| Written by : အောင်ဇော်လတ်(မိုးနဲ) 2011-10-25 09:30:31 | |||
ကမ္ဘာ့အကောင်း ကစားသမား ဆုဇကာတင် အယောက်(၅၀)စာရင်းတွင် ဘာစီလိုနာမှ ကစားသမား (၉)ဦးနှင့် ရီးရဲလ်မှ (၅)ဦး အထိပါဝင်နေကြောင်း သိရ ၂၀၁၁ ခုနှစ် Ballon d'Or ဆုအတွက် အကောင်းဆုံး ကစားသမား အယောက်(၅၀)အား ဇယာတင် ရွေးချယ်ရာတွင် ဘာစီလိုနာမှ ကစားသမား (၉)ဦးအထိ ပါဝင်နေကြောင်း သိရသည်။ အယောက်(၅၀)စာရင်း အတိအကျ မသိရသေးသော်လည်း ဘာစီလိုနာမှ (၉)ဦးနှင့် ရီးရဲလ်မက်ဒရစ် (၅)ဦး ပါဝင်နေကြောင်းသိရသည်။ El Mundo Deportivo ၏ဖော်ပြချက်အရ ဘာစီလိုနာမှ မက်ဆီ၊ အင်နီယေစတာ၊ ဇာဗီ၊ ပီကေး၊ ဖာဘရီဂတ်စ်၊ ပူလ်ယိုး၊ အဲလ်ဗက်၊ အဘီတယ်နှင့် ဒေးဗစ်ဗီလာတို့ ပါဝင်နေကြောင်း သိရသည်။ ဘာစီလိုနာ ကစားသမားများသည် ချန်ပီယံလိဂ် ဆုဖလားအား ဆွတ်ခူးထားနိုင်သလို၊ လာလီဂါနှင့် စပိန်စူပါဖလားကိုလည်း ဆွတ်ခူးထားကြသည်။ AS ၏ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းမှ အလွန်ဆို၊ ကားဆီးလက်စ်၊ ခီဒီရာ၊ အိုဇေးနှင့် ခရစ္စတီယာနို ရော်နယ်ဒိုတို့ ပါဝင်နေကြောင်း သိရသည်။ |
--
ဖိုးခိုင်www.bsphoekhaing.blogspot.com









Rangoon Time
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်