BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, February 19, 2012

ဝါရင့်ကစားသမား ဒရော့ဘာ၊ မာလူဒါနှင့် လမ်းပတ်တို့ကို ရှင်းထုတ်ပြီး သွေးသစ်လောင်းရန် ဆန္ဒရှိနေသော ဘိုအာ့စ်၏ အစီစဉ်ကို မီးစိမ်းပြလိုက်သည့် ရုရှားသူဋ္ဌေး

ချဲလ်ဆီးအသင်းပိုင်ရှင် ရုရှားသူဋ္ဌေး အီဗရာမိုဗစ်ခ်ျသည် အသင်း၏ ၀ါရင့် ကစားသမားအချို့ကို ရှင်းထုတ်ရန် ဆန္ဒရှိနေသော ဘိုအာာ့စ်၏ အစီစဉ်ကိုထောက်ခံပြီး၊ မီးစိမ်းပြလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

Telegraph ၏အဆိုအရ ရိုမန်သည် ၀ါရင့်ကစားသမားများကို လာမည့်နွေရာသီတွင် ရှင်းထုတ်သွားရန် ဆန္ဒရှိနေသော ဘိုအာ့စ်၏ အစီစဉ်ကို ထောက်ခံ ခွင့်ပြုလိုက်ပြီး၊ သွေးသစ်လောင်းကာ လာမည့်ရာသီတွင် အသွင်သစ်ဖြင့် အသင်းကို ပြန်လည်ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။ ရုရှားသူဋ္ဌေး၏ အတွင်းလူတစ်ဦးက -
"ရိုမန်ဟာ ရှုံးပွဲများတဲ့ နည်းပြနဲ့အတူ လက်တွဲလုပ်ရ တာမျိုးကို သဘောမကျဘူး၊ ကစားသမား အချို့ကတော့ ဘိုအာ့စ်ကို ထောက်ခံတယ်၊ ဒါပေမဲ့ တစ်ချို့ စီနီယာ ကစားသမားတွေကျတော့ သဘောမကျပဲ ဖြစ်နေတယ်၊ အဲ့ဒီ အခြေအနေကိုလည်း ရိုမန်က သဘောမကျဘူး" ဟု ထုတ်ဖော်ပြောကြား သွားခဲ့သည်။

လက်ရှိအနေအထားတွင် ဘိုအားစ်သည် လမ်းပတ်၊ ဒရော့ဘာနှင့် မာလူဒါတို့ကို ရှင်းထုတ်သွားပြီး၊ သွေးသစ်လောင်းကာ အောင်မြင်မှု ဆာလှောင်သော အသင်းတစ်သင်းကို တည်ဆောက်သွားမည် ဖြစ်ပြီး၊ အသင်း၏ ပျမ်းမျှအသက်ကိုလည်း လျော့ချသွားရန် ပြင်ဆင်နေကြောင်း သိရသည်။ အီဗရာမိုဗစ်ခ်ျသည် အသင်း၏ ရလာဒ်ကို သဘောမတွေ့သော်လည်း၊ ဘိုအာ့စ်ကို ဆက်လက်ထောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed