ပရီးမီးယားလိဂ်ကို တန်းတက် လာတဲ့ ကျူပီအာ နည်းပြ ဝါးနော့ခ်ဟာ အယ်လ်လေ ဂလက်ဆီမှ ဘက်ခမ်း ကို အသင်းကို ခေါ်ဖို့ ပိုင်ရှင် သစ်ဖာနန်ဒက်စ်ကို တိုက် တွန်းခဲ့ရမှာ ဖာနန်ဒက်စ် ကိုယ်တိုင် ကလည်း စိတ်ဝင်စား ခဲ့ပြီး အခုဆိုရင် ဘက်ခမ်းကို ခေါ်ယူနိုင်မယ့် နည်းလမ်း တွေတောင် စဉ်းစား စီစဉ်နေပြီလို့ ဆိုပါတယ်။ မန်ယူ လိုအသင်းကြီး တစ်သင်းမှာ ကစားလာတဲ့ ဘက်ခမ်းလို ကစားသမား မျိုးဟာ သူတို့လို အသင်း မျိုးမှာ လာကစား ဖို့ခက်ကောင်း ခက်နိုင်ပေမယ့် ဖြစ်နိုင်သမျှ ရအောင် ခေါ် သွားမယ်လို့ ဖာနန်ဒက်စ်က ကတိပေး ထားခဲ့ပါ တယ်။
ဒီနေရာမှာ သူနဲ့ကျွန်တော် အတွေးချင်းလည်း တူခဲ့ပါတယ်၊ ဘာတန်ကိုခေါ်ဖို့ ကိစ္စကိုလည်း ကျွန်တော် မဖြစ်နိုင်ဘူး ထင်လို့ စိတ် ကူးထဲမှာ တောင်မရှိခဲ့ ပေမယ့် ဥက္ကဋ္ဌက ရအောင် ခေါ်ပြခဲ့လို့ အခု ဘက်ခမ်းလည်း ကျွန်တော်တို့ အသင်းကို ရောက် မလာ ဘူးလို့ ပြောလို့မရပါ ဘူး၊ ကျွန်တော်တို့ အသင်း ဥက္ကဋ္ဌဟာ အသင်း အောင်မြင်မှုရ ရေး အတွက် စိတ်အား ထက်သန် နေတာကို တွေ့လိုက်ရလို့ ကျွန်တော်လည်း ကျေနပ်မိပါတယ်၊ အခု ဘက်ခမ်းကိစ္စဆိုရင် သူကိုယ်တိုင် က တက်တက် ကြွကြွ လုပ်ဆောင် နေလို့ အားရစရာ ကောင်းပါတယ်" လို့ ဆိုလိုက် ပါတယ်။
--
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်