BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Wednesday, July 27, 2011

လူ့ မစင်မှ အသားတုထုတ်လုပ်နိုင်ပါပြီ




shit-meat.jpg

စားကြဦးမလား ဂျပန်ပဲပုတ်ခြောက်ကျော် ..အဲလေ...မစင်အသားတု တဲ့ ခင်ဗျာ...



ကမ္ဘာ့ စားနပ်ရိက္ခာရှားပါးမှုဟာ အရေးတစ်ကြီးဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာတစ်ရပ်ဖြစ်လာနေပါတယ်...
သို့ သော်လည်း ပါမောက္ခ အီကီဒါ ကတော့ ၎င်းရဲ့ နောက်ဆုံးပေါ် ကြံဆတီထွင်မှုဖြစ်သည့် လူ့ မစင်မှနေ
ပရိုတိန်းဓါတ်ပါသည့် အသားတုတစ်မျိုးတီထွင်ထုတ်လုပ်နိုင်မှုဟာ ထိုအခက်အခဲပြဿနာကြီးကို အရေးပါ
သည့် နေရာမှ ကူညီဖြေရှင်းပေးနိုင်မယ်လို့ ယူဆနေခဲ့ ပါတယ်...
အိုကာယာမ ဓါတ်ခွဲစမ်းသပ်ခန်းမှ ဂျပန်နိုင်ငံသား သုတေသနပညာရှင်က ၎င်း၏တိုင်းပြည်တွင် မိလ္လာပြဿ
နာများ မနိုင်မနင်းဖြစ်နေခဲ့ သဖြင့် တိုကျို မိလ္လာဌာနအနေဖြင့် ထိုအခက်အခဲကိုအကျိုးရှိစွာဖြေရှင်းနိုင်ရန် နည်းလမ်းရှာဖို့ ၎င်းအား ပန်ကြားပြောဆိုခဲ့ တယ်လို့ ဆိုပါတယ်...
ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်များ၏ ကြောင်တောင်တောင်နိုင်လှမှုဟာ လူသိများတာကြောင့် ယခုလို ရွံရှာဖွယ်
မစင်မှ အစားအသောက်အဖြစ်ထုတ်လုပ်မည် ဟူသောစိတ်ကူးကြံဆ တီထွင်ချက်ဟာ သိပ်တော့ အထူးအ
ဆန်းမဟုတ်လှပါဘူး...
၎င်းရဲ့ သုတေသနပြုမှုကာလအတွင်းမှာ ပညာရှင်အီကီဒါ ဟာ မိလ္လာအညစ်အကြေးအဖတ်များတွင် ပရိုတိန်း
ဓါတ်များ အမြောက်အများပါဝင်နေသည်ကိုတွေ့ ရှိရလို့ ထိုတန်ဖိုးရှိ ပရိုတိန်းများအား စစ်ယူပြီး အသားတု
တစ်မျိုးအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ဖို့ တီထွင်ဖန်တီးခဲ့ တာဖြစ်ပါတယ်...

လူ့ မစင်များ အဓိကပါဝင်သည့် မိလ္လာအညစ်အကြေးများတွင် ဘက်တီးရီးယားများအပြည့် ရှိနေတာကြောင့် 
ပရိုတိန်းဓါတ်များ ရာနှုံးမြင့် ပါဝင်နေတာဖြစ်ပါတယ်...
ပြုပြင်ထုတ်လုပ်မှု ဖြစ်စဉ်အတွင်း အပူရှိန်ကြောင့် သေဆုံးကုန်မှာမို့ ထိုဘက်တီးရီးယားများဟာ အန္တရယ်
မရှိတော့ မှာလည်းဖြစ်ပါတယ်...
အစဦးစမ်းသပ်လေ့ လာချက်များအရ အသားတုဟာ ထပ်မံပေါင်းစပ်လိုက်သည့် ပဲပိစပ်ပရိုတိန်းကြောင့် အ
မဲသား နှင့် အတူတူပင် အရသာရှိနေပြီး အီကီဒါက ပိုမိုနီးစပ်သွားစေရန် အနီရောင် အစားအစာစပ်ဆေးကို
ပင် ထပ်မံထည့် သွင်းလိုက်ပါသေးတယ်...

ထိုလူ့ မစင် တစ်ဖြစ်လည်း အသားတုတွင် ပါဝင်သည့် အဟာရဓါတ်များကား ပရိုတိန်းဓါတ် ၆၃ ရာခိုင်နှုံး၊
ကာဘိုဟိုက်ဒရိတ် ၂၅ ရာခိုင်နှုံး၊ လီပဒ် ၃ ရာခိုင်နှုံး နှင့် သဘာဝဓါတ် ၉ ရာခိုင်နှုံးတို့ ပါဝင်တာကြောင့် ထို
အသားအစားထိုးပစ္စည်းဟာ မဆိုးဘူးလို့ ဆိုရမှာဖြစ်ပါတယ်...
သို့ သော်လည်း ဤအသားတုဟာ မိလ္လာအညစ်အကြေးမှသန့် စင်ထုတ်ယူစီမံတာဖြစ်ပြီး လူ့ မစင်မှ ပရိုတိန်း
ဓါတ်များပါဝင်တယ်ဆိုတာ သိလျှင်ဖြင့် စားသုံမည့် သူအနည်းငယ်သာရှိလိမ့် မည်ဟု ပါမောက္ခ အီကီဒါ က
ဝန်ခံပြောဆိုခဲ့ ပါတယ်...
ဒါပေမယ့် အစားအစားရှားပါးပြတ်လပ်မှု အပြင်းအထန်ဖြစ်ပွားလာခဲ့ လျှင်တော့ လူတွေဟာ ထိုအသားတုကို
ပင် အလုအယက်တောင်းဆိုကြမှာ ဖြစ်ပါတယ်...

ယခုလောလောဆယ်အားဖြင့် အီကီဒါဟာ ၎င်းရဲ့ တီထွင်မှုကို လူအများတတ်နိုင်သည့် ဈေးနှုံးဖြင့် အမြောက်
အများ ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့် နေပါတယ်...
လက်ရှိအနေအထားမှာတော့ " မစင်အသား " ဟာ သာမန်အသားထက် ၁၀ ဆ မျှပိုမိုဈေးကြီးနေပေမယ့် 
သုတေသနပြုမှုအတွက် ကုန်ကျစားရိတ်ကို ထုတ်လုပ်မှုကုန်ကျစားရိတ်ထဲမှ ဖယ်နိုင်သည်နှင့် တစ်ပြိုင်နက်
ထိုအသားတုဈေးနှုံးဟာ သဘာဝအသားဈေးနှုံးနှင့် ယှဉ်ပြိုင် ( လျော့ နည်း ) နိုင်လိမ့် မည်ဟု ဂျပန်သိပ္ပံပ
ညာရှင်က မျှော်လင့် နေပါတယ်...

ငတ်လာယင်တော့ လည်း စားကြရမှာပါပဲ...
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်