BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Monday, October 17, 2011

ဂန်းနားဘ၀ကို စွန့်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကို ပျက်ရယ်ပြုခဲ့တဲ့ အာဆင်နယ်ကပ္ပတိန် ရော်ဘင်ဗန်ပါစီ



ဂန်းနားဘ၀ကို စွန့်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကို ပျက်ရယ်ပြုခဲ့တဲ့ အာဆင်နယ်ကပ္ပတိန် ရော်ဘင်ဗန်ပါစီ

ဂန်းနားဘ၀ကို စွန့်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကို ပျက်ရယ်ပြုခဲ့တဲ့ အာဆင်နယ်ကပ္ပတိန် ရော်ဘင်ဗန်ပါစီ

အာဆင်နယ်အသင်းခေါင်းဆောင် ရော်ဘင်ဗန်ပါစီက အာဆင်နယ်အသင်းအား စွန့်ခွာချင်နေသည်ဆိုသည့် သတင်းများကို ပျက်ရယ်ပြုခဲ့ပြီး ဆန်းဒါးလန်းအား အနိုင်ယူခဲ့ခြင်းဖြင့် အသံတိတ်သွားစေရန် စွမ်းဆောင်ပြခဲ့သည်။ အာဆင်နယ်အသင်းမှာ လက်ရှိရာသီတွင် ဆိုးဝါးသော ရာသီအစရလဒ်များဖြင့် စတင်ခဲ့ရပြီး မန်ယူအသင်းအား အိုးထရက်ဖို့ဒ်တွင် သမိုင်းဝင်ရှုံးပွဲဖြစ်သည့် 8-2 ဂိုးရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ယင်းကဲ့သို့ ဆိုးရွားသည့် ရလဒ်များမှာ အသင်းခေါင်းဆောင်ဟောင်း ဖာဘရီဂတ်စ်နှင့် ကွင်းလယ်ကစားသမား နာဆရီတို့ကဲ့သို့ အဓိကကစားသမားများကို ဆုံးရှုံးခဲ့ရခြင်းကြောင့်ဖြစ်ကြောင်း အသင်းအပေါ် ဝေဖန်သံများ ဆူညံနေခဲ့သည်။ ထို့ပြင် ဗန်ပါစီကိုလည်း အီးမရိတ်စ်မှ ထပ်မံထွက်ခွာမည့် ကြယ်ပွင့်အဖြစ် သတင်းများတွင် ရေးသားဖော်ပြနေခဲ့ကြသည်။ ၂၀၁၃ တွင် ကုန်ဆုံးမည့် ဗန်ပါစီ၏ စာချုပ်သက်တမ်းကို ထပ်မံသက်တမ်းတိုးရန် ညှိနှိုင်းမရဖြစ်နေသေးခြင်းကလည်း အဆိုပါသတင်းများအား ပိုမိုခိုင်မာစေသည့် အနေအထားဖြစ်နေခဲ့သည်။

"ပြီးခဲ့တဲ့နှစ်က ကျွန်တော်အိမ်ပြောင်းရွှေ့ခဲ့ပါတယ်။ ကျွန်တော့်ကို ရယ်မောစေတဲ့ ပုံပြင်တွေကိုလည်း ကျွန်တော်ကြားခဲ့ရပါတယ်။ ဒါပေမယ့် ပရိသတ်တွေရဲ့ ရှုမြင်ချက်တွေ ဘယ်လိုဖြစ်သွားနိုင်တယ်ဆိုတာ ကျွန်တော်သိနိုင်ပါတယ်။ ကျွန်တော် အသင်းကို ကတိပေးပြီးသားပါ။ ကျွန်တော်ဟာ အသင်းခေါင်းဆောင်ပါ။ ခင်ဗျားတို့ ဖတ်နေရတာတွေကို မယုံကြည်ပါနဲ့။ အိမ်ပြောင်းတယ်ဆိုတာကတည်း ရောင်းချဖို့အတွက် ခဏတာပါ။ ဒါပေမယ့် ကျွန်တော်လမ်းပေါ်မှာ နေထိုင်မနေပါဘူး။ တကယ့်ကို ကောင်းမွန်တဲ့အိမ်တစ်လုံး ကျွန်တော်တွေ့ပြီးပါပြီ။ အဲဒါကလည်း လန်ဒန်ထဲမှာပဲ ရှိပါတယ်။ ဒါကြောင့် အခြေအနေတွေကို အမှန်အတိုင်း ဖြစ်စေချင်ပါပြီ။ ကစားကွင်းထဲမှာ သက်သေပြမယ်လို့ ကျွန်တော် ကတိပေးပါတယ်။" ဟု ဗန်ပါစီက ပြောကြားသွားခဲ့သည်။


--
ဖိုးခိုင်www.bsphoekhaing.blogspot.com
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်