မီဇိုရမ်ပြည်နယ်သို့ မြန်မာနိုင်ငံသားများ ၀င်ထွက်သွားလာခွင့်တင်းကျပ်မည်June 16th, 2011 | Add a Comment | 686 viewsယင်းကိစ္စကို အိန္ဒိယဗဟိုအစိုးရမှဒုတိယအကြိမ်မြောက်သတိပေးပြောဆို လိုက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဇန်န ၀ါရီလကလည်း အိန္ဒိယပြည်ထဲရေးဝန်ကြီးဌါန က မြန်မာနိုင်ငံသားများ အဓိက ချင်းလူမျိုးများနှင့် မြန်မာနိုင်ငံ သား မီဇိုးလူမျိုးများအား စနစ်တကျ စစ်ဆေးခြင်းမရှိဘဲမီဇိုရမ်ပြည်နယ်သို့ ၀င်ရောက်လာသည့်အပေါ် စိုးရိမ် ကြောင်းသတိပေးပြောကြားခဲ့ပြီးဖြစ်သည်ဟုအိန္ဒိယသတင်းစာ The Telegraph တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများ နှင့် အိန္ဒိယနိုင်ငံသားများသည် နယ်စပ်မှ ၁၆ကီလိုမီတာအတွင်းသာ ၀င်ထွက်သွား လာခွင့် ရှိကြောင်း သတ်မှတ်ထားသောနယ်မြေဧရိယာအတွင်းမှာသာ နှစ်နိုင်ငံထွက်ကုန်များအပြန်အလှန်တင်သွင်း ဖ လှယ် ခွင့်ရှိကြောင်း သတင်းစာ တွင်ရေးသားထားသည်။ အကယ်၍ မြန်မာနိုင်ငံသားများအနေဖြင့် သတ်မှတ်ထားသော ၁၆ကီလိုမီတာထက်ကျော်ပြီး သွားရောက်လိုပါက အိန္ဒိယ အစိုးရ ၏ခွင့်ပြုချက်ရရှိမှသာ သွားလာခွင့်ပြုရမည်ဟု အိန္ဒိယပြည်ထဲရေးဝန်ကြီးဌါနကသတိပေးပြော ကြား ထားသည်ဟု လည်း ဆက်လက်ဖော်ပြထားသည်။ ယင်းကိစ္စနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ရန် မီဇိုရမ် Superintendent of Police နှင့် CID ကို ဗဟိုအစိုး ရက တိုက်ရိုက်လုပ်ပိုင်ခွင့်ပေးထားကြောင်း၊ ထို့အပြင် အရှေ့ဖက်မှ ၀င်ရောက်လာသူများ၏မှတ်ပုံတင် (သို့မ ဟုတ်) တရားဝင်ခရီးသွားလာခွင့်လက်မှတ်ရှိမရှိကိုသေချာစစ်ဆေးရန် မီဇိုရမ်ပြည်နယ် နိုင်ငံခြားသားများ မှတ်ပုံ တင်ဌါနမှ တာဝန် ရှိသူများ အားသတိပေးလိုက်သည်ဟုသတင်းစာတွင်ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများ အထူးသဖြင့် ချင်းလူမျိုးများသည် ပြည်တွင်းစားဝတ်နေရေးအခက်အခဲကြောင့် မီဇိုရမ်ပြည် နယ်တွင် ရရာ အလုပ်ကိုလုပ်ကိုင်ပြီး မိသားစု ၀မ်းစာအတွက် လုံးပမ်းနေကြသည်။ အကယ်၍ နယ်စပ်မှ ၁၆ ကီလိုမီတာအတွင်းထိသာ မြန်မာနိုင်ငံသားများအားဝင်ခွင့်ပေးတော့မည်ဖြစ်ပါက ဆင်းရဲသော မြန်မာနိုင်ငံသားအတွက် ပိုမိုအခက်တွေ့ကြုံလာနိုင်ကြောင်းအိုင်ဇောလ်မြို့မှ မြန်မာအမျိုးသားတဦကပြောသည်။ ''မြန်မာနိုင်ငံမှာက အလုပ်လက်မဲ့တွေပေါ်လာတယ်..ရှိတဲ့အလုပ်ကလည်း မဖူလုံတော့ ဒီဘက်(မီဇိုရမ်)ကိုထွက်လာကြတဲ့ သူတွေက ပိုပိုများလာတယ်၊ ဆိုတော့ နယ်စပ်ကနေ ၁၆ ကီလိုမီတာအတွင်းထိဘဲ သွားလာခွင့် ပေးတော့မယ်ဆိုတဲ့ဟာကို အမှန်တကယ် အကောင်အထည်ဖော်လိုက်မယ်ဆိုရင် ကျနော်တို့မြန်မာနိုင်ငံသားတွေကတော့ ဒုက္ခပိုကြုံရဦးမှာဘဲ''ဟု သူကပြောသည်။ |
__._,_.___
.
ဖိုးခိုင်
Czech Republic









Rangoon Time
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်