၂၀၁၁ ခုနှစ် အိုလံပစ်မယ်ပြိုင်ပွဲမှာ ပထမဆု အိုလံပစ်မယ် ငုဝါခိုင်က ၂၀၁၂ ဇန်နဝါရီမှာ ကျင်းပမယ့်မယ် မြန်မာ ပြိုင်ပွဲကို ဝင်ရောက်ယှဉ် ပြိုင်ဖို့ အချိန်ပြည့် လေ့ကျင့် ပြင်ဆင် နေပြီလို့ ဆိုပါတယ်။ သူမအနေနဲ့ ၂၀ဝ၇ ခုနှစ်က စတင် ပြီး မယ်ပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ခဲ့တာပါ။ ကျင်းပသမျှ မယ်ပြိုင်ပွဲတွေမှာ ဆုတံဆိပ်များ ရရှိခဲ့ပြီး အခု ကျင်းပမယ့် မယ်မြန်မာပြိုင်ပွဲမှာ မယ်မြန်မာဆု ရရှိ နိုင်ဖို့အတွက် အစွမ်းကုန် လေ့ကျင့် နေတယ်လို့ ဆိုပါတယ်။ငုဝါခိုင်အနေ နဲ့ ၂၀ဝ၇ ခုနှစ် ရန်ကုန်တိုင်း မယ်ပြိုင်ပွဲမှာ ပထမ၊ ၂၀ဝ၇ ပြည်နယ်/တိုင်း မယ်ပြိုင်ပွဲမှာ တတိယ၊ ၂၀ဝ၇-၂၀ဝ၈-၂၀ဝ၉ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖလား ပြိုင်ပွဲမှာ ဒုတိယ၊ ၂၀ဝ၈-၂၀ဝ၉-၂၀၁၀ အိုလံပစ်မယ် ပြိုင်ပွဲမှာ ဒုတိယနဲ့ ၂၀၁၁ ခုနှစ်မှာတော့ အိုလံပစ်မယ်ဆု ရရှိ ခဲ့တယ်။
၂၀ဝ၈ မှာလည်း YMCA မယ်ဆု ကို ရရှိ ခဲ့ပါသေးတယ်။ အနုပညာ လှုပ်ရှားမှု အနေနဲ့ သာသနာရေး ဝန်ကြီးဌာန ၂၀၁၂ ခုနှစ် ပြက္ခဒိန် ရိုက်ကူးထားပြီး ကာယအလှ လေ့ကျင့်ရေး စင်တာတစ်ခုက ဝေါ(လ်)ရှိ ရိုက်ကူးဖို့ ကမ်း လှမ်းထားတယ်လို့ ဆိုပါတယ်။









Rangoon Time
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်