BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Friday, September 16, 2011

ခရိုအေးရှား လူငယ်ကြယ်ပွင့် ကိုဗာဆစ်ကို အာဆင်နယ်နှင့် မန်ချက်စတာာ ယူနိုက်တက်တို့ အပြိုင် စိတ်ဝင်စားနေ

Share |
အာဆင်နယ်နှင့် မန်ချက်စတာ ယူနိုက်တက် အသင်းတို့သည် ခရိုအေးရှား၏ တောက်ပသော လူငယ်သွေးသစ် ကြယ်ပွင့်လေး မက်တီယို ကိုဗာဆစ်အား အပြိုင်အဆိုင် စိတ်ဝင်စား နေကြောင်း သိရှိရသည်။

အာဆင်နယ် အသင်း မန်နေဂျာ အာစင် ၀င်းဂါးသည် အသင်း၏ ကွင်းလယ်ကို အားဖြည့်မှုများ ပြုလုပ်ရန် စီစဉ်နေရာ ခြေစွမ်း ထက်မြက်သည့် အသက်(၁၇)နှစ်အရွယ် လူငယ်လေးအား အထူး မျက်စိကျလျက် ရှိသည်။ ဒိုင်နမို ဇာဂရက်ဘ်တွင် ကစားနေသော ကိုဗာဆစ်ကို အင်္ဂလန် ချန်ပီယံ မန်ချက်စတာ ယူနိုက်တက် ကလည်း စောင့်ကြည့်လျက် ရှိသည်။ မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် ကိုဗာဆစ် အပြင် ဒိုင်နမို အသင်းမှ အခြားကစား သမားလေး တစ်ဦးဖြစ်သော မာရီယို ဆိုင်တမ်ကိုလည်း စိတ်ဝင်စားလျက် ရှိသည်။
ခရိုအေးရှား၏ တောက်ပသော လူငယ်သွေးသစ် ကြယ်ပွင့်လေး မက်တီယို ကိုဗာဆစ်

လက်ရှိတွင် ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်အဖြစ် ရီးယဲလ် မက်ဒရစ်နှင့် ယှဉ်ပြိုင်ရာတွင် ဇာဂရက်ဘ် အသင်းအတွက် ပါဝင် ကစားခဲ့သည့် ကိုဗာဆစ်ကို အီတလီ ကလပ် ဂျူဗင်းတပ်စ် ကလည်း မျက်စိကျ နေသည်။ မန်ချက်စတာ ယူနိုက်တက်သည် ပေါလ်စခိုးလ် အနားယူ သွားပြီး မိုက်ကယ်ကာရစ် အသက်အရွယ် အရ အကျပိုင်း ရောက်လာချိန်တွင် ငယ်ရွယ် နုပျိုသော ကွင်းလယ် ကစားသမား တစ်ဦးကို ရှာဖွေလျက် ရှိသည်။ ၀င်းဂါးမှာလည်း ဆမ်မီနာဆရီနှင့် ဆက်စ်ဖာ ဘရီဂက်စ် တို့အား ရောင်းထုတ်ခဲ့ ပြီးနောက် ဖန်တီးမှု စွမ်းရည် မြင့်မားသော လူငယ်သွေးသစ် ကွင်းလယ်လူ တစ်ဦးကို ရှာဖွေနေရာ နှစ်သင်းလုံး ကိုဗာဆစ်ကို အပြိုင်အဆိုင် စိတ်ဝင်စား နေခြင်းဖြစ်သည်။

ဝင်းဂါး အနေနှင့် ပြိုင်ဘက်ကြီး ဖာဂူဆန်ထက် လက်ဦးမှု ယူကာ ကိုဗာဆစ်ကို ကမ်းလှမ်းရန် စဉ်းစားဖွယ် ရှိနေကြောင်းလည်း talkSportက ဖော်ပြခဲ့သည်။ ကိုဗာဆစ်သည် အသက် အရွယ်အရ နုနယ် လွန်းသော်လည်း အသင်းတွင် အဆင်ပြေစွာ ကစားနိုင်မည်ဟု ၀င်းဂါးက ယုံကြည် နေကြောင်းလည်း သိရှိရသည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်