BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, January 8, 2012

ရွန်နီ အသင်းမှ ထွက်ခွာမည် ဆိုသော သတင်းများကို မန်ယူငြင်းဆို

 |

ဝိန်းရွန်နီ အသင်းမှ ထွက်ခွာမည် ဆိုသော သတင်းများနှင့် ပတ်သက်ပြီး မန်ချက်စတာ ယူနိုက်တက်က ငြင်းဆိုလိုက်သည်။

အိုးလ်ထရက်ဖို့ဒ် အခြေစိုက် အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းက ရွန်နီ အသင်းမှ ထွက်တော့မည် ဆိုသော သတင်းများသည် အခြေအမြစ် မရှိသော ကောလာဟလ များသာ ဖြစ်ကြောင်း ဖြေရှင်းချက် ထုတ်ခဲ့သည်။ ထို့အတူ ရွန်နီ၏ အေးဂျင့် ပေါလ်စထရက်ဖို့ဒ် ကလည်း မိမိ၏ ကစားသမားသည် မန်ယူကို ကျောခိုင်းစရာ အကြောင်း မရှိဟု ပြောကြားသွားသည်။ အသက်(၂၆)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်သည် Boxing Day က ညဘက် အပြင် ထွက်လည်မှုကြောင့် မန်ယူ မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်၏ ဒေါသထွက်မှုကို ခံနေရကြောင်း သတင်းများက ဖော်ပြ ခဲ့ပြီးနောက် ရွန်နီ မန်ယူကို စွန့်ခွာတော့မည် ဟူသော ခန့်မှန်းချက်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မန်ယူအသင်း တာဝန်ရှိသူ တစ်ဦးက "Boxing Day က ကိစ္စကို ကျွန်တော်တို့ အေးအေးဆေးဆေး ဖြေရှင်း ပြီးပါပြီ။ ဒါနဲ့ ပတ်သက်ပြီး အားလုံး အဆင်ပြေ ပါတယ်။ ရွန်နီဟာ မန်ယူကြား ဘာသဘောထား ကွဲလွဲမှုမှ မရှိပါဘူး။ သူအသင်းက ထွက်တော့မယ် ဆိုတဲ့ သတင်း အားလုံးဟာ အခြေအမြစ် မရှိတဲ့ ကိစ္စတွေပါပဲ" ဟု ပြောကြားသွားသည်။ ရွန်နီသည် နယူးကာဆယ်လ် ယူနိုက်တက်အား အဝေးကွင်းတွင် ရှုံးနိမ့်သော ပွဲစဉ်အတွင်း မန်ယူအတွက် ပါဝင် ကစားပေး ခဲ့သေးသည်။ ၎င်းသည် ယမန်နှစ် ဘောလုံးရာသီ ကလည်း ဖာဂူဆန်နှင့် ပြဿနာ တက်ပြီး မန်ယူကို စွန့်ခွာ တော့မည်ဟု သတင်းများ ထွက်ပေါ် ခဲ့သေးသည်။



--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed