BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, March 17, 2013

ရေကူးအားကစားနည်းနဲ့ သင်ဇာဝင့်ကျော်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၁၃ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို ဒီဇင်ဘာလ အတွင်းမှာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနဲ့ ချောင်းသာ ကမ်းခြေတို့မှာ ကျင်းပမှာဖြစ်ပြီး ကျင်းပရန်ရက် ပေါင်း၂၇ဝကျော်သာ လိုတော့တဲ့အထိ နီးကပ်လာပါပြီ။ အခုတစ်ပတ်မှာတော့ ဆီးဂိမ်းမှာ ကျင်းပမယ့် အားကစားနည်း ၃၃နည်းထဲက ရေကူး အားကစားနည်းကို အနုပညာရှင် သင်ဇာဝင့်ကျော်နဲ့ ရန်ကုန်မြို့က အမျိုး သား ရေကူးကန် မှာစီစဉ်ရိုက် ကူးဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ဆီးဂိမ်းအပေါ် အမြင်နဲ့ ရေကူးအားကစား နည်းအကြောင်း မေးမြန်းဖြစ်ခဲ့ ပါတယ်။ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ဆီးဂိမ်းကို အိမ်ရှင်အဖြစ်နဲ့ ကျင်းပမှာကို ဂုဏ်ယူမိ တယ်လို့ ဆိုလာသူ သင်ဇာဝင့်ကျော်က ဆီးဂိမ်းနဲ့ ပတ်သက်ပြီး ”ဆောင်ပုဒ်တစ်ခုရှိတယ်။ “မြန်မာအား ကစား ကမ္ဘာကို လွှမ်းရမည်” ဆိုတဲ့ဆောင် ပုဒ်အတိုင်း တကယ်ကို မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေချင် တယ်။ ဆီးဂိမ်းက အဲဒီလိုဖြစ်လာဖို့ အတွက် အစလို့ ထင်မိတယ်။ နောက်ပြီးတော့ ကိုယ့်နိုင်ငံက အိမ်ရှင် အဖြစ်နဲ့ စည်စည် ကားကား သိုက်သိုက် မြိုက်မြိုက် ကျင်းပမှာမို့လို့ ကိုယ့်နိုင်ငံအတွက် ဂုဏ်လည်းယူမိ တယ်”
”မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ပါဝင် ယှဉ်ပြိုင်ကြမယ့် ကစားသမား တွေ အားလုံး ကိုလည်း အားပေးနေ မှာပါ”လို့ ပြောပြပါတယ်။ အနုပညာရှင် တစ်ယောက်အနေနဲ့ အားကစားနည်းတစ်ခုကို ပြည်သူတွေ စိတ်ဝင်စားစေဖို့ လှုံ့ဆော်ပေးရတဲ့ အပေါ်ကိုလည်း ”ကိုယ်က အားကစားသမား မဟုတ်ပေမယ့် ဒီဟာကိုဝိုင်းပြီး လှုံ့ဆော်ပေးရတာပဲ ဖြစ်ဖြစ် ကိုယ်တတ်နိုင်သမျှ ပါဝင် ခွင့်ရတယ်ဆိုရင် ဝမ်းသာလှပါပြီ။ ကိုယ်က အားကစားအကြောင်းကို သိပ်မသိပေမယ့် အားကစား ကို ကိုယ့်ရဲ့ အနုပညာနဲ့ပေါင်းစပ်ပြီး အများပြည်သူသိဖို့ စိတ်ဝင်စားဖို့ လှုံ့ဆော်ရမယ်ဆိုရင် ကျေနပ်သလို ဝမ်းလည်းဝမ်းသာပါတယ်”လို့ သင်ဇာဝင့်ကျော်က ဆက်ပြောပါ တယ်။
အနုပညာရှင် မဖြစ်ခင်ငယ်ငယ် တုန်းကတည်းကအားကစားကို စိတ် ဝင်စားပြီး ဘောလုံးကန်တာ၊ ရေကူးတာတို့ကို လုပ်ဖြစ်ခဲ့တယ်ဆိုတဲ့ သင်ဇင် ဝင့်ကျော်က သူ့ရဲ့ ငယ်စဉ် ဘဝကို ”ငယ်ငယ်တုန်းကနေတဲ့ ခြံကကျယ်တယ်။ အဲဒီက ကိုယ်တွေနဲ့ သက်တူရွယ်တူ ကစားဖော်၊ ကစားဖက်တွေလည်း ရှိတယ်ဆိုတော့ ဘောလုံးလည်း ကန်ဖြစ်တယ်။ နောက်ပြီး ဘေ့စ်ဘောတို့လို အားကစားတွေ လည်းလုပ်ဖြစ်တယ်။ ငယ်ငယ်ကတည်းက ရေကူးရတာကို ဝါသနာပါပြီး ရေကူးတာကို လုပ်ဖြစ်ခဲ့တယ်”လို့ ပြောပြပါတယ်။ ရေကူးအားကစားနဲ့ အမှတ်တရ တွေအကြောင်းကို ”ခုနစ်တန်း လောက်က ရေကူးပြိုင်ဖို့ဆိုပြီး ပြိုင်ပွဲ ဝင်စာရင်းထည့်ပေး လိုက် တယ်။ မီတာ ၅ဝ၊ ၁ဝဝလားတော့ မမှတ်မိတော့ဘူး။ ဒါပေမဲ့ ပြိုင်ပွဲ ရက်နီးခါမှ နေမကောင်းဖြစ်တာ ကြောင့် မပြိုင်လိုက်ရဘူး။ စိတ် လည်းမကောင်းဘူးပေါ့။ ဒါကတော့ အခုထိ သင်ဇာ့အတွက် အမှတ်တရပါပဲ”လို့ သတိတရနဲ့ ပြောပြပါတယ်။ ရေကူးအားကစားဟာ ကျန်းမာရေးအတွက် သင့်တော်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိစေကြောင်း၊ ခန္ဓာကိုယ်အတွက် ရေကူး အားကစားနည်းဟာ အလွန်အဆင် ပြေကြောင်း ဆက်ပြောပါတယ်။
သင်ဇာဝင့်ကျော်က ဆီးဂိမ်းပြိုင်ပွဲကို ပရိသတ်အများအပြား လာရောက် အားပေးစေချင်ပြီး ပြိုင်ပွဲဝင်မယ့် အားကစားသမား တွေအတွက် အားပေးဆုတောင်း စကားကို ”ဘယ်အရာမဆို ဇွဲ မလျှော့စတမ်း ကြိုးစားရင် အောင် မြင်မှာပါ။ ကိုယ်ဆုံးဖြတ်ပြီး တဲ့အရာကို ကောင်းအောင်လုပ်ဖို့ပဲ ကြိုးစားပါတယ်။ သင်ဇာလည်း ဘဝကို ဒီလို ပဲလျှောက် လှမ်းနေတာပါ။ ရေကူး အားကစားနည်းက ကစားသမားတွေရော၊တခြားအားကစား နည်းတွေက နိုင်ငံဂုဏ်ဆောင်ကြမယ့် ကစားသမားတွေပါ ဇွဲ မလျှော့ စတမ်းကြိုးစားပြီး မြန်မာ နိုင်ငံအတွက် ရွှေတံဆိပ်အများကြီးရ မယ်လို့ မျှော်လင့်ပါတယ်၊ ယုံလည်း ယုံကြည်ပါတယ်”လို့ပြောပြခဲ့ပါတယ်။ ရေကူးပြိုင်ပွဲကို နေပြည်တော်ရှိ ဝဏ္ဏ သိဒ္ဓိရေကူးကန်နဲ့ ဇေယျာသီရိ ရေကူးကန်တွေမှာ ကျင်းပပြုလုပ်မှာဖြစ် ပြီး ချီးမြှင့်မယ့် ဆုတံဆိပ် အရေ အတွက်က ရွှေ ၃၄ ခု၊ ငွေ ၃၄ ခု၊ ကြေး ၃၄ ခု စုစုပေါင်း ၁ဝ၂ ခု ချီးမြှင့်မှာ ဖြစ်ပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

တစ်ခါအားသွင်းရုံဖြင့် တစ်လကြာ အသုံးပြုနိုင်မည့် ဟန်းစက် Nokia ထုတ်လုပ်

ဘက်ထရီအား တစ်ခါ အားသွင်းရုံဖြင့် အချိန်တစ်လ ကြာအထိ အသုံးပြုနိုင်မည့် ဒေါ်လာ၂၀ ၀န်းကျင်ရှိ ဈေးနှုန်း သတ်မှတ်ထားသည့် တန်းဖိုးနည်း ဟန်းဆက်တစ်မျိုးကို Nokia ကုမ္ပဏီမှ ထုတ်လုပ် မိတ်ဆက် လိုက်ကြောင်း သိရသည်။ အဆိုပါ ဟန်းဆက်အား Nokia 105 ဟု အမည်ပေးထားပြီး FM Radio စနစ်နှင့် လက်နှိပ်ဓာတ်မီး စနစ်တို့ကို တစ်ပါတည်း ထည့်သွင်းပေးထားသည်။ Standby ထားရှိပါ က ၃၅ ရက်ကြာ ထားရှိနိုင်မည်ဖြစ်ပြီး တရစပ် စကားပြောလျှင် ၁၃ နာရီ ကြာပြောနိုင်အောင် ဘက်ထရီ အနေဖြင့် ခရီးဝေးသွားသည့် ကာလ၌ ဘက်ထရီ အားသွင်းရန် ခက်ခဲသည့် အခြေအနေ များတွင် အကောင်းမွန်ဆုံး အသုံးချနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး တန်ဖိုးအားဖြင့် နည်းပါးခြင်း ကမည်သူမဆို အလွယ်တကူ ဝယ်ယူနိုင်မည့် အချက်ဖြစ်ကြောင်း ပြောကြားထားသည်။ လာမည့် ရက်သတ္တပတ်အတွင်း ၎င်းဖုန်းများအား ဈေးကွက် အတွင်း ရောင်းချရန် စီစဉ်သွားမည်ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်အထိ ထိုးဖောက်ရန် ရည်ရွယ်ထား နေကြောင်း သိရသည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အန္တရာယ်ရင်ဆိုင်ရလျှင် အလိုအလျောက် ဘရိတ်အုပ်သွားမည့်ကား

နောက်ဆုံးပေါ် Volvo ကားတွင် တပ်ဆင်ထားသည့် အာရုံခံ ကိရိယာများတွင် လမ်းသွားလမ်းလာများနှင့် လမ်းပေါ်ရှိ လူများကိုသာမက အရာဝတ္ထုများကို မတိုက်ခင် ကြိုတင်အာရုံခံပြီး အလိုအလျောက် ဘရိတ်အုပ် သွားမည်ဖြစ်သည်။ ယင်းသို့ အာရုံခံနိုင်ရန် ကားမှန်များတွင် ကင်မရာများကို တပ်ဆင်ထားသည် ဟု သိရသည်။ အဆိုပါ ကားများတွင် ရေဒါအချက်ပြ နည်းပညာကို သုံးစွဲထားပြီး ကင်မရာနှင့် အာရုံခံ ကိရိယာများကို ကွန်ပျူတာများနှင့် ချိတ်ဆက်ထား သည်။ထို့ကြောင့် ယာဉ်မောင်းသူအဖြင့် ယာဉ်တိုက် မှုဖြစ်မည့် အချိန်တွင် ဘရိတ်အုတ်ရန် သတိမေ့နေ လျှင် ကွန်ပျူတာ စနစ်များနှင့် ချိတ်ဆက်ထားသော အာရုံခံ ကိရိယာများက အလိုအလျောက် ဘရိတ်အုပ် ပေးသွားမည် ဖြစ်သောကြောင့် ယာဉ်တိုက်မှု အန္တရယ် ကို လျှော့ချနိုင်တော့ မည်ဖြစ်သည်။ သို့သော် ယင်းသို့ ကွန်ပျူတာ စနစ်ဖြင့် အလိုအလျောက် ဘရိတ်မအုပ်မီ ယာဉ်မောင်းသူကို အသံဖြင့် သတိပေးမည် ဖြစ်သကဲ့ သို့ မီးနီများဖြင့်ကြိုတင် အချက်ပြမည်ဖြစ်သည်။ထို့ပြင် လေကာမှန်များနှင့် ကားစက်ဖုန်းများ ပေါ်တွင်လည်း အချက်ပြသကေ တများ ပေါ်လာမည်ဖြစ်သည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဘဟားမားက ရေအောက်လည်ပတ်ရေး ခရီးစဉ်

ဟဟားမား ကျွန်းနိုင်ငံမှာ ရေအောက် လေ့လာချင်သူများအတွက် ဖန်တီး ပေးထားတဲ့ တစ်ယောက်စီး ရေငုပ်သင်္ဘောများ အသုံးပြုနေမှုကို ယခုလို မြင်တွေ့ရပါတယ်။
အပေါ်ကနေ Life line (သက်ကယ်)ကြိုးဆွဲထားပြီး တစ်ယောက်စီး ရေငုပ် သဘောင်္ တစ်ခုတိုင်းစီနဲ့ တွဲလို့ထားပါတယ်။ အောက်ဆီဂျင်ဓာတ်ငွေ့ အလုံအလောက်ပါရှိတဲ့ လေအိုးနဲ့ တစ်ယောက်စီး ရေငုပ်သင်္ဘောက ခေါင်းပဲ လုံပြီး ကျန်တာအားလုံး ရေနဲ့ တိုက်ရိုက်ထိပါတယ်။ သန္တာကျောက်တန်းနဲ့ ပင်လယ် သဘာဝလေ့လာလိုသူများအတွက် စီစဉ်ဖန်တီးပေးထားခြင်း ဖြစ် ပါတယ်။

ယင်းကဲ့သို့ တစ်ယောက်စီး ရေငုပ်သင်္ဘော Submersible နဲ့ လည်ပတ် ခွင့် ပေးတဲ့အတွက် ဘဟားမားက သန္တာကျောက်တန်းနဲ့ ရေသဘာဝ အလှအပများသို့ လာရောက် လေ့လာသူများပြားကြောင်း သိရပါတယ်။
--
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လူ့အသက် ၂ သန်းကျော် ကယ်တင်သူ သွေးအလှူရှင်ကြီး

အသက် ၁၃ နှစ်အရွယ်တုန်းက ရောဂါတစ်မျိုးကြောင့် သွေး ပုလင်းပေါင်း ၁၃ ပုလင်းတိတိ သွင်းခဲ့ရပါတယ်။ ယင်းကဲ့သို့ သွေးရဲ့  တန်ဖိုးကို သိရှိနား လည် သွားတော့ အသက် ၁၈ နှစ်ကစလို့ သွေးလှူတဲ့ အလုပ်ကို စလုပ် ပါတယ်။
ဆေးစစ်ချက်တွေ့ရှိမှုအရ သူ့သွေးမှာ ကလေးမမွေးနိုင်တဲ့ မိခင်တွေမှာ ရှိ တဲ့ ရောဂါတစ်မျိုးကိုပျောက်ကင်းစေပြီး ကလေးတွေကို အသက်ရှင်စေ တယ်လို့ သိရပါတယ်။ ယင်း အချိန်ကစလို့ ယနေ့အထိ သွေးလှူလိုက်တာ အသက်ချောင်းပေါင်း ၂ သန်း အတွက် သွေးပုလင်းပေါင်း ၁ ထောင် လှူဒါန်းနိုင်ခဲ့ပြီး ယနေ့တိုင်လည်း လှူဒါန်းနေဆဲပါပဲ။
အသက် ၇၆ နှစ်ကျော်ပြီ ဖြစ်ပေမယ့် သြစတေးလျနိုင်ငံသား James Harrison ရဲ့  အသက်ကို အမေရိကန်ဒေါ်လာ ၁ သန်းနဲ့ အစိုးရက အာမခံ ထားရှိပေး ထားကြောင်း သိရပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed