BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, May 7, 2011

အမေ...

ဘ၀မှာ
အဖေက
နေမင်းလို အလင်းရောင်ပေးရင်
အေးမြတဲ့ လပြည့်ဝန်းက
အမေပေါ့...။

ယောင်္ကျား ဖောင်စီး
မိန်းမ မီးနေတဲ့
သားသမီးအတွက်
အသက်စွန့်ရဲခဲ့တာလဲ
အမေလေ...။

ဘုရားရှင်တောင်
နို့တစ်လုံး ဖိုးပဲကျေတဲ့
ကျေးဇူးတရားတွေ ရှိနေတာ
အမေပါ...။


နီရဲတဲ့သွေးကအဖြူရောင်ပြောင်း
ချိုမြိန်တဲ့ အဟာရဖြစ်စေတယ်
အမေရယ်..
ကိုးလလွယ် ဆယ်လဖွားတဲ့လား
အမေကတော့ ပြုံးနေတာပါပဲ...။

တုနှိုင်းမဲ့ မေတ္တာ
ကမ္ဘာကြီးကိုထုဆစ်သူ
သား လက်စုံမိုး ပူဇော်မိပါတယ်
သားတို့ရဲ့မေမေ
သက်တော်ရာကျော်ရှည်ပါစေ....။ ။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်