- (၁) Matrix Screen Locker Portable



ဒီကောင်လေးကိုတော့ မိမိစက်အားအသုံးပြုနေစဉ် အကြောင်းတစ်စုံတစ်ရာပေါ်၍ စက်နားမှခွါပြီးအပြင်ခဏသွားလို
သောအခါတွင် မိမိစက်အားလည်းမပိတ်ခဲ့ချင် အခြားသူများလည်းကိုင်မည်စိုးသောအခါများတွင် အသုံးပြုနိုင်ပါသည်။ကျွန်
တော်ကတော့ လုပ်လက်စအလုပ်များအားတန်းလန်းရှိချိန် အလွန်ဆော့သောကျွန်တော်၏ သံယောဇဉ်များလည်းမကလိနိုင်
ရန်အတွက် စက်နားမှခေတ္တထ၍ အခြားကိစ္စများလုပ်သောအခါတွင်အလွန်အသုံးတည့်လှပါသည်။အသုံးပြုပုံပြုနည်းများအား
ပုံများ စာများနှင့်တကွထည့်ပေးထားပါသည်။ဒီနေရာလေးမှာ ယူပါ။
(၂) Picasa 38 ဖြင့် Gmail တွင်ဓာတ်ပုံများစွာအားပို့ ခြင်း

ဒါကတော့နည်းပညာပိုင်းနွယ်သွားပါပြီ။သိပြီးသူများလည်းရှိကြမှာပါ။မသိသေးသူများအတွက်ရည်ရွယ်ပါတယ်။မိမိတို့ 
ပုံမှန် Gmail အားအသုံးပြုပြီး ဓာတ်ပုံများပို့ ဘူးကြမှာပါ။တစ်ပုံပြီးတစ်ပုံအား Attach ဖိုင်ဖြင့်ဆွဲယူရသောကြောင့်အချိန်ကြာ
ပါသည်။ထိုဒုက္ခများကင်းဝေးပြီး ဓာတ်ပုံများစွာအားစက်အတွင်းတွင် Picasa38 ဆော့ဖ်ဝဲလ်လေးထည့်ထားပြီး စက္ကန့် ပိုင်း
အတွင်းမှာပင် ပုံမြောက်များစွာကိုပို့ နိုင်ပါသည်။အသုံးပြုပုံပြုနည်းအား စာဓာတ်ပုံများနှင့်တစ်ကွ တစ်ပါတည်းထည့်ပေးထား
ပါသည်။ ဒီနေရာလေးမှာ ယူပါ။
(၃) Aiseesoft Total Media Converter 5.2.32 Portable

ဒီကောင်လေးကတော့ ကျွန်တော်လည်းလက်ရှိအသုံးပြုနေတာပါ။Portable လေးဖြစ်တာကတစ်ကြောင်း အသုံးပြုရ
တာလွယ်ကူရိုးရှင်းပြီး Output ဖိုင်အမျိုးအစားများစွာထုတ်ပေးနိုင်ပါတယ်။ဖုန်းအမျိုးအစားများအတွက်လည်းထုတ်ပေးနိုင်
ထုတ်ပေးနိုင်ပါတယ်။ယူကျူ့ မှဒေါင်းရသော FLV ဖိုင်များအားအလိုရှိရာ ဖိုင်စနစ်အမျိုးပေါင်း(၂၀၀)ခန့် အထိပြောင်းလည်း
ပေးနိုင်ပါတယ်။ဆောင်ထားသင့်ပါတယ်။ထုံးစံအတိုင်း အသုံးပြုပုံပြုနည်းများအား စာဓာတ်ပုံနှင့်တစ်ကွထည့်ထားပေးပါတယ်။
အသုံးပြုလိုလျှင်ဖြင့် ဒီနေရာလေးမှာ ယူပါ။
(၄) Smart Defrag

ဒီကောင်လေးကတော့ မိမိစက်ဟတ်ဒစ်အတွင်းဖိုင်များပြန်စီခြင်းသန့် ရှင်းရေးလုပ်ခြင်းများတွင်သုံးပါတယ်။ဝင်းဒိုးအတွင်း
ထိုစနစ်ပါပေသည့် အချိန်ကြာမြင်စွာလုပ်ဆောင်ရပါတယ်။ဒီဆော့ဖ်ဝဲလ်လေးအသုံးပြုခြင်းအားဖြင့်အချိန်တိုအတွင်း၎င်းလုပ်ငန်း
များအားလုပ်ဆောင်နိုင်ပြီး စက်ကိုလည်းပေါ့ပါးစေပါတယ်။အသုံးပြုရတာလွယ်ကူလှပြီး ကျွန်တော်တို့ လို မြင်မြင်သမျှဒေါင်း
လိုက် ထုတ်လိုက်လုပ်နေသူများအတွက် လိုအပ်လှပါတယ်။နောက်ဆုံးထုတ်အပ်ဒိတ်ကလေးကို ဒီနေရာလေးမှာ ယူပါ။
အားလုံးအဆင်ပြေနိုင်ကြပါစေခင်ဗျာ။အားလုံးကို Ziddu မှ တင်ထားပေးပါတယ်။
--
ဖိုးခိုင်
Czech Republic
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်