BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, November 13, 2011

ကာဆာနို၏ နှလုံး ခွဲစိတ် ကုသမှု အောင်မြင်စွာ ပြီးစီး

Sports
ကာဆာနို၏ နှလုံး ခွဲစိတ် ကုသမှု အောင်မြင်စွာ ပြီးစီးအေစီမီလန် အသင်း၏ အီတလီတိုက်စစ်မှူး ကာဆာနိုမှာ နှလုံးခွဲစိတ် ကုသမှုကို အောင်မြင်စွာ ပြုလုပ် နိုင်ခဲ့ပြီ ဟု အီတလီ သတင်းစာများက ဖော်ပြသွားခဲ့ သည်။
အီတလီ ပြည်တွင်းဆရာဝန်များ ဦးဆောင်ပြုလုပ်ခဲ့သည့် အဆိုပါ ခွဲစိတ်ကုသမှုမှာ အချိန် ၁ နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး ကာဆာနိုမှာ ပုံမှန်အခြေအနေကို ပြန်လည်ရရှိရန်အတွက် အနည်း ဆုံး ၆ လခန့် အနားယူရ မည်ဟု ဆရာဝန်များက အကြံပြုသွားခဲ့သည်။
ကာဆာနို၏ ခွဲစိတ်ကုသမှုများနှင့်ပတ် သက်၍ မီလန်အသင်းဥက္ကဋ္ဌ ဂယ်လီယာနီက “ဆရာဝန်တွေက သူ့ကို ဆေးကုသဖို့နဲ့ နှလုံးလေ့ကျင့်ခန်း ဆက်လက်ပြုလုပ်ဖို့အတွက် လပေါင်းများစွာ အနားယူဖို့ လိုအပ်တယ် လို့ ပြောပါတယ်၊ ဒီကြားထဲမှာ ဘယ်ပွဲကိုမှ ဝင်မပါဖို့အတွက်ကိုလည်း အကြံပြု ထားပါတယ်၊ သူပြန်လာနိုင်ဖို့အတွက် ဖြစ် နိုင်ချေကတော့ ၄ လကနေ ၆ လလောက်ဆို လုံလောက်တယ်လို့ ထင်ပါတယ်၊ သူပြန်လာ နိုင်ခဲ့ရင်လည်း အသင်းရဲ့ကစားသမား တစ်ယောက်အဖြစ်နဲ့ ပြန်လည်အသုံးပြုသွား မှာပါ၊ သူဟာ အသင်းမှာသာမက အီတလီ လက်ရွေးစင်အတွက်လည်း ခြေစွမ်းပြနေသူပါ၊ သူ့ရဲ့ ခွဲစိတ်ကုသခံရမှုအတွက်လည်း အားလုံးစိတ်မကောင်းဖြစ်နေပါတယ်”ဟု ပြောသွားခဲ့သည်။ ကာဆာနိုမှာ မွေးရာပါ နှလုံးရောဂါသည်တစ်ဦးဖြစ်ပြီး သူ၏နှလုံးအပေါ်ခန်း နှစ်ခန်းမှာ တစ်ခန်းနှင့်တစ်ခန်း ထိစပ်နေသည့် အတွက်ကြောင့် နှလုံး အဆို့ရှင် ကျဉ်းမြောင်းသည့်ဝေဒနာကို ခံစားနေရသူ ဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်