ဒီတစ်ခါတော့ သူငယ်ချင်းတွေကို နောင်နှစ်ပေါင်း၂၀(သို့)၃၀ ကြာလာရင် ဖြစ်ပေါ်လာမဲ့ မိမိရဲ့ရုပ်ရည်ကိုကြည့်လို့ရတဲ့ ဆော့(ဝဲ)လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သိပြီးသားသူငယ်ချင်းတွေကတော့ နားလည်ပေးကြပါဗျာ။ ကဲ...ပထမဦးဆုံး အနေနဲ့ ဒီနေရာလေး ကိုသွားလိုက်ပါဗျာ...သွားပြီးပြီဆိုရင်တော့ အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ် အောက်မှာကြည့်လိုက်ကြနော် >>>
နံပါတ်(1)ရဲ့ Gender ဆိုတာကတော့ အမျိုးသား၊ အမျိုးသမီးကို ရွေးခိုင်းတာပါ။ မိမိက အမျိုးသားဆိုရင် Male ၊ အမျိုးသမီးဆိုရင်တော့ Female ပေါ့ဗျာ...
နံပါတ်(2)ရဲ့ Age ဆိုတာကတော့ အသက်ကိုမေးတာပါ။ ကိုကြည့်ချင်တာ နှစ်ပေါင်း ၂၀ကိုလား ၃၀ကိုလားပေါ့...
နံပါတ်(3)ရဲ့ Drug Addict ဆိုတာကတော့ မူးယစ်ဆေးဝါး သုံးစွဲသူဖြစ်လားဆိုတာ မေးထားတာပါ။ သုံးစွဲတယ်ဆိုရင်တော့ Yes ပေါ့ဗျာ မသုံးစွဲဘူးဆိုရင်တော့ No ပေါ့...
အဲဒီ့အဆင့်ထိ မိမိစိတ်ကြိုက်ဖြည့်စွက်ပြီးပြီဆိုရင်တော့ ...
နံပါတ်(4) မှာပြထားတဲ့ UPLOAD YOUR PHOTO ဆိုတာလေးကို နှိပ်လိုက်ပါ။ ပြီးရင်တော့ ကိုထည့်ချင်တဲ့ ပုံကိုထည့်လိုက်ပေါ့ဗျာ... အဲဒီလိုပုံထည့်ပြီးသွားပြီဆိုရင်တော့ ခဏလေးစောင့်ပြီးရင် အောက်ပါပုံအတိုင်း ပေါ်လာပါလိမ့်မယ်။ အောက်မှာကြည့်လိုက်ကြနော်>>>
ဓါတ်ပုံ (Save) ချင်တယ်ဆိုရင်တော့ Save Image ဆိုတာကိုလေးကို နှိပ်လိုက်ပေါ့ဗျာ...ဒါဆိုရင်တော့ ပြီးပါပြီ။ နောင်အနှစ်၂၀ကြာရင် ဖြစ်လာမဲ့ပုံပါ။ အားလုံးအဆင်ပြေကြမယ် ထင်ပါတယ်...ပျော်ရွှင်ကြပါစေ ............--









Rangoon Time
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်