BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Monday, August 8, 2011

အငတ်ဘေးကြားက လူမျိုးစု

E-mail Print PDF
အငတ်ဘေးနှင့် ကပ်ဆိုက်နေကြပြီဖြစ်သည့် ကင်ညာ ရွာသားများမှာ လက်နက်များ ကိုင်စွဲပြီး အီသီယိုးပီးယားနှင့် ဆူဒန် လူမျိုးစုများနှင့် တိုက်ပွဲ
ဝင်နေရပြန်ပါသည်။ လူမျိုးစု ပြဿနာများ၊ ကျွဲနွားခိုးမှုနှင့် နယ်စပ် အရှုပ်အထွေးများမှာ ကင်ညာမြောက်ပိုင်းတွင် နှစ်ပေါင်းများစွာ အမြစ်တွယ်နေခဲ့သည်။


သို့ရာတွင် မကြုံစဖူး မိုးခေါင်ရေးရှားမှုဒဏ်နှင့် အငတ်ဘေးဒဏ်တို့မှာ လူမျိုးနွယ်စုများအကြားတွင် ပြဿနာကို ပိုမို ကြီးထွားစေခြင်းပင်။
အိုးအိမ်ပစ္စည်းများ၊ ကျွဲနွားမွေးမြူရေးများနှင့် သီးနှံကွင်းပြင်များအပေါ် ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများ တိုးပွားလာနေသည်။ နယ်စပ်မျဉ်းပေါ်ရှိ လူမျိုးစုများ အချင်းချင်း သွေးကွဲကြ၊ တိုက်ခိုက်နေကြတော့သည်။
သာမန် အရပ်သားများ၊ ရွာသူရွာသားများမှာလည်း ရိုင်ဖယ်သေနတ်များ ရယူကာ လက်နက်ကိုင်စွဲ ကြရတော့သည်။ မိသားစုနှင့် အိုးအိမ်ကို မိမိဖာသာ ကာကွယ်ရတော့မည့် အခြေအနေဆိုးကို ရင်ဆိုင်ကြရခြင်းဖြစ်ပါသည်။
အစိုးရက အကာအကွယ် မပေးနိုင်သဖြင့် ကလေးများ၊ ကျောင်းသူကျောင်းသားများကိုလည်း ကျောင်းဆရာများက လက်နက်ကိုင် သင်တန်းပေးကြရသည်။ အကြမ်းဖက်တိုက်ခိုက်မှုကို ခုခံကာကွယ်တတ်ရန်၊ တိမ်းရှောင်တတ်ရန် တရွာလုံးရှိ လူကြီး၊ ကလေးမကျန် အားလုံးကို သင်တန်းပေးထားရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်