![]()
အာဖရိကဖလား ပြိုင်ပွဲအတွက် စိတ်မချမ်းမသာ ဖြစ်နေသည့် အာဆင်ဝင်းဂါး
လက်ရှိကျင်းပလျက်ရှိသည့် အာဖရိကဖလား ပြိုင်ပွဲကြောင့် စိတ်မသက်မသာ ဖြစ်ရကြောင်း အာဆင်နယ် နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။ အာဖရိက ပြိုင်ပွဲမှ လက်ရှိ မြက်ခင်းပြင်ပေါ်မှ အနေအထားအပြင် မြက်ခင်းပြင်ပမှ အဖြစ်အပျက်များအပေါ်ကိုလည်း ဝင်းဂါးက စိတ်ပျက်နေခြင်း ဖြစ်သည်။
ဝင်းဂါးက "ကျနော် အကြောင်းအရာ နှစ်ခုနှင့် ပါတ်သက်ပြီး စိတ်မချမ်းမသာ ဖြစ်ရပါတယ်။ အာဖရိက ဖလားပြိုင်ပွဲက ကစားပွဲတွေရဲ့ အနေအထားနှင့် ပွဲကြည့် ပရိသတ် အနေအထားတွေကိုပါ။ အကြိုဗိုလ်လုပွဲတစ်ပွဲဖြစ်တဲ့ အိုင်ဗရီကို့စ်နှင့် မာလီတို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ ပွဲဆိုရင် လာကြည့်ကြတဲ့လူ နည်းပါးလွန်းလှပါတယ်။ ဘာတွေ မှားနေသလဲ ဆိုတာ ခင်ဗျားတို့လည်း အံ့သြမိမှာပါ။ လူတွေက လက်မှတ်ဖိုး မတတ်နိုင်ကြတော့ဘူးလား။ ဒါမှ မဟုတ် လက်မှတ် တန်ကြေးက မြင့်လွန်းနေလို့လား။ ဒါ ဒီပြိုင်ပွဲအတွက် အခြေခံကျတဲ့ ပြဿနာဖြစ်ပြီး နက်ရှိုင်းတဲ့ ပြဿနာ တစ်ခုပါ။ ကွင်းတွင်းမှာလည်း အိုင်ဗရီကို့စ်ကို ကြည့်ပါအုံး။ အားလုံးထက် ခေါင်းတစ်လုံး ပိုမြင့်နေသလိုပါပဲ။ တစ်ခြား အသင်းတွေအတွက် မယှဉ်နိုင်လောက်တဲ့ အနေအထားပါပဲ။" ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။ |
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com










Rangoon Time