BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, June 30, 2011

ပို့ပြီးသား အီးမေးလ်ကို ပြန်ပြင်မယ်။

ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ပျော်ကြရအောင်

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, June 28, 2011

အဖေများနေ့ အမှတ်တရ မိဘဂုဏ်ဟူသည်..





kyawzinhein

အဖေများနေ့ အမှတ်တရ မိဘဂုဏ်ဟူသည်..






အမိ၊ အဖ မရှိဘဲ လူသားဟူ၍ ဖြစ်ပေါ်မလာနိုင်ပါ။ အမိ၊ အဖတို့၏ သွေးသားဖြင့် တည်ဆောက်မှသာ သားဟူ၍လည်းကောင်း၊ သမီးဟူ၍လည်းကောင်း ပညတ်အပ်သော လူသားကို မွေးဖွားလာရ ပါသည်။ အမိ၊ အဖတို့၏ မေတ္တာရင်ခွင်ဝယ် ``ဖ၀ါးလက်နှစ်လုံး၊ ပခုံးလက်နှစ်သစ်´´ လူဖြစ်ရသော ကျွန်တော်တို့အဖို့ မိဘတို့၏ ကျေးဇူးတရားကား ပေးဆပ်၍ မကုန်နိုင်အောင် ကြီးမားလှ ပါပေ၏။ ငယ်စဉ်တောင်ကျေးမှ လူလားမြောက်သည်အထိ ကျွန်တော်တို့အပေါ် ကျွေးမွေးသုတ်သင် ပြုစု စောင့်ရှောက်ခဲ့ကြသော မိဘတို့၏ ဂုဏ်ကျေးဇူးကား အနန္တအဆုံးအစမရှိချေတော့ပြီတကား။

ကျေးဇူးဆိုသည်မှာ ``မိမိအပေါ် တစ်စုံတစ်ခုသော အတိုင်းအတာဖြင့် အကျိုးရှိစေအောင် ဖေးမကူညီဆောင်ရွက်ပေးခြင်းဖြင့် ရရှိအပ်သော ကောင်းကျိုးခံစားရခြင်းပင် ဖြစ်ပါသည်။´´ မိဘတို့ သည်ကား ကျွန်တော်တို့ သားသမီးအပေါ် ကောင်းကျိုးလိုလားသူများသာ ဖြစ်ပါပေသည်။ ဘယ်မိဘ ကမျှ သားသမီးတို့အပေါ် ၀န်တိုသောစိတ်ဖြင့်မွေးမြူခြင်းမပြုခဲ့သည်မှာ ထင်ရှားလှပါသည်။ မိမိ ရင်ဝယ် စွဲလာကပ်ညိ ပဋိသန္ဓေတည်နေသည်မှစ၍ ပူ၊ ငန်၊ စပ်၊ ခါး ရှောင်ရှားကာ ဒုက္ခမျိုးစုံခံစားပြီး မွေးမြူစောင့်ရှောက်ခဲ့ရပါသည်။

အဖမှာလည်း မိမိသွေးစစ်သားသမီးရင်နှစ်ကို အောင်မြင်ကြီးထွား မွေးဖွားနိုင်ရေးအတွက် ကြောင့်ကြလုံ့လ စိုက်ထုတ်ခဲ့ရပါသည်။ မွေးလာမည့် သားလေလား၊ သမီး လေလား မသိရသေးသည့် ရင်သွေးအတွက် မကြောင့်ကြရအောင် ဥစ္စာစီးပွား ကြိုးစားရှာဖွေခဲ့ ရပါသည်။ မွေးဖို့စရိတ်၊ ကျွေးဖို့စရိတ်၊ စောင့်ရှောက်ဖို့စရိတ် စသည်ဖြင့် ထွေပြားလှပါသည်။ ဖ၀ါးလက်နှစ်လုံးမှသည် လူလားမြောက်သည်အထိဆိုလျှင် မည်မျှတာဝန်ယူ ပြုစုလုပ်ကျွေးခဲ့ ရသည်ကို စာဖြင့် ဖော်ပြနိုင်စွမ်းပင် မရှိတော့ပါ။

ထို့ကြောင့်ပင် နှစ်ဦးသော ပုဂ္ဂိုလ်ဖြစ်သည့် အမိ၊ အဖတို့၏ ကျေးဇူးကို အလွယ်တကူဆပ်၍ မကုန်နိုင်´´ဟူ၍ ဟောညွှန်ပြသဆုံးမခဲ့သည်ကို သိမှတ်ခဲ့ရပါသည်။ ``လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင်ဖ´´ဆိုသည့်အတိုင်း သား၊ သမီးတို့အား
ွ ကလေးဘ၀ကပင် ဆုံးမသွန်သင် လူကောင်းလူမွန်ဖြစ်အောင် ပြုစုခဲ့ကြရပါသည်။ ကျောင်းထားရမည့် အရွယ်ရောက် လျှင်ပင် မူကြိုမှသည် တက္ကသိုလ် ပညာတတ်ကြီးဖြစ်သည်အထိ ရည်မှန်းချက်ကြီးစွာဖြင့် ပညာသင် စေခဲ့ရသည်။

ပညာသင်စရိတ်၊ အိမ်ထောင်မှု။ စားဝတ်နေမှုစရိတ် အထွေထွေကို ဖခင်ရော မိခင်ပါ မောင်တစ်ထမ်း၊ မယ်တစ်ရွက် ပင်ပန်းကြီးစွာ ရှာဖွေခဲ့ကြရသည်။ သား၊ သမီးတို့ ``ဆင်စီးပြီး မြင်းရံ´´တင့်တယ်စွာ ဘ၀ရပ်တည်နိုင်ရေးအတွက် ကြိုးပမ်းခဲ့ရသည်မှာ တမောပါတည်း။ မိဘတို့မှာ သားသမီးတို့အပေါ် မခန်းနိုင်သော မေတ္တာရေအလျဉ်ဖြင့် ထာဝစဉ်စီးဆင်းလျက် အေးမြသောမေတ္တာကို ပေးစွမ်းနိုင်သူများပင် ဖြစ်ပါသည်။

မိဘတို့၏ ဂုဏ်ကျေးဇူးများကို သိမှတ်ရသမျှ ဖော်ထုတ်တင်ပြရပါက မိဘတို့၏ ကျေးဇူးဂုဏ် ၁၂ပါးရှိကြောင်း

မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတတော်လာ မိဘဂုဏ်(၁၂)ပါး။
၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။

၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။

၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။

အထက်ပါစာသားများ၏အကျယ်ရှင်းလင်းချက်မှာ

၁။ သားသမီးအပေါ်တွင် ထာဝစဉ် မေတ္တာထားသောကြောင့် ဗြဟ္မာ ဖြစ်ပါသည်.
၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍

သင်ကြားပြသပေးသောကြောင့်လက်ဦးဆရာ ဖြစ်သည်။
၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။သားသမီးကလည်း
ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျ ပုဂ္ဂိုလ် ဖြစ်သည်။
၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင်

စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။
၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒ ဟုမည်သည်။
၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။
၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။

၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။
၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။
၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများ သိသမျှ သားသမီးများသိရအောင်
ပြောပြသောကြောင့် ဒေဿတာရ ဟုခေါ်သည်။

၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။
၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက်
၊မစားရက်အောင် သားသမီး အတွက် ချန်ထားသောကြောင့် ရသော ဂုဏ်ကို ဂေါပယန္တိ
ဟုခေါ်သည်။



မိဘမရှိမှ ပြုစုလုပ်ကျွေးချင်၍ မရနိုင်ပါ။ ခွင့်သာခိုက်တွင် အမိုက်တင်မကျန်စေရအောင် စွမ်းနိုင်ရာက ပြုစုလုပ်ကျွေးကြရမည်မှာ သားသမီး များ၏ တာဝန်ပင် ဖြစ်ပါသည်။သား၊ သမီးတို့က မိဘတို့ကို ပြုစုလုပ်ကျွေးရုံသာမက ``သဒ္ဓါတရားချို့တဲ့သော အမိတို့အား သဒ္ဓါတရားရှိအောင် တိုက်တွန်းခြင်း၊ သီလ တရားအားနည်းသော အမိအဖတို့အား သီလတရား စောင့်ထိန်းနိုင်အောင် ဘုရားကျောင်းကန်သို့ လိုက်ပို့၍ တရားဘာဝနာပွားများစေခြင်း၊ နှမြောတွန့်တို တတ်သော မိဘတို့အား လှူဒါန်း၊ ပေးကမ်းစွန့်ကြဲလိုစိတ် ဖြစ်ပေါ်လာအောင် တိုက်တွန်းခြင်း၊ လောကုတ္တရာပညာအားနည်းသော မိဘများအာ ၀ိပဿနာပညာအထိ ဖြစ်ထွန်းစေရန် တရား အားထုတ်စေခြင်းဖြင့် မိဘတို့အား လောကုတ္တရာခရီးလမ်းဖြောင့်တန်းစေရေးအတွက် ဆောင်ရွက် ပေးကြရပါမည်။ ဤသည်မှာ ``ကျေးဇူးကြီးလှ မိနှင့်ဖတို့၏ ကျေးဇူးကိုဆပ်ရာ ရောက်ပါသည်။ အမွန်မြတ်ဆုံးသော ကျေးဇူးဆပ်ခြင်းသည်လည်း ဖြစ်ပါပေသည်။
            ကျွန်တော်တို့သည် ငယ်စဉ်မှသည် အရွယ်ရောက်သည်အထိ မိဘတို့အပေါ် နွဲ့ခဲ့၊ ဆိုးခဲ့၊ မိုက်ခဲ့ သည်များ ရှိခဲ့ကြပါသည်။ သား၊ သမီးတို့အပေါ် မေတ္တာစိတ်ဖြင့် အမြဲ ခွင့်လွှတ် ပေးလျက်ရှိသော မိဘ ကျေးဇူးကား ကြီးမားလှပါသည်။ အေးမြသန့်စင်လှသော မိဘရိပ်ကို ခိုလှုံခွင့်ရခိုက် ``ကျေးဇူးကြီးလှ မိနှင့်ဖ´´တို့၏ အနှိုင်းမဲ့ဂုဏ် ကျေးဇူးကို
ပေးဆပ်ကြပါကုန်စို့ဟု နှိုးဆောက်တိုက်တွန်းလိုပါတယ် ။

်  kyawzinhein အဖေနေ့ အမှတ်တရရေးသားခြင်းကိုပြန်လည်ဝေမျှလိုက်တာပါ


--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မစ်ရှဲလ်ယိုး ရန်ကုန်လေဆိပ်မှ လှည့်ပြန်ရ


 

 

By ဗွီအိုအေ (မြန်မာဌာန)
 
ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး မစ်ရှဲလ်ယိုး (Michelle Yeoh) ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာပြည်ကိုအလာ ရန်ကုန် နိုင်ငံတကာ လေဆိပ်ကနေ ၀င်ရောက်ခွင့် မပြုဘဲ ပြန်ခိုင်းလိုက်တယ်လို့ မြန်မာအစိုးရ အရာရှိတွေက ဒီနေ့ ပြောဆိုလိုက်ပါတယ်။
အသက် ၄၈ နှစ်အရွယ် မလေးရှားနိုင်ငံသူ နာမည်ကြီး ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး မစ်ရှဲလ်ယိုးဟာ The Lady လို့ နာမည်ပေးထားတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀သရုပ်ဖော် ရုပ်ရှင်ဇာတ်ကားမှာ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင် ရိုက်ကူးနေတာပါ။
သူ့ကို မြန်မာအစိုးရက မြန်မာပြည်ဝင်ခွင့် မပေးရမယ့် သူများစာရင်း Black List မှာ ထည့်သွင်းထားတာကြောင့် ၀င်ခွင့်မပြုတာ ဖြစ်တယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
မစ်ရှဲလ်ယိုးဟာ ဇွန်လ ၂၂ ရက်နေ့ ဗုဒ္ဓဟူးနေ့က မြန်မာပြည်ကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။ မစ်ရှဲလ်ယိုးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက မြန်မာပြည်ကို လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။
မစ်ရှဲလ်ယိုးဟာ မလေးရှားနိုင်ငံရဲ့ စံပြ အလှမယ်တဦးဖြစ်ပြီး Crouching Tiger, Hidden Dragon၊ Memoirs of Geisha နဲ့ ဂျိမ်းစ်ဘွန်း (James Bond) ရုပ်ရှင်ဇာတ်လမ်း Tomorrow Never Dies ဆိုတဲ့ ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။
__._,_.___
Recent Activity:
.

__,_._

--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ပို့ထားသည့် Mail များကိုပြန်ဖျက် ပစ်နိုင်သည့်




Google သုတေသန Lab မှ G-Mail အသုံးပြုသူများ၎င်းတို့ ပို့ထားသည့် Mail များကို
ပြန်ဖျက် ပစ်နိုင်သည့် Feature တခုကို ထည့်သွင်းပေးလိုက်ကြောင်း သိရှိရသည်။
Undo Send ဟုအမည် ပေးထားသော အဆိုပါ Featureကြောင့် အမှားပါသော Mail
များကို ပြန်ဖျက်ပစ်နိုင်မည့် အခွင့်အရေး ရလာမည်ဟု Google ကဆိုသည်။မူလက
G-Mail ပို့ပြီးနောက် ထို Mail များကို ပေးပို့သူများ အနေနှင့် ပြန်မဖျက်ပစ်
နိုင်ချေ။ယခု Feature အရ Mail ပို့ပြီး (၅)စက္ကန့်မျှ အတောအတွင်း Undo ဖြင့်
ဖျက်ပစ်နိုင်သလို နောက်ပိုင်း အချိန်ကြာမှ ဖျက်ပစ် လိုပါကလည်း Sent Mail
ထဲရှိ မိမိပို့ထားသော Mailကို Undo ပြုလုပ်ခြင်းဖြင့် ဖယ်ရှား နိုင်မည်ဖြစ်သည်။
ထို Feature ကို အသုံးပြု လိုပါကG-Mail Account ထဲရှိ Setting တွင် Undo Send
ဆိုသော နေရာလေးအား Enable ကလစ်လုပ်ပါ...။

ပြုလုပ်နည်းကလေးကတော့ .. . ..
Gmail ကို sing in လုပ်လိုက်ပါ . . .
ပြီးတော့ အောက်ပါနည်းကလေးအတိုင်းလုပ်လိုက်ပါ သူငယ်ချင်းတို့ရေ . . .
Setting > Labs > Undo Send > Enable > Save Changes ဆိုရင် ရပါပြီ..။





--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

၄၂ ဦးကို ပိတ်ဆို့ရန် USCB က တောင်းဆို


 
၄၂ ဦးကို ပိတ်ဆို့ရန် USCB က တောင်းဆို
ထွန်းထွန်း | အင်္ဂါနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၇ မိန

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာအစိုးရ အာဏာတည်မြဲရေး အတွက် မိသားစုဝင်များသဖွယ် စီးပွားရေးနှင့်
နိုင်ငံရေးအရ အထောက်အပံ့ ပေးနေသည်ဟု ဆိုကာ မင်းသား လွင်မိုး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ
နေရွှေသွေးအောင် အပါအဝင် ၄၂ ဦးကို စီးပွားရေး ပိတ်ဆို့ရန် အမေရိကန်ရှိ မြန်မာ့အရေး ဆောင်ရွက်နေသည့် USCB အဖွဲ့က အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးကို တောင်းဆိုလိုက်သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးထံ လိပ်မူပေးပို့ခဲ့သည့် တောင်းဆိုစာထဲတွင် ယခင်က ပိတ်ဆို့အရေးယူမှု လုပ်ခဲ့ပြီးသူများ အပြင် နောက်ထပ် ၄၂ ဦးကိုပါ ဖြည့်စွက် တောင်းဆိုထားခြင်း ဖြစ်သည်။

" မြန်မာနိုင်ငံရဲ့ စီးပွားရေးဆိုတာ တကယ့်တကယ် ကျတော့ လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့်ရှိတဲ့ စီးပွားရေးစနစ်မှ မဟုတ်ပဲကိုး။ ဗိုလ်ချုပ်တွေ၊ သူတို့ရဲ့ မိသားစုတွေနဲ့ အလိုတော်ရိ စီးပွားရေးသမားတွေက ပူးပေါင်းပြီး ချယ်လှယ်နေကြတာပေါ့။ ဆိုတော့ ဒီစီးပွားရေး စနစ်ကြီး တခုလုံးကို ဒီစီးပွားရေးသမားတွေက လွှမ်းမိုးထားတယ်၊ ချယ်လှယ်ထားတယ် ဆိုတော့ သူတို့ရဲ့ အခန်းကဏ္ဍက တကယ့်တကယ် ကျတော့ စစ်အစိုးရ သက်ဆိုးရှည်ရေး အတွက် အများကြီး အထောက်အပံ့ ဖြစ်ပါတယ်" USCB ၏ မူဝါဒရေးရာ ညွှန်ကြားရေးမှူး ဦးအောင်ဒင်က မဇ္ဈိမကို ပြောသည်။

စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်သည့် ဦးအောင်ကိုဝင်း (ခ) ဆရာကျောင်း (ကမ္ဘောဇဘဏ်)၊ ဦးကျော်ဝင်း (ရွှေသံလွင်ထရေးဒင်း)၊ ဦးမောင်မောင်မြင့် (မြန်ဂုဏ်မြင့်)၊ ဦးမောင်ကို (ထာဝရသတ္တုတွင်း လုပ်ငန်း)၊ ဦးအောင်ထွေး၊ ဦးကျော်မြင့် (ဂိုးလ်ဒင်းဖလားဝါး)၊ ဦးနေဝင်းထွန်း (ပတ္တမြားနဂါး) ဦးအိုက်ထွန်း (အိုလံပစ်ဆောက်လုပ်ရေး)၊ ဦးအောင်မြတ် (ခ) အောင်မြင့် (Mother Trading and Construction) နှင့် ဦးဝင်းလွင် (ကျော်သာကုမ္ဗဏီ) တို့ကိုလည်း ပိတ်ဆို့မှုစာရင်းထဲ ထည့်ရန်ပါ တောင်းဆိုထားသည်။

"သူတို့က စစ်အုပ်စုနဲ့ ပေါင်းပြီးတော့ စီးပွားရှာတယ်။ အကျိုးအမြတ်တွေ အများကြီးရမယ်။ အကျိုးအမြတ် တွေကို သူတို့က ပြည်ပမှာ ငွေမာတွေပေါ့ဗျာ။ ဒီငွေမာတွေကို စစ်လက်နက်ပစ္စည်း ဝယ်တဲ့နေရာမှာ ကြည့်မယ် ဆိုလို့ရှိရင် ပြည်ပကနေပြီးတော့ ဟယ်လီကော်ပတာ ဝယ်မယ်၊ ဂျက်တိုက်လေယာဉ် ဝယ်မယ် စသဖြင့် လက်နက်ဝယ်တဲ့ နေရာတွေမှာ ပြည်ပမှာ စုဆောင်းထားတဲ့ နိုင်ငံခြားငွေတွေကို သုံးစွဲမယ်လို့ ယူဆတယ်။ ဒါကလည်း နိုင်ငံခြားက စစ်ရေး လေ့လာသုံးသပ်သူတွေရဲ့ သုံးသပ်ချက်တွေပါ" ဟု ဦးအောင်ဒင်က ဆိုသည်။

ပိတ်ဆို့မှုအတွင်း ထပ်မံ ထည့်သွင်းသင့်သူထဲတွင် စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ
နေရွှေသွေးအောင် (ခ) ဖိုးလပြည့်ကိုလည်း ထည့်သွင်းရန် တောင်းဆိုထားပြီး ၎င်းသည် အာဏာပိုင်များနှင့် စီးပွားရေးသမားများ အကြား အကျိုးအမြတ်ယူ၍ အကျိုးဆောင်ပေးနေသူ ဖြစ်ကြောင်း USCB ၏ ဇွန်လ ၂၇ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ တောင်းဆိုရခြင်းသည် လူထုအတွက် အမှန်တကယ် အကျိုးရှိလာစေမယ့် ပြုပြင်ပြောင်းလဲမှုများကို အစိုးရအနေဖြင့် လုပ်ဆောင်လာရန် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်ဟုလည်း UCSB က ထောက်ပြသည်။

"အလိုတော်ရိ စီးပွားရေးသမားကြီးတွေရဲ့ အခန်းကဏ္ဍက ကြီးမားကျယ်ပြန့်လာတယ်။ တချို့ဆိုရင် အခု လွှတ်တော် ကိုယ်စားလှယ်ကြီးတွေ ဖြစ်လာကြပြီ။ သူတို့တွေက တကယ်ကျတော့ မြန်မာနိုင်ငံမှာ ဒုတိယ အာဏာအရှိဆုံး ပုဂ္ဂိုလ်တွေ ဖြစ်နေကြပြီ။ သူ့အထက်မှာ မြန်မာစစ်ခေါင်းဆောင်တွေ ရှိမယ်။ ဒုတိယမှာ အလိုတော်ရိ စီးပွားရေးသမားတွေ ရှိမယ်။ ပြီးမှ ဒေသဆိုင်ရာ အာဏာပိုင်တွေပေါ့ဗျာ။ တချို့ ဒေသဆိုင်ရာ အာဏာပိုင်တွေတောင် သူတို့ကို ပြန်ကြောက်ရမယ့် အနေအထား ရောက်နေကြပြီ" ဟု ဦးအောင်ဒင်က ပြောသည်။

ထပ်မံ ပိတ်ဆို့ရန် စာရင်းတင်သွင်း ခံရသူအများစုမှာ ဥရောပသမဂ္ဂနှင့် သြစတြေးလျ၏ စီးပွားရေး ပိတ်ဆို့ခံရသူများဖြစ်ကာ အချို့မှာမူ မည်သည့်နိုင်ငံကမှ ပိတ်ဆို့ထားခြင်း မရှိသေးသူများ ဖြစ်သည်။

ယခုအချိန်မှ စာရင်းထဲ ထည့်သွင်း ကြေညာခံရသူများမှာ ရုပ်ရှင်သရုပ်ဆောင် လွင်မိုးပါဝင်ပြီး ဒါရိုက်တာ ဇင်ယော်မောင်မောင်၊ ဖြိုးကိုကိုတင့်ဆန်း (မန်နေဂျင်းဒါရိုက်တာ၊ ACE ဆောက်လုပ်ရေး)၊ သတိုးဟိန်း (မြန်မာသြဘာ)၊ ဦးလှမောင်ရွှေ (ဒုဥက္ကဋ္ဌ၊ မြန်မာ့ငါးလုပ်ငန်း အဖွဲ့ချုပ်)၊ ဇော်ဝင်းရှိန် (ဧရာဟင်္သာ)၊ ဇော်လေး (ငါးဖမ်းနှင့် ရေလုပ်ငန်း ကုမ္ဗဏီ)၊ ဇော်ဝင်းထွန်း (ရွှေသံလွင်)၊ ဦးခိုင်စိုး (အဏ္ဏဝါလွှမ်း)၊ အောင်ကျော်မိုး (IBTC) တို့ ပါဝင်သည်။

USCB က အမေရိကန်အစိုးရထံ တောင်းဆိုမှုနှင့် ပတ်သက်၍ မည်သို့မှ မှတ်ချက် မပေးချင်ကြောင်းနှင့် တစုံတရာ တုံ့ပြန်မည် မဟုတ်ကြောင်း ရုပ်ရှင်သရုပ်ဆောင်လွင်မိုးက ဆိုသည်။

"ကျနော် ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။ အဓိက ကတော့ သူတို့အလုပ် သူတို့ လုပ်ကြတာပါပဲလေ။
ကျနော်တို့က ကျနော်တို့ အလုပ် ကျနော်တို့ လုပ်ကြတာလေ။ ကျနော်တို့နဲ့ သူတို့နဲ့က အလှမ်းဝေးလွန်းအား ကြီးပါတယ်။ သူတို့အမြင်နဲ့ ကိုယ်တို့အမြင်နဲ့ တူမှာ မဟုတ်သလို သူတို့က ကျနော်တို့အပေါ် နားလည်မှု မရှိနိုင်တဲ့ အနေအထားမှာ ရှိပါလိမ့်မယ်။ ဒါ သူတို့အလုပ် သူတို့လုပ်၊ ကိုယ့်အလုပ် ကိုယ်လုပ်လို့ပဲ သဘောထားပါတယ်" ဟု သူက ပြောသည်။

မင်းသားလွင်မိုးမှာ ဇေကမ္ဘာဦးခင်ရွှေ၊ ယုဇနဦးဌေးမြင့်တို့နှင့် နီးစပ်သူဖြစ်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီက ဦးခင်ရွှေအတွက် ပြည်ခိုင်ဖြိုးပါတီမှ မဲဆွယ်သည့်အခါ ဝိုင်းဝန်းကူညီခဲ့မှုကြောင့် လူအများက ဝေဖန်ခဲ့ကြသည်။

"အဓိကကတော့ ကျနော်တို့ရဲ့ မိတ်ဆွေ အသိုင်းအဝိုင်းတွေ ပါတယ်။ စီးပွားရေးသမားတွေ ပါတယ်ဗျာ။ အဲဒါနဲ့
သူတို့ရဲ့ စည်းရုံးရေးတွေမှာ ကိုယ်က လာကူညီပေးတဲ့သဘောပါပဲ" ဟု မင်းသားလွင်မိုးက ဆိုသည်။

သူက ဆက်ပြီး "အဓိက ကတော့၊ နိုင်ငံရေး ယူဆချက်ကတော့ ကျနော်တို့ ဘယ်သူပဲဖြစ်ဖြစ်ပါ။ လုပ်ပိုင်ခွင့်တွေ၊ အခွင့်အလမ်းတွေ ရှိလာလို့ရှိရင် ပြည်သူလူထုကို အဓိက ဦးစားပေးပြီးတော့ သူတို့ရဲ့ ကောင်းစားရေးကို ဦးတည်ဖို့ အရေးကြီးပါတယ်" ဟု ပြောဆိုသည်။

ထို့အပြင် တောင်းဆိုချက်၌ ပြည်တွင်းအခြေစိုက် မီဒီယာလုပ်ငန်းရှင်များလည်း ပါဝင်ပြီး ဒေါက်တာ တင်ထွန်းဦး (ပြည်မြန်မာဂျာနယ်၊ မြန်မာတိုင်းမ်ဂျာနယ်)၊ ဒေါက်တာ နေဝင်းမောင် (The Voice Journal & Living Color Magazine)၊ မြတ်ခိုင် (လျှပ်တပြတ်ဂျာနယ်)၊ ကိုကို (စက်မှုတက္ကသိုလ်) (ရန်ကုန်မီဒီယာဂရုဖ်)၊ ဇော်မင်းအေး (အီကိုဗီးရှင်း)နှင့် နန်းကလျာဝင်း (ခ) ကလျာ (ပေါ်ပြူလာဂျာနယ်) တို့ ဖြစ်ကာ မီဒီယာသမားများအား ပိတ်ဆို့မှု စာရင်းတွင် ပထမဆုံး ထည့်သွင်းခြင်းဖြစ်သည်ဟု USCB အဆိုအရ သိရသည်။

"သူတို့ကို သတင်းစာသမား စစ်စစ်မှန်မှန်လို့ မယူဆပါဘူး။ သူတို့တွေက တကယ့်တကယ်ကျတော့ ပြန်ကြားရေး ဝန်ကြီး ဗိုလ်ချုပ်ကျော်ဆန်းရဲ့ လက်အောက်ခံပါပဲ။ သူတို့က ဗိုလ်ချုပ်ကျော်ဆန်း ကြွေးကြော်ထားတဲ့အတိုင်း မီဒီယာကို မီဒီယာနဲ့ တိုက်မယ်ဆိုတဲ့ ပြည်ပ မီဒီယာသတင်းဌာနများကို တုံ့ပြန်တဲ့ ကမ်ပိန်းမှာ ဦးဆောင်ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေပေါ့" ဟု ညွှန်ကြားရေးမှူး ဦးအောင်ဒင်က ပြောဆိုသည်။

သူက ဆက်ပြီး "တချို့ဆိုလို့ရှိရင် ပြည်တွင်းမှာရှိတဲ့ လူထုကို သူတို့ရဲ့ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေက နေပြီးတော့ အယူဝါဒ မှိုင်းတိုက်ရုံတင် မကဘူး။ ပြည်ပအထိ ထွက်ပြီးတော့ နိုင်ငံတကာအစိုးရတွေကို လှည့်လည်
ဆော်သြတာတွေ ရှိတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးတွေကို ဒါ စစ်အုပ်စုကို နိုင်ငံရေးအရ အားသွန်ခွန်စိုက် ထောက်ခံပံ့ပိုးနေတဲ့ သူတွေလို့ ယူဆပါတယ်" ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အရပ်သားအစိုးရသစ် တက်လာသည်မှာ ရက်ပေါင်း ၁ဝဝ ကျော်လာပြီ ဖြစ်သော်လည်း
ပြုပြင်ပြောင်းလဲမှုများ မလုပ်ဆောင်သေးကြောင်းနှင့် ထောင်များထဲတွင်လည်း အကျဉ်းသားပေါင်း ၂ဝဝဝ ကျော် ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း USCB ၏ တောင်းဆိုချက်ထဲတွင် ဖော်ပြထားသည်။

စစ်ဗိုလ်ချုပ်များ၏ မိသားစုဝင်များဖြစ်သည့် အောင်ဇော်ရဲမြင့် (ရဲတံခွန် ဆောက်လုပ်ရေး)၊ ထွန်းနိုင်ရွှေ (မြန်မာနိုင်ဂရုပ်)၊ တိုးနိုင်မန်း (Red Link) နှင့် အောင်စိုးသာ (MICT) တို့ကိုလည်း ပိတ်ဆို့သင့်သည့် လူစာရင်းတွင် ထည့်သွင်းဖော်ပြထားသည်။

ထို့ပြင် ဒေါက်တာစိုင်းစံထွန်း (လွယ်ဟိန်း)၊ စန်းစန်းရီ (ဆူပါဝမ်း)၊ စစ်တိုင်းအောင်၊ စစ်သွေးအောင် (Suntac Internationl Trading)၊ နေအောင်၊ ပြည်အောင် (အောင်ရဲဘုန်းကုမ္ဗဏီ)၊ ဦးဝင်းမြင့် (ရွှေနဂါးမင်း)၊ နေလင်းအောင် (နီလာရိုးမ)၊ အောင်ဇော်နိုင် (အိုလံပစ်)၊ ချစ်ခိုင် (ဧဒင်ဂရုပ်ဖ်)၊ ဦးရန်ဝင်း (အေဝမ်းဆောက်လုပ်ရေး) ပါဝင်သည်။

USCB က ပိတ်ဆို့မှုလုပ်ရန်အတွက် အမည်စာရင်း တင်သွင်းခြင်းမှာ ပထမဆင့်သာ ရှိသေးကာ ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တင်ပြချက်များနှင့် ပတ်သက်၍ ပြန်လည်စိစစ် စုံစမ်းဦးမည်ဖြစ်သည်။ ထိုမှတဆင့် အရေးယူမည်၊ မူမည်ကိုမူ အမေရိကန်အစိုးရက အဓိက ဆုံးဖြတ်ရမည်ဖြစ်သည်။
__._,_.___
Recent Activity:
.

__,_._,___



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Monday, June 27, 2011

start menu မှာ run ပေါ်စေချင်တယ်ဆိုရင်


ပုံမှန်အားဖြင့် windows vista နှင့် windows7 တို့ရဲ့ start menu မှာ search bar တစ်ခုထည်းသာ ရှိပြီး run မပါ ပါဘူး တကယ်လို့ run ပေါ်စေချင်တယ်ဆိုရင် အောက်ကအတိုင်း လုပ်ကြည့်လိုက်ပါ။




















Task bar ပေါ်တွင် Right click လုပ်ပြီး Properties ကိုနှိပ်ပါ။
Start Menu ကိုနှိပ်ပါ ပြီးလျှင် Customize ကိုနှိပ်ပါ။



















Rum command ကိုရှာပြီး အောက်ပါအတိုင်း Check ပေးလိုက်ပါ
OK နှိပ်ပြီး ထွက်ပါ





















Please Say Thanks If You Like My Post !



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, June 26, 2011

ဝင်းဒိုး အတက်နှေးလျှင်




ကျွန်တော်တို့ ၀င်းဒိုး စတက်လာချိန်မှာ Desk top ကြီးပေါ်လာပြီး
ကွန်ပျူတာ အလုပ် လုပ်လို့မရသေးဘဲ အကြာကြီး စောင့်နေရတဲ့
ဝဋ္ဋ်က လွတ်ဖို့အတွက်...
Run=>msconfig=>System Configuration Utility
ကြလာလျှင် အထဲမှာ start up tab မှာရှိတဲ့ check box ထဲမှာ
အားလုံးကို uncheck လုပ်ပေးပါ
ok နှင့်ထွက်ပြီး Restsrt ပြန်ချပါ ။

windows vista မှာပရိုဂရမ် တစ်ခုခုကို update လုပ်ပြီးတဲ့အခါတိုင်း စက်ကို restart လုပ်ခိုင်းလျှင်ပိတ်နည်း

windows vista မှာ ကျွန်တော်တို့ ပရိုဂရမ် တစ်ခုခုကို update လုပ်ပြီးတဲ့အခါတိုင်း စက်ကို restart လုပ်ခိုင်းပါတယ်၊ တကယ်လို့ တစ်ခုခုကို လုပ်လက်စဖြစ်နေလို့ စက်ကို restart မလုပ်ချင်တဲ့အခါဖြစ်နေရင်တော့ အောက်ပါနည်းကလေးနှင့် ပိတ်ထားနိုင်ပါတယ်။
start > run > cmd ဟုရိုက်၍ ok နှိပ်ပါ၊
ပြီလျှင် အောက်ကပုံထဲကအတိုင်း net stop "windows update" ဟုရေးပြီး Enter ခေါက်ပါ၊ ပြီး။
Please Say Thanks If You Like My Post !



--

ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Fwd: Windows7 OEM Information တွင်ကိုယ်ပိုင် Logo လေးထည့်နည်း


Windows7 OEM Information တွင်ကိုယ်ပိုင် Logo လေးထည့်နည်း




Windows7 ၌ My Computer ကို Right click ပေးပြီး Prorerties ကိုနှိပ်လိုက်လျှင် ကျလာသော OEM Information  Dialog Box (Windows XP မှာတော့ System Properties) အတွင်းတွင် မိမိကြိုက်ရာ Logo ထပ်ထည့်သောနည်းဖြစ်ပါတယ်။


ထုံးစံအတိုင်း Start > Search Box > Regedit ဟုရိုက်ပြီး Enter  ခေါက်ပါ။ ပြီးလျှင် အောက်က လမ်းအတိုင်းသွားလိုက်ပါ၊

[HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\OEMInformation]

OEMInformation ရဲ့ညာဘက်တွင် Right click ပေးပြီး String Value ကိုရွေးပါ၊







--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

RAM (memory) ကို ထပ်မစိုက်ပဲ တိုးချင်ရင်




 


Posted: 21 Mar 2010 11:05 AM PDT
မိမိမှာ ရှိတဲ့ RAM (memory) ကို ထပ်မစိုက်ပဲ တိုးချင်ရင် နည်းတစ်ခုပြောပြပါ့မယ်။ Hacking နည်းလမ်းတစ်ခုဖြစ်တဲ့ အတွက် အရမ်းတော့ save မဖြစ်ပါဘူး။ CPU ကို over clock တင်သလိုပါပဲ ။ software လိုင်စင်တွေရဲ့ စကားတိုင်းပြောရရင်တော့ သင့်ရဲ့ ကိုယ်ပိုင် စွန့်စားမှုသာဖြစ်ပါတယ် ။ :P
My Computer ကို R-Click လုပ်ပြီး properties ကိုသွားပါတယ်။ ပေါ်လာတဲ့ system properties က Advanced ကို click ပါတယ်။ Performance က Settings ကို click ပါတယ်။
Image Hosting by Picoodle.com

Performance Options မှ Advanced ကိုရွေးပြီး Programs နှစ်ခုကို check ပေး Virtual memory က Change ကို click ပါတယ် ။
Image Hosting by Picoodle.com
အောက်ပါအတိုင်း Virtual memory ပေါ်လာပါမယ်။ Initial size နဲ့ Maximum size က တန်ဖိုးနှစ်ခုကို ရေးမှတ်ထားလိုက်ပါ ။ တစ်ခုခု အဆင်မပြေတာ ရှိခဲ့ ရင် Default လုပ်နိုင်အောင်ပါ။
Image Hosting by Picoodle.com
Virtual Memory ဆိုသည်မှာ RAM က Hard disk memory ကို ငှားသုံး ခြင်းဖြစ်ပါတယ် ။ (ဥပမာ – Default Initial size = 1500 Mb(nearly 1.5Gb) , Hard Disk free space = 5 Gb ရှိတယ် ဆိုကြပါစို့ Initial size ကို 2000 Mb ( 2Gb ) တင်လိုက်ပါက Hard disk free space သည် 4.5 Gb ဖြစ်သွားပါလိမ့်မယ် ။ ( မည်သို့ပင် memory transfer လုပ်နိုင်သည် ဖြစ်စေ System Memory က ပဲ တစ်ကယ် လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ ) ကျနော့်မှာ Initial 1500 ရှိပြီးသား ဖြစ်လို့ 2000 လို့ပေးပြီး၊ Maximum ကို 3500 ပေးလိုက်ပါတယ် ။ ပြီးရင် Set ကို နိုပ်ပါတယ် ။
Image Hosting by Picoodle.com
ပြီးရင်တော့ OK ပေါ့ ။ Restart တောင်းလာပါလိမ့်မယ် ။ window ပြန်တက်လာ ရင်တော့ ခင်ဗျားစက် အရင်ထက်ပိုမြန် နေတာ တွေ့ရပါလိမ့်မယ် ။ CPU ရဲ့လုပ်ဆောင်နိုင်ရည်ကို ကြည့်ပြီး တင်သင့်ပါတယ်။ Memory များရင် စက်မြန်တယ် ဆိုပြီး memory အများကြီး စိုက်ပြီး CPU မလိုက်နိုင်လို့ ပိုလေး သွားတဲ့ စက်တွေ တွေ့ဘူးပါတယ်။ အားလုံး အဆင်ပြေကြပါစေ ။

Email delivery powered by Google



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

kaspersky 2011 ကို crack ဖိုင် နဲ့ ဖရီး၁၀နှစ်သုံးလို့ ရအောင်






kaspersky 2011 ကို crack ဖိုင် နဲ့ ဖရီး၁၀နှစ်သုံးလို့ ရအောင် ကိုcatmin ဆိုသူက
http://www.mmitd.com/forum/topics/kaspersky-kaspersky?commentId=225...
ဟောဒီ လင့်မှာ တင်ပေးခဲ့ပါတယ် ။ဒါပေမဲ့ လောလောဆယ် ဒေါင်းလို့မရ ကြဘူးဆိုနေကြလို့ သူ့ဆီကဒေါင်းထားကို ပြန်တင်ပေးထားတာပါ။အစဉ်ပြေမယ်ထင်ပါတယ်။
သူရှင်းပြထားတဲ့ ပုံ တွေကိုလဲပြန်တင်ပေးထားပါတယ်။
kaspersky 2011 ကို

ဒီနေရာ

ကနေဒေါင်းပါ

ပြီးရင်



crack ဖိုင်ကို

ဒီနေရာ




သူ့ရဲ့ မူရင်းရှင်းပြထားချက်က အောက်ပါအတိုင်းပါ။
1.Kaspersky Anti-Virus.2011 (Kav 11.0.2.556) ကို Trial Version အနေနဲ့ Install လုပ်ပါ

2.Install လုပ်ပြီးရင် Kaspersky Anti-Virus.2011 ကိုဖွင့်လိုက်ပါ

3.Kaspersky Anti-virus 2011 >>> Setting >>> ပုံထဲမှာပြထားတဲ့အတိုင်းသွားပါ >>> Self-Defense >>> Enable Self-Defense ကို အမှန်ခြစ်လေးဖြုတ်လိုက်ပါ.

4.Apply >>> OK ပေးလိုက်ပါ.

ပြီးရင် Screen ညာဘက်အောက်ထောင့် System Tray ထဲကနေ Kaspersky Anti-Virus 2011 ကို Right click ထောက်ပြီး Exit လုပ်လိုက်ပါ

.Kaspersky 2011 crack ကို run ပြီးတော့ Next ဆက်သွားပ

I have read the instructions ကို Marking ပေးပြီး Install ကို click လိုက်ပါ
ခဏစောင့်ပြီးတာနဲ့ Installation Successful ပေါ်လာပါလိမ့်မယ် !!!
Kaspersky Anti-Virus 2011 ကို ဖွင့်ပြီး License သက်တမ်းကိုကြည့်လိုက်ပါ ..ရက်ပေါင်း 3701 ရက်ကျန်နေတာကို တွေ့ရပါလိမ့်မယ်
***အားလုံးပဲအဆင်ပြေပါစေ***
မမြင်ဘူးသော  ကို catmin အားကျေးဇူးတင်ပါကြောင်း.......







--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မြန်မာ့လူ့အခွင့်အရေး ကုလစစ်ဆေးဖို့ အမေရိကန်ထောက်ခံ






 
စနေ, 25 ဇွန် 2011

မြန်မာ့လူ့အခွင့်အရေး ကုလစစ်ဆေးဖို့ အမေရိကန်ထောက်ခံ

By မစုမြတ်မွန်
    မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူနိုင်ရေးအတွက် အလေးအနက်ထား ဆောင်ရွက်ပါတယ် လို့ အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပါတယ်။ လူသားမျိုးနွယ်တို့ အပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေ မြန်မာနိုင်ငံမှာ ရှိမရှိဆိုတာကို စုံစမ်းဖော်ထုတ်နိုင်မယ့် နိုင်ငံတကာ​ကော်မရှင် ပေါ်ပေါက်လာစေဖို့ အမေရိကန်က သံန္နိဋ္ဌာန်ချဆောင်ရွက်နေပါတယ် ဆိုတာကို အမေရိကန်နိုင်ငံခြားရေးဌာနက စနေနေ့က ကြေညာချက်ထုတ်ပြန် အသိပေးလိုက်တာ ဖြစ်ပါတယ်။
    ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးကော်မရှင် ပေါ်ပေါက်လာဖို့လိုအပ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်က ပန်ကြားခဲ့ပြီး မကြာခင်မှာပဲ အမေရိကန်အစိုးရက ခုလို တုံ့ပြန် ပြောကြားခဲ့တဲ့ အကြောင်း အပြည့်အစုံကို မစုမြတ်မွန်က ပြောပြပါမယ်။
    မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို ဖော်ထုတ် နိုင်ရေးကို အမေရိကန်အစိုးရက ကုလသမဂ္ဂအဖွဲ့ဝင် မိတ်ဆွေနိုင်ငံတွေနဲ့ အနီးကပ် တိုင်ပင် ဆွေးနွေးနေပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက စနေနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ရမယ် ဆိုတဲ့ သံန္နိဋ္ဌာန် အမေရိကန်က ချထားတာနဲ့အတူ နိုင်ငံတကာပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တခု ဖွဲ့နိုင်ရေးကို ​ဆောင်ရွက်နေပါတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
    မြန်မာနိုင်ငံမှာ ဘယ်လို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်နေသလဲဆိုတာကို စုံစမ်းနိုင်ဖို့ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ဖွဲ့ဖို့ လိုအပ်တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ အမေရိကန်​အောက်လွှတ်တော် မြန်မာ့အရေးကြားနာပွဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယိုကနေတဆင့် ပြောကြားခဲ့တာဖြစ်ပါတယ်။
    ဒေါ်အောင်ဆန်းစုကြည်ပြောသွားတာက- မြန်မာနိုင်ငံကလူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖို့ ကော်မရှင်တရပ် လိုအပ်နေတယ်ဆိုတာကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Mr. Quintana က ပြောကြားထားပါတယ်တဲ့။ စုံစမ်းရေးကော်မရှင်ဖွဲ့နိုင်ဖို့ Mr. Quintana ရဲ့တောင်းဆိုမှုကို သူ့အနေနဲ့လည်း ထောက်ခံတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ စုံစမ်းရေးကော်မရှင်ဆိုတာ တရားစွဲဆိုစစ်ဆေးတဲ့ခုံရုံးကို ဆိုလိုတာမဟုတ်ဘူး လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းထားပါတယ်။
    စုံစမ်းရေးကော်မရှင်ကနေ ဘယ်လို လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်ခဲ့သလဲဆိုတာကို စုံစမ်း ဖော်ထုတ်ပြီး အနာဂတ်မှာ အလားတူ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထပ်မဖြစ်အောင် ဘာလုပ်နိုင်မလဲဆိုတာ အဖြေရှာဖို့ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် အောက်လွှတ်တော် ကြားနာပွဲမှာ June လ ၂၂ ရက်နေ့က ပြောခဲ့တာဖြစ်ပါတယ်။
    လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့အခြေအနေတွေကြောင့် စုံစမ်းရေးကော်မရှင်တရပ် အရေးတကြီး လိုအပ်နေတယ်ဆိုတာကို အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ US Campaign for Burma က အမှုဆောင်အရာရှိ ဦးအောင်ဒင်ကလည်း ကြားနာပွဲမှာ ထွက်ဆို သွားခဲ့ပါတယ်။ ဦးအောင်ဒင်က VOA မြန်မာပိုင်းနဲ့ သီးသန့်မေးမြန်းခန်းမှာ ဘာကြောင့် လိုအပ်နေသလဲ ဆိုတာကို ခုလို ပြောပြသွားပါတယ်။
    "မတရားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်သွားအောင်လုပ်ရမယ်။ အခုဆိုရင် ပြည်တွင်းစစ်က ပြန်ဖြစ်ပြီ။ ပြည်တွင်းစစ်ဖြစ်တာနဲ့ တပြိုင်တည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေက ဆက်ပြီးတော့ ပါလာတယ်။ စစ်တပ်တွေ စစ်ကြောင်းချီတဲ့နေရာမှာ အဓမ္မလုပ်အားပေး ပေါ်တာဆွဲတယ်။ ပုဂ္ဂလိကပိုင်ကားတွေကို အတင်းအဓမ္မသိမ်းပိုက်ပြီးတော့မှ စစ်ကြောင်းတွေ ချီတက်ရာမှာ သုံးတယ်။ နောက် လူတွေကို မိုင်းရှင်းဖို့အတွက် သုံးတယ်။ နောက်တခါ အမျိုးသမီးတွေကို မုဒိန်းကျင့်တယ်။ ဒါတွေအားလုံးက ဆက်တိုက် ဆက်တိုက်ဖြစ်နေတာ။ ဆိုတော့… ဒါတွေကို ဟန့်တားဖို့အတွက် နိုင်ငံတကာကနေပြီး ထိရောက်တဲ့ ယန္တရားတခုလိုတယ်။ အဲဒါကဘာလဲ ဆိုတော့ ကုလသမဂ္ဂက ဦးဆောင်ဖွဲ့စည်းမယ့် commission inquiry ပေါ့။ စုံစမ်းစစ်ဆေးရေး ကော်မရှင်ပေါ့။ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်ပေါ့။ အဲဒါက အရေးတကြီးလိုအပ်တယ်။ အဲဒါရှိမှပဲ မြန်မာစစ်အုပ်စုက ဆက်ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်လက်မကျူးလွန်အောင်၊ ရပ်တန့်သွားအောင် တားနိုင်မယ့် အတိုင်းအတာရှိတယ်။ ဆိုတော့..ဒါကိုလုပ်ဖို့အတွက် ကျနော်တို့က အမေရိကန်အစိုးရကို အဓိကတိုက်တွန်းပါတယ်"
    US Campaign for Burma က အမှုဆောင်အရာရှိ ဦးအောင်ဒင်ဖြစ်ပါတယ်။ အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံထက်မနည်းက ခုလို ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ရေးကို ထောက်ခံ အားပေးနေပေမဲ့ နောက်ထပ် နိုင်ငံတွေရဲ့ ထောက်ခံမှုရလာဖို့ကိုလည်း မြန်မာအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေက ကြိုးစားနေကြပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ အုပ်ချုပ်နေတာ မှန်ပေမဲ့ ပြည်သူတွေရဲ့ ဘဝတွေ လုံခြုံစိတ်ချမှုရှိစေဖို့အတွက် ပွင့်လင်းလွတ်လပ်တဲ့ တရားစီရင်ရေးစနစ် ပေါ်ပေါက်လာဖို့ လိုအပ်နေသေးတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့ပါသေးတယ်။
    လွတ်လပ်တဲ့တရားစီရင်ရေးစနစ်ဟာ မြန်မာနိုင်ငံမှာ ဒီကနေ့ အရေးတကြီးကိုလိုအပ်နေပါတယ်တဲ့။ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်မရှိရင် တရားဥပဒေစိုးမိုးမှုလည်း မရှိနိုင်ပါဘူး။ တရားဥပဒေစိုးမိုးမှု မရှိတဲ့အတွက် ပြည်သူတဦးတယောက်မှ လုံခြုံမှုရှိနိုင်မှာမဟုတ်ဘဲ ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေး အတွက် စစ်မှန်တဲ့ တိုးတက်မှုရှိမှာလည်း မဟုတ်ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။
    အခုအစိုးရက ဒီမိုကရေစီစနစ်ပေါ်ပေါက်အောင်ဆောင်ရွက်နေပါတယ်လို့ ပြောတဲ့အတိုင်း စစ်မှန်တဲ့ ဆန္ဒရှိရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့သူတွေ တယောက်မှ မြန်မာနိုင်ငံမှာ ရှိမနေသင့်ပါ ဘူး။ လူတိုင်းမှာ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ရှိသင့်တာဟာ ဒီမိုကရေစီဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က Video ကတဆင့် အမေရိကန်အောက်လွှတ်တော်မှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
    ခုလို လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် ပေါ်ပေါက်လာရေးအပါအဝင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေအတိုင်း ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်နိုင်ဖို့ အမေရိကန် ပြည်ထောင်စုအနေနဲ့ တတ်နိုင်သမျှလုပ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားခဲ့တာဖြစ်ပါတယ်။ စနေနေ့မှာ ထုတ်ပြန်တဲ့ အမေရိကန်အစိုးရရဲ့ ကြေညာချက်ထဲမှာတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ Mr. Quintana အကြံပြုထားတဲ့ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့နိုင်ရေးကို အမေရိကန်က သန္နိဋ္ဌာန်ချ ဆောင်ရွက်နေပါတယ်လို့ ပြောကြားထားပါတယ်ရှင်။
    __._,_.___
    Recent Activity:
    .


    Stumble
    Delicious
    Technorati
    Twitter
    Facebook
    Yahoo
    Reddit
    Feed

    Saturday, June 25, 2011

    ဂျပန်လွှတ်တော် နိုင်ငံခြားရေး ဒု-အတွင်းဝန် မြန်မာပြည်သွားမည်




     
    သောကြာ, 24 ဇွန် 2011

    ဂျပန်လွှတ်တော် နိုင်ငံခြားရေး ဒု-အတွင်းဝန် မြန်မာပြည်သွားမည်

    By ဒေါ်ခင်မျိုးသက်
      ဓာတ်ပုံ mofa.go.jp
      ဂျပန် ဒိုင်းယက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဒုတိယအတွင်းဝန် မစ်စ် မာကီကို ကီကူတာ။
      ဂျပန် ဒိုင်းယက်လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာ ကော်မတီက အကြီးတန်း အရာရှိကြီး တဦးဖြစ်တဲ့ ဒုတိယ အတွင်းဝန် မစ်စ် မာကီကို ကီကူတာ (Makiko Kikuta) ဟာ လာမယ့် တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ မစ်စ် ကီကူတာဟာ မြန်မာအစိုးရသစ်အဖွဲ့ တာဝန်ရှိသူတွေအပြင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဖို့ မြန်မာနိုင်ငံကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
      မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့သစ် တက်လာပြီးတဲ့နောက် နိုင်ငံတကာက အဆင့်မြင့် အရာရှိကြီးတွေ တဦးပြီးတဦး မြန်မာနိုင်ငံကို လာရောက်နေရာမှာ အခု ဂျပန်နိုင်ငံကလည်း အဆင့်မြင့် သံတမန်တဦးကို စေလွှတ်မှာ ဖြစ်ပါတယ်။ ဂျပန်အစိုးရရဲ့ အဆင့်မြင့် အရာရှိကြီးတဦးဖြစ်တဲ့ မစ်စ် မာကီကို ကီကူတာ လာရောက်ဖို့ ရှိတယ်လို့ ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ မတ်ဆုနာဂက ဗွီအိုအေကို အတည်ပြု ပြောကြားခဲ့ပါတယ်။
      "လွှတ်တော် နိုင်ငံခြားရေးရာ ဒုတိယ အတွင်းဝန် မစ်စ် ကီကူတာ မြန်မာနိုင်ငံကို သွားမှာပါ။ လာမယ့် တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့ အထိပါ။ ဂျပန်အစိုးရရဲ့ နိုင်ငံခြားရေးရာ ထိပ်တန်းသံတမန် မြန်မာနိုင်ငံကို မစေလွှတ်တာ ၃ နှစ် ရှိပါပြီ။ အခု ဂျပန်အစိုးရရဲ့ ထိပ်တန်း သံတမန်တဦးဖြစ်တဲ့ မစ်စ် ကီကူတာ သွားရောက်မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလတုန်းက နောက်ဆုံးသွားခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ လွှတ်တော် နိုင်ငံခြားရေးရာ ဒုတိယ အတွင်းဝန် မစ္စတာ အူနိုပါ။" လို့ ပြောသွားပါတယ်။
      ဂျပန်အစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ရေးတွေ လုပ်ဆောင်ဖို့အတွက် လိုနေသေးတယ်လို့ သတ်မှတ်ထားပေမဲ့ မစ်စ် ကီကူတာကတော့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဂျပန်နိုင်ငံရဲ့ ငွေကြေး ကူညီ ထောက်ပံ့မှုတွေ၊ ယဉ်ကျေးမှု ဖလှယ်ရေး ဆိုင်ရာတွေကို ဆွေးနွေးဖို့အတွက် လိုလားနေသလို သူ့ရဲ့ အခု ခရီးစဉ်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ထွန်းကားဖို့အတွက် လုပ်ဆောင်နေတယ်လို့ ပြောဆိုထားတဲ့ အစိုးရသစ် အဖွဲ့နဲ့ ဂျပန်အစိုးရကြား ဆက်ဆံမှုအသစ်တွေ ထူထောင်နိုင်ဖို့အတွက် ပထမခြေလှမ်း အဖြစ်နဲ့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
      သူ့ရဲ့ ခရီးစဉ်အတွင်း မြန်မာအစိုးရ တာဝန်ခံတွေနဲ့သာမက ဒီမိုကရေစီရေး လုပ်ဆောင်နေသူတွေနဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ မစ္စတာ နာဂက ပြောပါတယ်။
      "မြန်မာနိုင်ငံမှာ သူရှိနေတုန်း မြန်မာအစိုးရ ထိပ်ပိုင်း ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ဒီအထဲမှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်လည်း ပါပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာ့ ဒီမိုကရေစီရေးအတွက် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ဆုံဖို့ ရှိပါတယ်။" လို့ ဆိုပါတယ်။
      လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ် သြဂုတ်လမှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ယူရီကို ကာဝါဂူချီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာမို့ အခု မစ်စ် ကီကူတာဟာ ၉ နှစ်ကျော် ကာလမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံး တွေ့ဆုံမယ့် ဂျပန် ထိပ်တန်း အရာရှိကြီးတဦး ဖြစ်ပါတယ်။ သူဟာ မြန်မာအစိုးရသစ်နဲ့ ပတ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထားတွေကို ကြားရမယ်လို့ မျှော်လင့်ထားကြောင်း သောကြာနေ့မှာ သတင်းထောက်တွေကို ပြောခဲ့တယ်လို့ ကျိုဒိုသတင်းမှာ ဖော်ပြပါတယ်။ ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရကလည်း…
      "သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ဖို့အတွက် ကြိုးစားနေပါတယ်။" လို့ ဆိုပါတယ်။
      အခု ဂျပန် နိုင်ငံခြားရေးရာ ဒုတိယ အတွင်းဝန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကနေ ၂၀၀၇ ခုနှစ် သံဃာ့အရေးအခင်းမှာ အသတ်ခံခဲ့ရတဲ့ ဂျပန်သတင်းထောက် ခန်းဂျိ နာဂါအိ (Kenji Nagai) သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းမှုတွေလုပ်ဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းဖို့ ရှိတယ်လို့လည်း မစ်စ် ကီကူတာက သတင်းထောက်တွေကို ပြောပါတယ်။
      ဂျပန်အစိုးရဟာ ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပြီးတဲ့ နောက်ပိုင်းမှာ လူသားချင်း စာနာမှု ဆိုင်ရာနဲ့ အရေးပေါ် ထောက်ပံ့မှုတွေကလွဲပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေးဆိုင်ရာ အကူအညီ ပေးမှုတွေကို ရပ်ဆိုင်းပစ်ခဲ့ပါတယ်။
      __._,_.___
      Recent Activity:
        .

        __,_._,___



        --
        ဖိုးခိုင်
        Czech Republic

        Stumble
        Delicious
        Technorati
        Twitter
        Facebook
        Yahoo
        Reddit
        Feed

        Friday, June 24, 2011

        ၊ကွန်ပျူတာ keyboardတစ်ခုလုံးရဲ့အသုံးဝင်ပုံလေး

        ကွန်ပျူတာ keyboardတစ်ခုလုံးရဲ့အသုံးဝင်ပုံလေး
        Oct 29
        ဒီနေ့ကျနော်တို့ကွန်ပျူတာကိုအစဉ်မြဲသုံးနေကြတဲ့ရွှေညီအကိုအားလုံးကိုချစ်ခင်လေးစားစွာနဲ့
        ကွန်ပျူတာ keyboardတစ်ခုလုံးရဲ့အသုံးဝင်ပုံလေးကိုအောက်မှာဖော်ပြပေးထားပါတယ်။
        သိပြီးကြသူတွေလည်းများမယ်ထင်ပါတယ်၊မသိကြသေးတဲ့ချစ်မိတ်ဆွေအားလုံးအတွက်လိုအပ်တာ
        လေးတွေရှိခဲ့ရင်အဆင်ပြေအောင်ပါ။ရေးမှားပြောမှားတာတွေရှိရင်လည်းခွင့်လွတ်နားလည်ပေး

        လိမ့်မယ်လို့မျော်လင့်ပါတယ်၊မြန်မာစာမရေးဖြင့်တာလည်းနှစ်ကတောတောကြာသွားပါပြီ။
        မြန်မာစာနဲ့တော့ဘာသာမပြန်တော့ပါဘူးစာလုံးတွေကရှင်းရှင်းလေးတွေဆိုတော့၊၊၊၊၊၊၊၊၊၊၊၊



        အဆင့်၁။General keyboard shortcuts

        Ctrl + A = Select all
        Ctrl + C = Copy the highlighted content to clipboard
        Ctrl + V
        = Paste the clipboard content
        Ctrl + N
        = New (Create a new document, not in terminal)
        Ctrl + O
        = Open a document
        Ctrl + S
        = Save the current document
        Ctrl + P
        = Print the current document
        Ctrl + W
        = Close the close document
        Ctrl + Q
        = Quit the current application


        အဆင့်၂။Keyboard shortcuts for GNOME desktop

        Ctrl + Alt + F1 = Switch to the first virtual terminal
        Ctrl + Alt + F2(F3)(F4)(F5)(F6)
        = Select the different virtual terminals
        Ctrl + Alt + F7
        = Restore back to the current terminal session with X
        Ctrl + Alt + Backspace
        = Restart GNOME
        Alt + Tab
        = Switch between open programs
        Ctrl + Alt + L
        = Lock the screen.
        Alt + F1
        = opens the Applications menu
        Alt + F2
        = opens the Run Application dialog box.
        Alt + F3 = opens the Deskbar Applet
        Alt + F4
        = closes the current window.
        Alt + F5 = unmaximizes the current window.
        Alt + F7
        = move the current window
        Alt + F8
        = resizes the current window.
        Alt + F9 = minimizes the current window.
        Alt + F10
        = maximizes the current window.
        Alt + Space = opens the window menu.
        Ctrl + Alt + +
        = Switch to next X resolution
        Ctrl + Alt + -
        = Switch to previous X resolution
        Ctrl + Alt + Left/Right
        = move to the next/previous workspace

        အဆင့်၃။Keyboard shortcuts for Terminal


        Ctrl + A = Move cursor to beginning of line
        Ctrl + E = Move cursor to end of line
        Ctrl + C
        = kills the current process.
        Ctrl + Z
        = sends the current process to the background.
        Ctrl + D
        = logs you out.
        Ctrl + R
        = finds the last command matching the entered letters. Enter a letter, followed by Tab + Tab = lists the available commands beginning with those letters.
        Ctrl + U
        = deletes the current line.
        Ctrl + K
        = deletes the command from the cursor right.
        Ctrl + W
        = deletes the word before the cursor.
        Ctrl + L
        = clears the terminal output
        Shift + Ctrl + C
        = copy the highlighted command to the clipboard.
        Shift + Ctrl + V (or Shift + Insert)
        = pastes the contents of the clipboard.
        Alt + F = moves forward one word.
        Alt + B = moves backward one word.
        Arrow Up/Down = browse command history
        Shift + PageUp / PageDown
        = Scroll terminal output
        အဆင့်၎။Keyboard shortcuts for Compiz

        Alt + Tab = switch between open windows
        Win + Tab
        = switch between open windows with Shift Switcher or Ring Switcher effect
        Win + E
        = Expo, show all workspace
        Ctrl + Alt + Down
        = Film Effect
        Ctrl + Alt + Left mouse button
        = Rotate Desktop Cube
        Alt + Shift + Up
        = Scale Windows.
        Ctrl + Alt + D = Show Desktop
        Win + Left mouse button
        = take screenshot on selected area
        Win + Mousewheel = Zoom In/Out
        Alt + Mousewheel
        = Transparent Window
        Alt + F8
        = Resize Window
        Alt + F7
        = Move Window
        Win + P
        = Add Helper
        F9
        = show widget layer
        Shift + F9
        = show water effects
        Win + Shift + Left mouse button
        = Fire Effects
        Win + Shift + C
        = Clear Fire Effects
        Win + Left mouse button
        = Annotate: Draw
        Win + 1
        = Start annotation
        Win + 3
        = End annotation
        Win + S
        = selects windows for grouping
        Win + T
        = Group Windows together
        Win + U
        = Ungroup Windows
        Win + Left/Right
        = Flip Windows
        အဆင့်၅။Keyboard shortcut for Nautilus

        Shift + Ctrl + N = Create New Folder
        Ctrl + T
        = Delete selected file(s) to trash
        Alt + ENTER
        = Show File/Folder Properties
        Ctrl + 1
        = Toggle View As Icons
        Ctrl + 2
        = Toggle View As List
        Shift + Right
        = Open Directory (Only in List View)
        Shift + Left
        = Close Directory (Only in List View)
        Ctrl + S
        = Select Pattern F2 = Rename File
        Ctrl + A
        = Select all files and folders
        Ctrl + W = Close Window
        Ctrl + Shift + W
        = Close All Nautilus Windows
        Ctrl + R = Reload Nautilus Window
        Alt + Up
        = Open parent directory
        Alt + Left
        = Back
        Alt + Right
        = Forward.
        Alt + Home
        = go to Home folder
        Ctrl + L
        = go to location bar
        F9
        = Show sidepane
        Ctrl + H
        = Show Hidden Files
        Ctrl + +
        = Zoo
        m In
        Ctrl + - = Zoom Out
        Ctrl + 0
        = Normal Size

        ဘလော့ဂါမိတ်ဆွေအားလုံးကိုအစဉ်မြဲချစ်ခင်လေးစားလျှက်




        --
        ဖိုးခိုင်
        Czech Republic

        Stumble
        Delicious
        Technorati
        Twitter
        Facebook
        Yahoo
        Reddit
        Feed

        2011 top 10 ကမ္ဘာ့အချမ်းသာဆုံး........




        http://www.youtube.com/watch?v=Z9PGZYSZjyk  Top 10 Words richest people ranking 2011



        --
        ဖိုးခိုင်
        Czech Republic

        Stumble
        Delicious
        Technorati
        Twitter
        Facebook
        Yahoo
        Reddit
        Feed

        ဗိုလ်ချုပ်မှူးကြီးသန်းရွှေနင့်သား၊သမီးများ





        ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

        ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
        မွေးနေ့ ၁၉၃၃-ခုနှစ်၊ ဖေဖော်ဝါရီ ၂-ရက်
        B.C အမှတ် ကြည်း - ၆၇၁၀
        မွေးဖွားရာဒေသ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ 
        ဇနီး ဒေါ်ကြိုင်ကြိုင်
        ရာထူးအလုပ်အကိုင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊
        ကာကွယ်ရေးဌာနဝန်ကြီး၊
        နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ
        လူသိများခြင်းမှာ တိုင်းပြည်အုပ်ချုပ်သော စစ်တပ်အကြီးအကဲ
        ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓဘာသာ
        တည်ထောင်ခဲ့သည့် အဖွဲ့အစည်း ပြည်ထောင်စု ကြံ့ခိုင်းရေးနှင့် ဖွံဖြိုးရေးအသင်း
        ကွန်ယက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
        ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဗိုလ်ချုပ်မှူးကြီးစောမောင်ကျန်းမာရေးအရ ရုတ်တရက် အနားယူခဲ့ပြီးနောက် ၁၉၉၂-ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် နိုင်ငံ့အကြီးအကဲ တာဝန်ယူခဲ့သူ ဖြစ်သည်။

        Contents

        [hide]

         ငယ်စဉ်ဘဝ

        ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၁၉၃၃-ခုနှစ်၊ ဖေဖော်ဝါရီ ၂-ရက်၊ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ မြင်းစုကျေးရွာတွင် မွေးဖွားသည်။ စာတိုက်ဌာနတွင် အလုပ်စတင်ခဲ့၍ ဗိုလ်သင်တန်းကျောင်းအမှတ်စဉ်(၉)ဗိုလ်သင်တန်းတက်ရောက်ကာ တပ်မတော်ထဲသို့ ဝင်ရောက်ခဲ့ပြီး နှစ်အတန်ကြာ စိတ်ဓာတ်စစ်ဆင်ရေးဌာနနှင့် ဗဟိုနိုင်ငံရေးသင်တန်းကျောင်း တွင် တာဝန်ထမ်း ဆောင်ခဲ့သည်။ ၄င်းအချိန်တွင် အစိုးရ၏ စစ်တပ်သည် ကရင်သောင်းကျန်းသူများအား တိုက်ခိုက် နေသည့်ကာလ ဖြစ်သည်။

        ၁၉၆ဝ ခုနှစ်တွင် ဗိုလ်ကြီးရာထူးသို့ တိုးမြှင့် ခြင်းခံရသည်။ ဝန်ကြီးချုပ်ဦးနုအား ဖြုတ်ချခဲ့သည့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရာထူးစဉ်လိုက် တိုးတက်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ဒုတိယဗိုလ်မှူး ကြီး ဖြစ်ခဲ့ပြီး၊ ၁၉၇၈ ခုနှစ်တွင် ဗိုလ်မှူးကြီး ဖြစ်ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် အနောက်တောင်တိုင်း တိုင်းမှူး ဖြစ်ခဲ့သည်။ ၁၉၈၅-ခုနှစ်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ် နှင့် ဒုတိယကာကွယ်ရေး ဝန်ကြီး ဖြစ်ခဲ့ပြီး ၁၉၈၆-ခုနှစ်တွင် ဗိုလ်ချုပ် ၁၉၈၇တွင် ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့သည်။ လမ်းစဉ်ပါတီဗဟိုကော်မတီအဖွဲ့ဝင်လည်း ဖြစ်သည်။

        နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဌအဖြစ် ခန့်အပ်ခံရခြင်း

        ၁၉၈၈ ခုနှစ် သွေးထွက်သံယိုဖြစ်ခဲ့သည့် အရေးတော်ပုံကို တုန့်ပြန်သည့်အနေဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ အဖွဲ့ဝင် ၂၁ ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ၁၉၈၉တွင်န၀တအဖွဲ့ ဒုတိယဥက္ကဌ ၊ဗိုလ်ချုပ်ကြီး ဖြစ်လာသည်။၁၉၉၂-ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် ကျန်းမာရေးအကြောင်းပြု ၍ ဗိုလ်ချုပ်မှူးကြီး စောမောင် ရုတ်တရက် အနားယူခဲ့ပြီး သူ၏နေရာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နဝတ ဥက္ကဌ၊ နိုင်ငံတော်အကြီးအကဲ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် အစားထိုး နေရာယူခဲ့သည်။

        မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကာလ


        နိုင်ငံခေါင်းဆောင်ကာလ

        ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီးနှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာဗိုလ်ချုပ်မှူးကြီးသန်းရွှေဖြစ်လာသည်။ ဗိုလ်ချုပ်မှူးကြီးစောမောင် ထံမှနိုင်ငံတော်အာဏာကို ကျန်းမာရေး အခြေအနေအရ ထပ်မံသိမ်းယူခဲ့သူ ဖြစ်သည်။

         ဦးဆောင်မှု ပုံစံ

        ဗိုလ်ချုပ်မှူး ကြီးသန်းရွှေသည် အစပိုင်းတွင် သူ၏ ရှေ့ကလူထက် ပိုမိုပျော့ပျောင်းသည့် သဘောကို ဆောင်ခဲ့သည်။ ၁၉၉ဝ ပြည့်နှစ် ရွေး ကောက်ပွဲကို ချေမှုန်းလိုက်ပြီးကတည်းက နေအိမ်အကျယ်ချုပ်ထားခြင်း ခံရသော ဒီမိုကရေစီခေါင်းဆောင် [ဒေါ်အောင်ဆန်းစုကြည်][1] အား ကန့်သတ် ပိတ်ပင်မှုများကို လျှော့ပေးပြီး နိုင်ငံရေးအကျဉ်းသားများကိုလည်း လွှတ်ပေးခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် တိုင်း ပြည်၏ တရားဝင်အင်္ဂလိပ်အမည် ဘားမားကို(ဘားမားဟူသည့်အမည်သည် နိုင်ငံတော်အတွင်း လူဦးရေအများဆုံးဖြစ်သည့် ဗမာလူမျိုးကိုသာ ကိုယ်စားပြုထားသောကြောင့် တစ်နိုင်ငံလုံးအား ကိုယ်စားပြုစေမည့် အမည်နာမ) မြန်မာဟု ပြောင်းလဲခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ဖွဲ.စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသစ် ရေးဆွဲစေခဲ့သည်။ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေသည် စီးပွားရေးကို နိုင်ငံတော်က ထိန်းချုပ်မှုအချို့ ကို လွှတ်ပေးခဲ့ပြီး အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)သို့ မြန်မာနိုင်ငံ ဝင်ရောက်ရေးအား လိုလားထက်သန်ခဲ့သည်။ နိုင်ငံရေး ခြစားမှုကို ကိုယ်တိုင်ကြီး ကြပ်တိုက်ဖျက်ပြီး ၁၉၉၇ ခုနှစ်တွင် ဝန်ကြီးအချို့ ကို အရေးယူခဲ့သည်။ ဝေဖန်ခြင်းကို လက်မခံသူဟု ရှုမြင်ကြသော်လည်း ကမ္ဘာ့ ကြက်ခြေနီ အဖွဲ. (International Committee of the Red Cross) နှင့် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ. (Amnesty International ) တို့အား မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ကို ပြုခဲ့သည်။
        တိုင်းရင်းသားလူနည်းစုများ ဖြစ်သည့် ကရင်၊ရှမ်း အစရှိသည့် လူမျိုးစုများမှ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တပ်မတော်သည် ယနေ့ထိ ငြိမ်းချမ်းရေးမရသေးပေ။ လူဝင်မှု ကြီးကြပ်ရေးဌာနအား အမိန့်ပေးကိုင်တွယ်ရာတွင် တရားမ၀င်ခိုးဝင်သည့် မွတ်ဆလင်အများစုသည် ၄င်းတို့ဇာတိဖြစ်သည့် ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများသို့ ပြန်လည်ထွက်ခွာသွားသည့်အရေးအား မြန်မာပြည်အစိုးရအား အမြင်မကြည်သည့် နိုင်ငံများ၏ သတင်းဌာနများမှ မတရားဖိနှိပ်သည်ဟု သတင်းလွှင့်ခဲ့ပေသည်။သတင်းလွတ်လပ်ခွင့်ကိုလည်း ချုပ်ခြယ်ထားသည်ဟု အချို့သော သတင်းသမားများမှ ယူဆကြသည်။ ၁၉၉ဝ ခုနှစ်က [ဒေါ်အောင်ဆန်းစုကြည်အား][2] လွှတ်ပေးခဲ့သော်လည်း ၂ဝဝ၃ခုနှစ်တွင်(နိုင်ငံတော်ဖျက်ဆီးသူများ၏ ရန်မှကာကွယ်ခြင်းဥပဒေဖြင့်) ပြန်လည်ထိန်းသိမ်းခဲ့သည်။မကြာသေးမှီက(၂၀၁၀ နှစ်ကုန်ပိုင်း)တွင် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်လွှတ်ပေးခဲ့သည်။ မြန်မာ့စီးပွားရေးအား တင်းကျပ်စွာ ထိန်းချုပ်ခြင်းအား လျှော့ချပေးခဲ့သော်လည်း သူ၏စီးပွား ရေးဆိုင်ရာမူများမှာ လိုအပ်ချက်များ ရှိနေသေးသည်ဟု အချို့မှထင်မြင်ယူဆကြသည်။ သူသည် ထင်ရှား ပေါ်လွင်စွာ မနေပေ။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်း ကြောင်း ပေါ်ရောက်ရှိရေးတွင် အဓိကအတားအဆီးအဖြစ် ပြည်ပနိုင်ငံများမှ ရှုမြင်ကြသည်။ နိုင်ငံပိုင်သတင်းစာများတွင် ရုံးပိတ်ရက်နှင့် အခါကြီး နေ့ကြီးများတွင် သဝဏ်လွှာများ ရေးပို့လေ့ရှိပြီး သတင်ဌာနများအား တိုက်ရိုက် စကား ပြောခြင်း မရှိပေ။ သူသည် အနားယူရမည့်အသက်(၆၀) ကျော်လွန်ပြီဖြစ်သော်လည်း တာဝန်ထမ်းဆောင်ဆဲဖြစ်သည်။ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်အား အမိန့်မနာခံမှုဖြင့် ရာထူးမှအငြိမ်းစားပေးလိုက်သည်ဟု သိရသော်လည်း ၂၀၁၀နှစ်ကုန်ပိုင်းတွင် ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် ပတ်သက်သည့် ဗီဒီယိုဖိုင်အချို့ ဖေ့ဘွတ်ခ်လူမှုဆိုရှယ်ဝဘ်ဆိုဒ်တွင် ပျံ့နှံလာခဲ့သည်။ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်မှာ ပအို့ဝ်တိုင်းရင်းသူတစ်ဦး ဖြစ်သည်။ ၄င်းဧ။်လက်ထက်(၁၉၉၂မှ၂၀၁၀)၁၈ နှစ်တာကာလတွင် ၄င်းဧ။် လက်ထက်တွင် သူဧ။် ဦးဆောင်မှုဖြင့် လမ်းများ တံတားများ ဆည်တာတမံများ ရေအားလျှပ်စစ် စက်ရုံ အလုပ်ရုံများ အဆောက်အအုံများ၊စက်မှုဇုန်များကု တိုးချဲ့ ဆောက်လုပ်ခဲ့ပြီး နိုင်ငံတော် ကာကွယ်ရေး အင်အားစုကို အခြားနိုင်ငံများနည်းတူ မွမ်းမံခဲ့သည်။၎င်း အုပ်ချုပ်စဉ် ကာလအတွင်း အမျိုးသား ညီလာခံ ကျင်းပခြင်း၊ တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးရယူကာ တပ်မတော် အတွင်းသို့ နယ်ခြားစောင့်တပ်အဖြစ်တရားဝင် အသွင်ကူးပြောင်းခြင်း၊ မြန်မာနိုင်ငံ အခြေခံဥပဒေသစ်ကို ပြဌာန်းခြင်းနှင့် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲကျင်းပပေးခြင်း တို့ကိုဖော်ဆောင်ခဲ့သည်။ အုပ်ချုပ်နေစဉ်ကာလအတွင် သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များပေါ်ပေါက်ခဲ့ရာ နာဂစ်မုန်တိုင်းသည် အသေအပျောက်အများဆုံး ဘေးအန္တရာယ်ဖြစ်ခဲ့ပြီး မြန်မာ့ဒီရေတောများ ပျက်ဆီးခဲ့ပေသည်။ အတိုက်အခံများမှ ရွှေဝါရောင်တော်လှန်ရေးဟု အမည်ပေးထားသည့် ဆန္ဒပြပွဲလည်း ဖြစ်ခဲ့သေးသည်။ယနေ့အချိန်တွင် နိုင်ငံပိုင်လုပ်ငန်းအားလုံး၏ ကိုးဆယ်ရာခိုင်နှုန်းအား ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးခဲ့ပြီးဖြစ်သည်ဟု နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ဖော်ပြထားသည်။ [1]

        သား၊သမီးများ

        • ထွန်းနိုင်ရွှေ(ခ) ထွန်းထွန်းနိုင် (ဇနီး-ခင်သန္တာ)
        • ဦးကြိုင်ဆန်းရွှေ (ဇနီး -ခင်ဝင်းစိန် )
        • ခင်သန္တာရွှေ(ခ) မပေါက် (ခင်ပွန်း- ဇော်ဖြိုးဝင်း (ဗိုလ်မှူး))
        • ခင်ပြုံးရွှေ
        • အေးအေးသစ်ရွှေ
        • ကြည်ကြည်ရွှေ
        • ဒေ၀ါရွှေ
        • သန့်ဇော်ရွှေ(ခ)မောင်မောင်



        --
        ဖိုးခိုင်
        Czech Republic

        Stumble
        Delicious
        Technorati
        Twitter
        Facebook
        Yahoo
        Reddit
        Feed

        david lah sermon2011

        Stumble
        Delicious
        Technorati
        Twitter
        Facebook
        Yahoo
        Reddit
        Feed

        အာဖဂန်က အမေရိကန်တပ်ဖွဲ့ ၃၃,၀၀၀ အိုဘားမား ရုပ်သိမ်းမည်

        အာဖဂန်က အမေရိကန်တပ်ဖွဲ့ ၃၃,၀၀၀ အိုဘားမား ရုပ်သိမ်းမည်

        ၂၀၁၂ ခုနှစ် အကုန်မှာ အမေရိကန် တပ်ဖွဲ့ဝင်ပေါင်း ၃၃,၀၀၀ ကို အာဖဂန်နစ္စတန်ကနေ ပြန်ရုပ်သိမ်းဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ရှင်းလင်း ပြောဆိုဖို့အတွက် ဒီနေ့ နယူးယောက်မြို့ကို ထွက်ခွာသွားပါတယ်။
        သမ္မတဟာ ဖို့ဒရမ် (Fort Drum) မှာရှိတဲ့ 10th. Mountain Division အမှတ် ၁၀ တပ်မ တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ဒီ အမှတ် ၁၀ တပ်မဟာ အာဖဂန်နစ္စတန်ကို တပ်ဖွဲ့တွေ အများဆုံး စေလွှတ်လေ့ရှိတဲ့ တပ်မတခု ဖြစ်ပါတယ်။
        အာဖဂန်နစ္စတန် တပ်ဖွဲ့တွေရဲ့ တိုက်ပွဲအရှိန်တွေ ကျလာပြီလို့ ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော် မိန့်ခွန်းမှာ ထည့်ပြောခဲ့ပြီး ဒီနှစ်အကုန်မှာ အာဖဂန်နစ္စတန်ကနေ အမေရိကန် တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကို ပထမဆုံးအကြိမ် ရုပ်သိမ်းမယ်လို့ သမ္မတက ပြောဆိုခဲ့ပါတယ်။
        အာဖဂန်နစ္စတန် တပ်ဖွဲ့ဝင်တွေ တာဝန်လွှဲယူလာတာနဲ့အမျှ အမေရိကန် တပ်ဖွဲ့တွေရဲ့ အာဖဂန်နစ္စတန်ကနေ ရုပ်သိမ်းမှုကို ပုံမှန် အနေအထားနဲ့ ဆောင်ရွက်နေပြီး ကျန်တဲ့ တပ်ဖွဲ့တွေကို နောင်နှစ်မှာ ရုပ်သိမ်းဖို့ ရှိတယ်လို့ သိရပါတယ်။
        အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းနေတဲ့ အမေရိကန် တပ်ဖွဲ့ဝင် ၁၀၀,၀၀၀ လောက် ရှိတယ်လို့ သိရပါတယ်။
        ကြာသပတေးနေ့ကတော့ အာဖဂန် ပြည်သူတွေဟာ သူတို့တိုင်းပြည်ကို ကာကွယ်ကြမှာဖြစ်ပြီး အမေရိကန် တပ်ဖွဲ့တွေ ဆုတ်ခွာတာကို ကြိုဆိုတယ်လို့ အာဖဂန် သမ္မတ ဟာမစ် ကာဇိုင်း (Harmid Karzai) က ပြောဆိုပါတယ်။ အမေရိကန်တပ်တွေ ဆုတ်ခွာမယ့် ဆုံးဖြတ်ချက်ဟာ နှစ်နိုင်ငံလုံးရဲ့ အကျိုးနဲ့ ဆိုင်ပါတယ်လို့လည်း အာဖဂန် သမ္မတက ပြောပါတယ်။
        အာဖဂန်နစ္စတန်မှာရှိတဲ့ တာလီဘန်တွေကတော့ ဒီအစီအစဉ်ဟာ နမူနာ သဘောလောက်ပဲရှိပြီး စစ်ကြောင့် ပင်ပန်းနေတဲ့ နိုင်ငံတကာနဲ့ အမေရိကန် ပြည်သူတွေကို ကျေနပ်စေနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
        အာဖဂန် စစ်ပွဲတွေကို အမေရိကန် ပြည်သူတွေက တနေ့တခြား ထောက်ခံမှု နည်းလာပါတယ်။ အာဖဂန်နဲ့ အီရတ်စစ်ပွဲတွေအတွက် ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၁,၀၀၀ လောက် သုံးခဲ့ရပြီး အခုချိန်ဟာ အမေရိကန်နိုင်ငံကို ပြန်ထူထောင်ဖို့ အာရုံစိုက်ရမယ့်အချိန် ဖြစ်တယ်လို့ သမ္မတက ပြောဆိုလိုက်ပါတယ်။
        အာဖဂန် ပြည်သူတွေက သူတို့လုံခြုံရေးကို တာဝန်ယူကြမှာဖြစ်ပြီး လာမယ့် ၂၀၁၄ ခုနှစ်မှာ အာဖဂန်နစ္စတန်နိုင်ငံ အသွင်ကူးပြောင်းရေးလုပ်ငန်း ပြီးမြောက်တော့မှာ ဖြစ်ကြောင်း သမ္မတ အိုဘားမားက ပြောဆိုပါတယ်။
        အာဖဂန်နစ္စတန်တပ်ဖွဲ့ ရုပ်သိမ်းရေးဆိုင်ရာ သမ္မတရဲ့ ဗုဒ္ဓဟူးနေ့ ကြေညာချက်ဟာ တခြားတပ်မှူးတွေရဲ့ ပြောဆိုချက်တွေထက် ပိုပြီး ထက်ထက်သန်သန် ရှိပုံရတယ်လို့ ပြောဆိုကြပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) ကလည်း သမ္မတရဲ့ ပြောဆိုချက်ကို ထောက်ခံခဲ့ပါတယ်။
        __._,_.___
        Recent Activity:
          .


          ဖိုးခိုင်
          Czech Republic

          Stumble
          Delicious
          Technorati
          Twitter
          Facebook
          Yahoo
          Reddit
          Feed