သဖြင့် သတ်မှတ် ရက်ထက် အနည်းငယ် နောက်ကျမှ ရရှိမည်ဟု ရဲမှူး ကျော်ဇေယျက ဆိုသည်။ယခင်က ၂၁ ရက် ကျော်မှ နိုင်ငံကူး လက်မှတ်ကို လျှောက် ထားသူက ရရှိခဲ့ ကြရသည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, March 8, 2013

ပရိသတ်ကြီးအတွက် အကောင်းဆုံး ဖျော်ဖြေမယ့် စိုးသူ

နိုင်ငံကျော် ပြည်သူချစ် အနုပညာရှင် စိုးသူရဲ့ တစ် ကိုယ်တော် ဖျော်ဖြေပွဲကို မတ်လ(၃၀)ရက်နေ့မှာ ရန်ကုန်မြို့ မိုင်ဒါကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ အဆိုပါ ပွဲနဲ့ပတ်သက် တဲ့ စာနယ်ဇင်း အသိပေးပွဲကို မတ် လ(၃)ရက် ညနေ(၄)နာရီက Junction Square Ootdoot Area မှာ ကျင်းပခဲ့ရာ စိုးသူမှ စာနယ်ဇင်း များကို Past & Present ပွဲနဲ့ ပတ် သက်ပြီး ပြောပြခဲ့ပါ တယ်။ အဆိုပါ ပွဲဟာ စိုးသူကိုချစ်တဲ့ ပရိသတ်များ လွတ်လပ်ပျော်ရွှင်စွာကြည့်ရှုခွင့်ရဖို့ Forever Blooso m မှကြီးမှူးကျင်း ပတာဖြစ်ပြီး MRTV-4 မှလည်း တိုက်ရိုက်ထုတ်လွှင့် မယ်လို့သိရပါတယ။် Zone A, Zone B သတ်မှတ်ထား ပြီး စိုးသူရဲ့မိတ်ဆွေများနဲ့ အနုပ ညာညီအစ်ကိုမောင်နှမများက Zone A မှကြည့် ရှု ရမှာဖြစ်ပြီး ပရိ သတ်များက Zone B ကြည့်ရှု ရမှာဖြစ်တယ်လို့ သိရပါတယ်။ စိုးသူက အဆိုပါပွဲမှာ သူ့ရဲ့အောင်မြင်ခဲ့ တဲ့ တေးသီချင်း များအပြင် သီချင်း သစ် အနည်းငယ်နဲ့ လည်းဖျော်ဖြေ မယ်လို့ သိရပါ တယ်။ စိုးသူက သူ့ရဲ့ပရိသတ် များအတွက် အ ကောင်းဆုံး ကြိုးစားတင်ဆက် သွားမယ်လို့ ဆိုပါ တယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, August 28, 2012

သုံးနှစ် အရစ်ကျသွင်းပါက မော်ဒယ်မြင့် တက္ကစီကားသစ်များ ရရှိမည် ဟုဆို

အငှားယာဉ် ဝယ်ယူ လိုသူများ အတွက် ကနဦး ကျပ်သိန်း ၄၀ ပေးချေကာ တစ်ရက်လျှင် ကျပ် ၁၃၀ဝ၀ ဖြင့်သုံးနှစ် အရစ်ကျပေးချေ ပြီးပါကToyota Belta, Toyota Caldina အပါအဝင် မော်ဒယ်မြင့် တက္ကစီ ကားများ ရရှိမည်ဖြစ်ကြောင်း Best Auto Service ကားကုမ္ပဏီ ထံမှ သိရသည်။
"ဒါဟာ အများပိုင် ကုမ္ပဏီ ဖြစ်ပါတယ်။ ရောင်းချမယ့် ပုံစံက တော့ ခိုင်လုံတဲ့ Customer ၊တကယ်လိုချင်တဲ့ Customer နဲ့ ကြိုတင်ငွေ အများဆုံးတင်သွင်းနိုင် တဲ့ Customer တွေကို ဦးစားပေးရောင်းချမှာပါ။ ပိုင်ရှင်တစ်ဦးကို Driver သုံးဦးစာ Register တင်ခွင့် ရှိပါတယ်" ဟုBest Auto Service ကားကုမ္ပဏီမှ မန်နေဂျာ ဦးစိုး တင့်က သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောသည်။
အရစ်ကျရောင်းချသွားမည့် အငှားယာဉ်များမှာToyota Corolla Van၊ Toyota Caldina Van ကား မော်ဒယ် ၉၇ နှင့် ၂၀၁၀ အကြား အင်ဂျင်ပါဝါ (ဓာတ်ဆီ အင်ဂျင်) ၁၃၀ဝ စီစီ၊ ဒီဇယ်အင်ဂျင် ၂၅၀ဝ စီစီကားများ၊Toyota Probox၊ Toyota Belta ကားမော်ဒယ် ၂၀ဝ၆၊ ဝ၇၊ ဝ၉၊ အင်ဂျင်ပါဝါ ၁၃၀ဝ စီစီကားများနှင့် ၂၀ဝ၇ မော်ဒယ်အင်ဂျင်ပါဝါ ၁၃၀ဝ စီစီ၊ Nissan Ad-Van ကားများဖြစ်ပြီးမည်သည့်ကားမဆို ဈေးနှုန်းတစ်ခု တည်း ရောင်းချသွားမည် ဖြစ် ကြောင်း သိရသည်။
"ဒီကိစ္စက အောက်ကားပိုင်ရှင် တက္ကစီ ဝယ်ယူချင်သူတွေ အတွက် အထောက်အကူ ပြုပါတယ်။ ဘာ ဖြစ်လို့လဲ ဆိုတော့ အောက်ကား ရောင်းပြီး ရတဲ့ငွေက တက္ကစီတစ်စီး ပြန်ဝယ်ဖို့ မလွယ်ကူပါဘူး"ဟု အငှားယာဉ်မောင်းနှင်သူ တစ်ဦးက ဆိုသည်။
အများပိုင်ကုမ္ပဏီမှ တက္ကစီ များကို ကနဦးသိန်း ၄၀ ပေးသွင်း ကာ တစ်ရက်လျှင် ကျပ် ၁၃၀ဝ၀ နှုန်း သုံးနှစ် အရစ်ကျပေးသွင်းကာဝယ်ယူနိုင်ပြီး ကားများကို စနစ် တကျ မောင်းနှင်မှု ရှိ မရှိ ၊Driver နှင့် ကားပိုင်ရှင်များ စည်းကမ်း လိုက်နာမှု ရှိ မရှိ ကုမ္ပဏီက စစ် ဆေးသွားမည်ဖြစ်ကြောင်း၊ ယခု အခါ အငှားယာဉ်မောင်း များ၏ အုံနာကြေးမှာ ကျပ် ၁၅၀ဝ၀ ဝန်း ကျင်ရှိပြီး ကားစလစ် ဈေးများမှာ ကျပ်သိန်း ၇၀ ဝန်းကျင် အရောင်း အဝယ် ပြုလုပ်နေကြကြောင်း၊ မြန်မာနိုင်ငံအတွင်းတွင် ရန်ကုန် တိုင်းဒေသကြီးတစ်ခုသာ အငှား ယာဉ် အသုံးပြုကြကြောင်း သိရ သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, August 26, 2012

ဘန်ကောက်မှာ ခွဲစိတ်မှုတစ်ခု ပြုလုပ်မယ့် မို့မို့မြင့်အောင်

မို့မို့မြင့်အောင် က သြဂုတ်လ ၁၈ရက်နေ့ မှာတော့ ဘန်ကောက်ကို ကြော်ငြာ ဓာတ်ပုံ ရိုက်ကူးရေး အတွက်ရော၊ ကျန်းမာရေး အတွက် ပါဆေးစစ် မှုတွေ ပြု လုပ်ခဲ့ မှာဖြစ်သလို၊ ကျီးပေါင်းကြောင့် ခွဲစိတ်မှုလည်း ပြုလုပ်ခဲ့မယ်လို့ ဆိုတာကြောင့်..''မမို့ ဘန်ကောက်မှာ ကြော်ငြာဓာတ်ပုံ ရိုက်မယ်။ ပြီးရင် ခွဲစိတ်မှုလုပ်ရမယ်။ မမို့ ခေါင်းအနောက်က အတက်က အာရုံကြောကို ဖိတော့ ညာဘက်လက်က နည်းနည်းလေး စသိမ်နေပြီ။ ခြေထောက် ကလည်း နည်းနည်းစလာပြီ။ ဒီထက်ပိုမဆိုးအောင်ပေါ့။ နောက်ဆုံးအဖြေက သူက ပြန်ကောင်း တာတော့ မရှိဘူး။ အောက်ပိုင်းသေ တာတွေဖြစ်နိုင်တယ်။ မမို့ အစ်မရဲ့ရုံးက ဝန်ထမ်းတစ်ယောက်ကလည်း ဒီလိုဖြစ်တော့ သွားလုပ်ပြီး သွားပြီ။ သူက မမို့လောက်တောင် မဆိုးပါဘူး။ အဲဒါ အစ်မက သွားလုပ်သင့် တယ်လို့ ပြောတာနဲ့ ဓာတ်ပုံ ရိုက်ပြီးရင်တော့ ခွဲစိတ်မှု လုပ်လိုက်တော့မယ်။ တစ်ပတ် ဆယ်ရက်လောက်တော့ ကြာမှာ ပေါ့။ ဒီလိုဖြစ်ခဲ့တာ က တော်တော်ကြာပြီ။
ဒါရိုက်တာမောင်ဝဏ္ဏနဲ့ မိုးမင်းစရိုက်တဲ့ကား မှာ ဖြစ်တာ အဲဒီကားမှာ ကျွမ်းထိုးလိုက်တာ။ အစတုန်းက ကိုယ်ကိုယ် တိုင်နှစ်တန်းခုန်၊ ကျွမ်းဘား တို့ကို လုပ်တာ။ ဘာမဟုတ်တဲ့ မြေညီမှာ ကျွမ်းဘား သွားထိုး လိုက်တာ ဇက်နည်းနည်း လေးလည်သွားတာ။ အဲဒီက စပြီး အုံးခဏ ခဏ လွဲတယ်ဆိုပြီး ဓာတ်မှန်ရိုက်လိုက်တာ အရိုး ၅နဲ့၆ကြားမှာ ကျီးပေါင်း တက်နေတယ်။ အဲဒီကျီးပေါင်းကလာပြီး ထောက်နေတာ။ ပြန် စဉ်းစားတော့ လည်း အနုပညာကို ချစ်တဲ့စိတ်နဲ့ဇွတ်တရွတ် လုပ်တာက ဒီဒဏ်တွေ ထွက်လာတာပါပဲ။ ခွဲစိတ်မှုကတော့ မိုင်နာလို့တော့ ပြောတယ်။ နောက်ပြီး မမို့ရဲ့ နှလုံးလို့ အဖြေ ထွက်ထားတာကိုလည်း အဖြေရှာ ရမယ်။ နောက် အပျိုကြီးလိုဖြစ်ရတဲ့ရောဂါကိုလည်း အဲဒီမှာ အကုန် လုံးပြန်ဆေးစစ်ခဲ့မယ်။ အနုပညာကို ချစ်တဲ့စိတ်နဲ့မိုက်မိုက်ကန်းကန်း စွန့် လုပ်ခဲ့တာတွေရှိတယ်။ဒါပေမဲ့ ဘယ်လောက် သတ္တိကောင်းတဲ့ လူဖြစ်ဖြစ် တကယ် ခွဲစိတ်ခန်း ဝင်ရတော့မယ် ဆိုရင်တော့ ငါ အောက်ပိုင်းသေသွားရင် ဘယ်လို လုပ်မလဲလို့ တွေးမိတယ်''လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, August 2, 2012

အကြမ်းဖက် ပါကစ္စတန် တာလီဘန်အဖွဲ့ မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက်မှု စိုးရိမ်ပူပန်ရန် မလိုဟုဆို

ပါကစ္စတန် နိုင်ငံ အခြေစိုက် တာလီဘန် အဖွဲ့တစ်ဖွဲ့ဖြစ်သော Tehreeke-Taliban (TTP) အဖွဲ့က ရခိုင် ပြည်နယ် ဖြစ်ပွားသော ကိစ္စများနှင့် ပတ်သက်ပြီး ပါကစ္စတန် နိုင်ငံရှိ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို တိုက်ခိုက်မည် ဖြစ်ကြောင်း ဇူလိုင် ၂၆ ရက်နေ့က သတင်းထုတ်ပြန်ရာ ယင်းထုတ်ပြန်ချက်ကို ပြည်တွင်း အစ္စလာမ်ဘာသာဝင်များက လက်မခံဘဲ ပယ်ချလိုက်ပြီး နယ်စပ်ရေးရာနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ပြည်သူများ စိုးရိမ်ရန်မလိုကြောင်း ပြောဆိုလိုက်သည်။
တာလီဘန်အဖွဲ့၏ ခြိမ်း ခြောက်မှုနှင့်ပတ်သက်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက “လုံခြုံရေး အပြည့်ရှိပါတယ်”ဟု ဇူလိုင်လ ၃၀ ရက်နေ့ ရန်ကုန်မြို့တွင် ကျင်းပ သော ရခိုင်အရေး သတင်းစာရှင်း လင်းပွဲတွင် ပြောဆိုသည်။ ပြည်တွင်း အစ္စလာမ်ဘာသာ ဝင် တစ်ဦးဖြစ်သော ၈၈ မျိုးဆက် ကျောင်းသား ကိုမြအေးက တာလီဘန်အဖွဲ့၏ ခြိမ်းခြောက်မှုအပေါ် လက်မခံကြောင်း ပြောဆိုသည်။ “အကြမ်းဖက်ဝါဒနဲ့ ပတ် သက်ပြီးတော့ လက်မခံဘူး။ တစ် ကမ္ဘာလုံးလည်း လက်မခံဘူး။ ဒီ နိုင်ငံမှာ အကြမ်းဖက်မှု ပေါ်ထွန်း လာမှာမလိုလားဘူး”ဟု ကိုမြအေး က ပြောဆိုသည်။
ပြည်တွင်း အစ္စလာမ်ဘာသာ ဝင်များ ဦးဆောင်ဖွဲ့စည်းထားသောအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမို ကရက်တစ်ပါတီမှ ဗဟိုအလုပ်အမှု ဆောင် ဦးအဘူလ်တာဟေရ်(ခေါ်) ဦးသာအေးက တာလီဘန်အဖွဲ့၏ ခြိမ်းခြောက်သည်ဆိုသော သတင်း အပါအဝင် သတင်းအများစုသည် နိုင်ငံတွင်း စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေးပျက်ပြားအောင် လုပ် ဆောင်နေသည်ဟု ပြောဆိုသည်။
“အဲဒီ သတင်းတွေက ကျွန်တော်တို့နိုင်ငံ မတည်မငြိမ် ဖြစ် အောင် လုပ်နေတာ”ဟု ၄င်းက ဆို သည်။ ပြည်တွင်း အစ္စလာမ်ဘာသာ ဝင်အချို့ကလည်း တာလီဘန်အဖွဲ့ ၏ ခြိမ်းခြောက်မှုကို လက်မခံဟုပြောဆိုကြသည်။ အမေရိကန်ပြည်ထောင်စု၏ ထုတ်ပြန်ချက်အရTTP တာလီ ဘန်အဖွဲ့သည် ၂၀၁၀ ခုနှစ်၊ နယူး ယောက် မြို့လယ်ကောင် Time Square ဗုံးခွဲရန် ကြိုးစားမှု၊ ၂၀ဝ၉ခုနှစ် အာဖဂန်နစ္စတန်တွင် အသေခံ ဗုံးဖောက်ခွဲမှုကြောင့် အမေရိကန် စီအိုအေအဖွဲ့ဝင် ခုနစ်ဦးသေဆုံးမှု အတွက် တာဝန်ရှိသော အကြမ်း ဖက် အဖွဲ့အစည်းဖြစ်ကြောင်း သိရှိ ရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

The Lady ရုပ်ရှင်အပြီး ထပ်ပေါ်လာမယ့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဒုတိယမြောက် မှတ်တမ်း ရုပ်ရှင်

အသက် ၆၇ နှစ်အရွယ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးက မှတ်တမ်းရုပ်ရှင် ရိုက်ကူးနေပြီ ဖြစ်တာမို့လို့ သူဟာ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးတဲ့ ဒါရိုက်တာတွေထဲ နိုင်ငံခြားသားတွေပြီးရင် ပထမဆုံးမြန်မာလူမျိုးအဖြစ် စာရင်းဝင်သွားပြီ ဖြစ်ပါတယ်။
ပြသချိန် ၁ နာရီခွဲကြာမယ့် သူ့ရဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်း မှတ်တမ်းရုပ်ရှင်ဟာ ရိုက်ကူးရေးအနေနဲ့ အခုမှ အစပဲ ရှိသေးတဲ့အကြောင်းကို မင်းထင်ကိုကိုကြီးက “၂၁ ရက်နေ့ကမှ အမေ့ ခြံထဲမှာ စရိုက်ဖြစ်တာပါ။ အမေစုနဲ့အင်တာဗျူးအခန်းတွေ ရိုက်ဖြစ် ခဲ့ပါတယ်”လို့ ဆိုပါတယ်။ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကလွတ် ပြီး တစ်လအကြာမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းနဲ့ ပတ်သက်ပြီး မှတ်တမ်းရုပ်ရှင်ရိုက်လိုတဲ့အကြောင်း ဒေါ်အောင်ဆန်း စုကြည်ကို အသိပေးခွင့်တောင်းခဲ့တယ်လို့ ၂၀၁၀ အာဆီယံ ရုပ်ရှင် ပွဲတော်မှာ“အင်းသီး”မှတ်တမ်းရုင်ရှင်နဲ့ ဒုတိယအကောင်းဆုံးမှတ်တမ်း ရုပ်ရှင်ဆုရခဲ့တဲ့ မင်းထင်ကိုကိုကြီးက ပြောပြပါတယ်။
“အဲဒီတုန်းကတော့ အမေစုက ရိုက်ပေါ့။ အခုတော့ ခဏနေပါ ဦးလို့ပြောတယ်။ ၂၀၁၁ ဇူလိုင်မှာ ကျွန်တော်က နောက်တစ်ခါထပ် ပြောတော့ အမေစုကရိုက်ခွင့်ပေးလိုက်ပါတယ်”လို့ သူကပြောတယ်။ အဲဒီလို ခွင့်ပြုချက်ရတဲ့နောက်မှာတော့ မင်းထင်ကိုကိုကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး အချက်အလက်တွေကို အများကြီး ရှာဖွေစုဆောင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ဒေါ်အောင်ဆန်း စုကြည် နော်ဝေမှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကိုသွားယူတော့ အဲဒီအခမ်းအနားဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်းမို့လို့ သူ့ရဲ့ဇာတ်ကားထဲမှာထည့်ဖို့အတွက် မင်းထင်ကိုကိုကြီးဟာ နော်ဝေကိုလိုက်သွားပြီး ဆုယူတဲ့အခမ်းအနားကို မှတ်တမ်းတင်ရိုက်ကူးခဲ့ပါသေးတယ်။ “အမေစုအနားမှာ အဲဒီလိုမျိုးရိုက်ချင်လို့ စောင့်နေတဲ့နိုင်ငံခြားသားတွေလည်း အများကြီး။ ကျွန်တော့်ကို ရိုက်ခွင့် ပေးလိုက်တယ်ဆိုတာ ကိုယ့်မြန်မာအချင်းချင်း ရိုက်စေချင်လို့ပေးလိုက်တာ ဖြစ်နိုင်ပါတယ်” လို့ မင်းထင်ကိုကိုကြီးက ဆိုပါတယ်။
ဇာတ်ကားလုံးဝပြီးစီးဖို့ဆိုရင်တော့ အချိန်နှစ်နှစ်လောက်ကြာဦးမယ်လို့ သူကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ အကြိမ်ကြိမ် အသေးစိတ်ဆွေးနွေးပြီးတဲ့နောက်မှာတော့ မင်းထင်ကိုကိုကြီးဟာ သူ့ရဲ့မှတ်တမ်းရုပ်ရှင်ထဲမှာ ဘယ် အချိန်ကာလကနေ ဘယ်အချိန်အထိပါမယ်ဆိုတဲ့Timeline တစ်ခုကို ဆွဲနိုင်ခဲ့ပါတယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဘဝဇာတ်ကြောင်းပေါ်မှာ အခြေခံထားတဲ့ Luc Besson ရဲ့The Lady ဇာတ်ကားနဲ့ အခု မင်းထင်ကိုကိုကြီးရိုက်မယ့် မှတ်တမ်းရှင်ရှင်တို့ရဲ့ မတူညီတဲ့အချက်က တော့ အခု မင်းထင်ကိုကိုကြီးရိုက်မယ့်အထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငယ်ဘဝကနေ အခု လွှတ်တော်ထဲရောက် နေတဲ့အကြောင်းတွေ ပါတာပဲဖြစ်ပါတယ်။
“အခု အဓိကပြဿနာက အချိန်။ အမေစုက အခု လွှတ်တော်ထဲမှာပဲဆိုတော့ အလုပ်အရမ်းရှုပ်နေတယ်။ ကျွန်တော် တို့လိုချင်သလို အချိန်ကိုမပေးနိုင်ဘူး။ ဒီတော့ ပြီးဖို့နှစ်နှစ်လောက်ကြာမယ်ဆိုတာ မဆန်းဘူး”လို့ မင်းထင်ကိုကိုကြီး က ပြောတယ်။ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး မှတ်တမ်းရှင်ရှင်ရိုက်ဖို့ စိတ်ကူးဟာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကလွတ်လာပြီးတော့ ရတာဖြစ်ပြီး အရင်ကတော့ ရိုက်ဖို့စိတ်ကူးမရခဲ့ဘူးလို့ သူက ဆိုပါတယ်။ ဇာတ်ကားလုံးဝ ပြီးစီးသွားရင်တော့ အဲဒီကားကို နိုင်ငံတကာမှာဖွင့်ပွဲလုပ်မယ်လို့ မင်းထင်ကိုကိုကြီးကပြောတယ်။
“ဘယ်နိုင်ငံမှာလုပ်မယ်ဆိုတာတော့ မစဉ်းစားရသေးဘူးဗျာ။ အဝေးကြီးလည်းလိုသေးတာကိုး။ လုပ်တာကတော့လုပ်မှာ။ ကျွန်တော့်မှာ အခု ဇာတ်ကားကို နာမည်တောင် မစဉ်းစားရ သေးဘူး” လို့ သူက ပြောပါတယ်။ “ပြည်တွင်းမှာတော့ အဲဒီကားကို အလကားဖြန့်မယ်။ ပရိသတ် တွေဆီ ပိုရောက်ဖို့အတွက်တော့ ရုံတွေမှာ ပြမလား၊ တီဗွီ ချန်နယ် တစ်ခုခုက လွှင့်မလားဆိုတာကိုတော့ စဉ်းစားရမယ်”လို့ သူက ဆက် ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားတဲ့ ပြင်သစ် ဒါရိုက်တာ Luc Besson ရဲ့ The Lady ဇာတ်ကားဟာ မနှစ်က ထွက်ရှိခဲ့ပါတယ်။ ရုံတင်ပြသခြင်းမရှိခဲ့တဲ့ အဲဒီဇာတ်ကားဟာ ခိုးကူး ခွေအနေနဲ့ အင်မတန်ရောင်းကောင်းခဲ့ပေမယ့်လည်း ဒေါ်အောင်ဆန်း စုကြည်နဲ့ မြန်မာ့သမိုင်းဆိုင်ရာအချက်အလက်တွေပေါ်မှာ လွဲမှားမှု တွေရှိတယ်ဆိုပြီး အငြင်းပွားစရာဖြစ်ခဲ့ပါသေးတယ်။ “အချစ်ဇာတ်လမ်း ဆန်ဆန်ပါပဲ။ ဇာတ်လမ်းက အစကတည်း က အချက်အလက်တွေမှားနေတာကတော့ စိတ်ပျက်စရာကြီး”လို့ The Lady ကို ခိုးကူးခွေအနေနဲ့ကြည့်ခဲ့ရတဲ့ အသက် ၂၈ နှစ်အရွယ် ရန်ကုန်သူ မေနှင်းက ဆိုပါတယ်။
မင်းထင်ကိုကိုကြီးကတော့Luc Besson ဟာ သူ့ဇာတ်ကားထဲမှာ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆုရတာဟာ ခင်ပွန်း ကွယ်လွန်သူ မိုက်ကယ်အဲရစ်ကြောင့်ရသလိုလို ပုံဖော်ထားတာ ကြောင့် ထိုဇာတ်ကားကိုThe Lady လို့မပေးဘဲThe Husband လို့ ပေးသင့်တယ်လို့ ဆိုပါတယ်။ “ဗိုလ်ချုပ်ကိုလုပ်ကြံတဲ့အခန်းမှာလည်း ခြောက်လုံးပြူးက နားထင်ကို လာတေ့ရာမှာ ဗိုလ်ချုပ်က လုပ်ချင်ရာ လုပ်ကြပါတော့ဆိုတဲ့ ပုံစံမျိုးရိုက်ပြထားတယ်။ သူအဲဒီလို ရိုက်ပြလိုက်တာက ဘယ်တော့မှ လွယ်လွယ် အရှုံးမပေး တတ်တဲ့ ဗိုလ်ချုပ်ရဲ့သိက္ခာကို စော်ကားသလိုဖြစ်နေတယ်။
သမိုင်းအချက်အလက်တွေမှားနေတာလည်းပါတော့The Lady ဟာ သေသေချာချာ ပြင်ဆင်မှုမရှိဘဲ ချက်ချင်းထရိုက်တဲ့ ဇာတ်ကားလို့ပဲ ပြောရမှာပေါ့” လို့ သူက ပြောတယ်။ အဲဒီအကြောင်းတွေကို သူက ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြတော့ ဒေါ်အောင်ဆန်းစုကြည်က “ကောင်းတာပေါ့။ သားတို့ သင်ခန်းစာယူလို့ရတာပေါ့”လို့ ပြောပါတယ်။ွှ့The Wall Street Journal သတင်းစာနဲ့ ဒီနှစ်အစောပိုင်းတုန်းကလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့Luc Besson ဟာ သူ့အနေနဲ့ The Lady ဇာတ်ကားကို ရိုက်တုန်းက အချက်အလက်မှန်မှန်ကန်ကန်ရခွင့်မကြုံခဲ့ဘူးလို့ ဆိုပါတယ်။
“ရတဲ့အချက်အလက်တွေက အများကြီးပဲ။ အဲဒါတွေကို နည်းနည်းပဲကျန်တဲ့အထိ စစ်ထုတ်ပစ်ရပါတယ်။ အဲဒီအခါမှာ တော့ “ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ အမှန်တရားဆိုတာ ဒီအချက်အလက်တွေထဲမှာရှိတယ်” ဆိုတာမျိုး ရလာတယ်။ သေတော့မသေချာဘူး ဒါပေမယ့် အနည်းဆုံးတော့ နီးစပ်မှုတော့ ရှိတယ်”လို့Luc Besson က အဲဒီ အင်တာဗျူးမှာ ဖြေထားပါတယ်။ အခု မှတ်တမ်းရုပ်ရှင်ကို ရိုက်ဖြစ်သွားရတဲ့အကြောင်းနဲ့ပတ်သက်ပြီး မင်းထင်ကိုကိုကြီးက “အမေစုအပေါ် လေးစား တဲ့ စိတ်ကြောင့်ပါ။ တခြားအကြောင်းမရှိပါဘူး”လို့ ဆိုပါတယ်။ “လူပုဂ္ဂိုလ်တစ်ယောက်အကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်တာ ကျွန်တော့်အတွက် ဒါဟာပထမဆုံးပါပဲ။ ကျွန်တော် တို့ဆီမှာ ကမ္ဘာကသိတဲ့လူ သုံးယောက်ရှိတယ်။ ဗိုလ်ချုပ်၊ ဦးသန့်နဲ့ အမေစု။ အခုဆို အမေစုတစ်ယောက်ပဲ ကျန် တော့တယ်။ သူ့ဘဝအကြောင်းကို ကျွန်တော့်အနုပညာနဲ့ တတ်စွမ်းသလောက် မှတ်တမ်းတင်ချင်တာပါ”လို့ မင်းထင် ကိုကိုကြီးက ပြောပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, July 28, 2012

၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လူဦးရေ ၇၅ ရာခိုင်နှုန်း မိုဘိုင်းကိုင်ဆောင်လာနိုင်မည်ဟုဆို

မြန်မာ့ ဆက်သွယ် ရေး လုပ်ငန်းမှ မိုဘိုင်း ဖုန်းသန်း ၃၀ စီမံကိန်း ကို
ငါး နှစ် စီမံကိန်း ဖြင့်အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိရာတွင် စီမံကိန်း၏ နောက်ဆုံးနှစ် ၂၀၁၆ ခုနှစ်တွင် မြန် မာနိုင်ငံ၏ ၇၅ ရာခိုင်နှုန်းဝန်းကျင်ထိ မိုဘိုင်းဖုန်းကိုင်ဆောင်လာနိုင်မည်ဖြစ် ကြောင်းသိရသည်။ ထိုကဲ့သို့ ၂၀၁၆ ခုနှစ်တွင် လူဦး ရေ ၇၅ ရာခိုင်နှုန်းဝန်းကျင်အထိ မိုဘိုင်းဖုန်းကိုင်ဆောင်နိုင်ရန်အတွက် လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်သွယ်ရေးဆိုင်ရာအခြေခံအ ဆောက်အအုံများကို ပုဂ္ဂလိကကုမ္ပဏီ များဖြင့် ပူးပေါင်း၍ တည်ဆောက် လျက်ရှိသည်။
"စီမံကိန်းနောက်ဆုံးနှစ်မှာတော့ လူဦးရေ ၇၀ ရာခိုင်နှုန်းဝန်းကျင် လောက် မိုဘိုင်းဖုန်းကိုင်ဆောင်အသုံး ပြုလာနိုင်မှာပါ။ အဲဒီလိုအသုံးပြုနိုင်ဖို့ အတွက်လည်း ဆက်သွယ်ရေးလုပ် ငန်းအနေနဲ့ လိုအပ်တာတွေပြင်ဆင်ပြီး မိုဘိုင်းဖုန်းဈေးနှုန်းတွေကို တစ်နှစ် ထက်တစ်နှစ် လူတိုင်းဖုန်းကိုင်နိုင် အောင်အထိကို လျော့ချပေးအသုံးပြု ခွင့်ပေးသွားမှာပါ" ဟု မြန်မာ့ဆက် သွယ်ရေးသင်တန်းကျောင်းမှ ကျောင်း အုပ်ဦးကျော်စိုးကပြောသည်။

ထို့ပြင် ပြောင်းလဲလာတဲ့ခေတ် စနစ်နဲ့အညီလိုက်၍လည်း ယခင်ကဲ့သို့ ဌာနဗဟိုပြုမှုပုံစံမျိုးမဟုတ်တော့ဘဲ ပြည်သူဗဟိုပြုပုံစံမျိုးဖြင့် ဆက်သွယ် ရေးလုပ်ငန်းကို ဆောင်ရွက်သွားရန် အတွက်လည်း ဆောင်ရွက်လျက်ရှိ သည်ဟုသိရသည်။ လက်ရှိမြန်မာနိုင်ငံ၏ ကျေး လက်ဒေသတယ်လီ ဖုန်းသိပ်သည်း ဆ ၃၈ ရာခိုင်နှုန်းဝန်းကျင်သာရှိသည့် အတွက် လာမည့် ၂၀၁၆ ခုနှစ်တွင် တယ်လီဖုန်းသိပ်သည်းဆ ၇၅ ရာခိုင် နှုန်း ရှိလာမည်ဖြစ်ပြီး လာမည့် ၂၀၂၀ ခုနှစ်တွင် တယ်လီဖုန်းသိပ်သည်းဆ ကို ၁၀ဝ ရာခိုင်နှုန်းဝန်းကျင်အထိ မြင့်တက်နိုင်ရန်အတွက်လည်း စီစဉ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ "အခုလိုလူတိုင်းဖုန်းအသုံးပြုနိုင် အောင် စီမံကိန်းတွေချပြီး ဆောင်ရွက် ပေးတာတော့ ကောင်းပါတယ်။ ဆက် သွယ်မှုကွန်ရက်တွေကိုလည်း တိုးပြီး လုပ်ပေးဖို့တော့ လိုအပ်မှာပါ" ဟု ဖုန်း သုံးစွဲသူက ဆိုသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed