စပိန်ကလပ် ရီးယဲလ် မက်ဒရစ် အသင်းသည် ကမ္ဘာ့ ဈေးအကြီးဆုံး ကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒိုအား မန်ချက်စတာ စီးတီး အသင်းထံသို့ ပေါင် သန်း၁၅၀ဖြင့် ရောင်းချရန် လိုလားလျှက် ရှိကြောင်း သိရသည်။
--
ပြီးခဲ့သည့် ရက်ပိုင်းက မန်ချက်စတာ စီးတီး အသင်း တာဝန်ရှိသူများက ရော်နယ်လ်ဒိုအား ခေါ်ယူရန်မှာ မဖြစ်နိုင်ကြောင်း ငြင်းဆန်မှုများ ရှိခဲ့သော်လည်း စပိန် သတင်းဌာန များက မန်စီးတီး အသင်းသည် ယခင် မန်ချက်စတာ ယူနိုက်တက် ကစားသမား ဖြစ်သူအား ခေါ်ယူနိုင်ရေး ရီးယဲလ် အသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု ဖော်ပြခဲ့ကြသည်။
ရီးယဲလ် အသင်းက တောင်းဆိုသည့် ပြောင်းရွှေ့ကြေးသည် မန်စီးတီး အသင်းပိုင်ရှင် ဘီလျှံနာများ အတွက် ရှုံ့မဲ့သွားစေနိုင်သည့် ပမာဏ ဖြစ်ပြီး အကယ်၍သာ အပြောင်းအရွှေ့ အထမြောက် ခဲ့ပါက အံ့အားသင့်ဖွယ် အပြောင်းအရွှေ့ တစ်ခု ဖြစ်လာမည် ဖြစ်သည်။ ရော်နယ်လ်ဒိုသည် ယခင် အိုးထရက်ဖို့ဒ် ကလပ်တွင် ကစားခဲ့ဖူးသူ ဖြစ်ကာ ကားလို့စ် တီဗက်ဇ်၏ လုပ်ရပ်ကြောင့် စိတ်ပျက်နေသည့် မန်ချက်စတာ ယူနိုက်တက် ပရိသတ်များ အတွက် နောက်ထပ် စိတ်ပျက်စရာ သတင်းတစ်ပုဒ် ဖြစ်လာမည် ဖြစ်သည်။ပြောင်းရွှေ့ကြေး ပေါင်း သန်း၁၅၀မှာ လက်ရှိ ရော်နယ်လ်ဒို တင်ထားသည့် အပြောင်းအရွှေ့ စံချိန်ထက် နှစ်ဆနီးပါး မြင့်မားလျှက် ရှိနေသကဲ့သို့ပင် ၎င်းအနေဖြင့် မန်စီးတီး အသင်းသို့ ပြောင်းရွှေ့မည် ဆိုပါက တစ်ပတ် ပေါင် ၃သိန်းအထိ တောင်းဆိုဖွယ် ရှိကြောင်း သိရသည်။ ထို့ကြောင့် ၎င်းအား ၅နှစ်စာချုပ်ဖြင့် ခေါ်ယူမည် ဆိုပါက မန်စီးတီး အသင်းအတွက် စုစုပေါင်း ပေါင် ၂၂၈သန်းအထိ အသုံးပြုရဖွယ် ရှိနေသည်။ရော်နယ်လ်ဒိုသည် လက်ရှိ လာလီဂါ ပြိုင်ပွဲများတွင် ဂိုးသွင်းစွမ်းရည် ပြသနေသည့် ကစားသမား ဖြစ်ကာ ဥရောပ ဂိုးသွင်း အများဆုံး ကစားသမား ဆုအား ရရှိရန် အလားအလာ ကောင်းနေသူလည်း ဖြစ်သည်။ ၎င်းသည် ဘာစီလိုနာနှင့် ချန်ပီယံလိဂ် ဆီမီးပွဲစဉ်တွင် အသင်းနည်းပြ မော်ရင်ဟို၏ ကစားကွက် နည်းစနစ်များအား ဝေဖန်ခဲ့သူ ဖြစ်ပြီး မော်ရင်ဟိုနှင့် အဆင်မပြေ ဖြစ်နေသည့် သူလည်း ဖြစ်သည်။--
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်