တောင်ကိုရီးယားနိုင်ငံတွင် လူနေမိုးမြင့် အဆောက်အအုံအမြွှာကို တည်ဆောက်ရန် ဒီဇိုင်းရေးဆွဲ စီစဉ်ခဲ့ရာ ယင်းပုံစံသည် ၉/၁၁ တိုက်ခိုက်မှုခံခဲ့ရသော နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံမျှော်စင်ညီနောင်နှင့် ဆင်တူနေသောကြောင့် ပြင်းထန်စွာ ဝေဖန်မှုခံနေရကြောင်း သိရသည်။ ဒပ်ခ်ျ ဗိသုကာ ကုမ္ပဏီဖြစ်သော MVRDV သည် ၂၆ဝ မီတာနှင့် ၃ဝဝ မီတာအမြင့် အသီးသီးရှိကြသော အဆောက်အအုံနှစ်ခုကို ယှဉ်လျက်သား တည်ဆောက်ကာ ယင်းနှစ်ခုကို ကုဗတုံးသဏ္ဌာန်ဖွဲ့စည်းပုံများဖြင့် ဆက်သွယ်ရန် ဒီဇိုင်းရေးဆွဲခဲ့သည်။ အဆိုပါ အဆောက်အအုံကို ဆိုးလ်မြို့၌ ၂ဝ၁၅ခုနှစ်၌ အပြီးတည်ဆောက်ရန် ရည်ရွယ်ထားရာ ဒီဇိုင်းရေးဆွဲသူများက ဒီဇိုင်းရေးဆွဲစဉ် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံနှင့် ဆင်တူနေကြောင်း သတိမပြုမိခဲ့ဟု ဆိုသည်။ အဆိုပါ အဆောက်အအုံ ကို The Cloud ဟု အမည်ပေးထားပြီး ၅၄ထပ်နှင့် အထပ်၆ဝ အသီးသီးရှိကြကာ စုစုပေါင်း မျက်နှာပြင်ဧရိယာမှာ ၁၂၈,ဝဝဝ စတုရန်းမီတာရှိကြောင်း သိရသည်။ ဒီဇိုင်းရေးဆွဲသော MVRDV ကုမ္ပဏီက ၎င်းတို့၏ဒီဇိုင်းသည် ၉/၁၁တိုက်ခိုက်မှုကို နှိုးဆော်သလို ဖြစ်ခဲ့ပါက လွန်စွာဝမ်းနည်း မိပါကြောင်း၊ သူတို့သည် ဒီဇိုင်းရေးဆွဲစဉ်က ယင်းကိုသတိမူမိခဲ့ခြင်းမရှိခဲ့ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ခံစားရသည့် မည်သူ့ကိုမဆို အနူးအညွတ်တောင်းပန်ပါကြောင်း သူတို့၏ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြခဲ့သည်။ အဆိုပါ အဆောက်အအုံဒီဇိုင်းကြောင့် ဒေါသထွက်နေသောလူများက ကုမ္ပဏီသို့ အီးမေးလ်များပေးပို့ကာ အယ်လ်ကေးဒါးချစ်သူများဟုသမုတ်ခဲ့ကြသည်ဟုဆိုသည်။--
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...









Rangoon Time