စပိန်ကလပ်နှစ်သင်းက ဥရောပ ချန်ပီယံဆုကို ၁၃ကြိမ်ရရှိ
အောင်ဝင်း
အတွဲ ၂၆ ၊ အမှတ် ၅၂၀ ( ၃-၉ ၊ ၆ ၊ ၂၀၁၁)
မန်ချက်စတာယူနိုက်တက်ကို မေ ၂၈ရက်က ၀င်ဘလေကွင်းတွင် ၃-၁ ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သော ဘာစီလိုနာ၏ ချန်ပီယံလိဂ် အောင် မြင်မှုက ဘောလုံးသမိုင်းတွင် သူတို့ကိုအကြီးကျယ်ဆုံးစာရင်းဝင်ဖြစ်စေခဲ့သည်။
ဇာဗီ၊ အင်နီယေစတာနှင့် ကမ္ဘာ့ အကောင်း ဆုံးဆုရ မက်ဆီတို့၏ အပေး အယူ၊ အလိမ်အလှည့်၊ လွန်းထိုး ယှက်သွယ်ကစားပုံများက တစ်ကမ္ဘာလုံး မှ ပရိသတ်များကို ပျော်ရွှင်အားရ ကြည့်မ၀ဖြစ်စေခဲ့သည်။ နည်းပြဂွာဒီယို လာမှာလည်း ၂၀၀၈ ခုနှစ်တွင် သူစတင် တာဝန်ယူချိန်မှစ၍ အထင်ကရချန်ပီယံ ဖလား ၁၀ ဆုကို ယခုအခါရရှိပြီးပေပြီ။ ယခုအချိန်အထိ ဥရောပချန်ပီယံဆု ရရှိပြီးသော စပိန်ကလပ်နှစ်သင်းသာ ရှိရာတွင် ရီးယဲလ်မက်ဒရစ်က ကိုးကြိမ် ဖြင့် အအောင်မြင်ဆုံးစံချိန်တင်ထား သည်။
ဘာစီလိုနာက ယခုနှစ်တွင် လေးကြိမ်မြောက် ရရှိခြင်းဖြစ်ပြီး တစ်နည်းအားဖြင့် စပိန်ကလပ်တစ်ခုက ဥရောပချန်ပီယံဆုကို ၁၃ ကြိမ်မြောက် ရရှိခြင်းလည်းဖြစ်သည်။
ဥရောပချန်ပီယံကလပ်များ ၉ ကြိမ် - ရီးယဲလ်မက်ဒရစ်(၁၉၅၆၊ ၁၉၅၇၊ ၁၉၅၈၊ ၁၉၅၉၊ ၁၉၆၀၊ ၁၉၆၆၊ ၁၉၉၈၊၂၀၀၀၊ ၂၀၀၂)
၇ ကြိမ် - အေစီမီလန် (၁၉၆၃၊ ၁၉၆၉၊ ၁၉၈၉၊ ၁၉၉၀၊ ၁၉၉၄၊ ၂၀၀၃၊ ၂၀၀၇)
၅ ကြိမ် - လီဗာပူး (၁၉၇၆၊ ၁၉၇၈၊ ၁၉၈၁၊ ၁၉၈၄၊ ၂၀၀၅၊)
၎ ကြိမ် - ဘာစီလိုနာ (၁၉၉၂၊ ၂၀၀၆၊ ၂၀၀၉၊ ၂၀၁၁)
၎ ကြိမ် - ဘိုင်ယန်မြူးနစ် (၁၉၇၄၊ ၁၉၇၅၊၁၉၇၆၊ ၂၀၀၁)
၎ ကြိမ် - အေဂျက် (၁၉၇၁၊ ၁၉၇၂၊ ၁၉၇၃၊ ၁၉၉၅)
၃ ကြိမ် - အင်တာမီလန် (၁၉၆၄၊ ၁၉၆၅၊ ၂၀၁၀)
၃ ကြိမ် - မန်ယူ (၁၉၆၈၊ ၁၉၉၉၊ ၂၀၀၈)
၂ ကြိမ် - ဘင်ဖီကာ (၁၉၆၁၊ ၁၉၆၂)
၂ ကြိမ် - ဂျူဗင်တပ်(၁၉၈၅၊ ၁၉၉၆)
၂ ကြိမ် - နော့တင်ဟမ်ဖောရက်(၁၉၇၉၊ ၁၉၈၀)
၂ ကြိမ် - ပေါ်တို (၁၉၈၇၊ ၂၀၀၄)

0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်