![]()
ကျွန်တော်ဟာဒီလိုလူမျိုးရေးခွဲခြားတာမျိုးကို အသက် ၁၇နှစ်သားတုန်းကလည်း ခံခဲ့ရဖူးပါတယ် - အီဗရာ
မန်ယူအသင်း၏နောက်ခံလူ အီဗရာသည် သူ၏ ဘောလုံးသမားဘ၀အစ၊ အသက် ၁၇နှစ် သားအရွယ်တွင် အီတလီစီးရီးစီကလပ် မာစာလာအသင်းအတွက် ကစားပေးခဲ့စဉ်ကလည်း အလားတူ လူမျိုးရေးခွဲခြားမှုမျိုးကို ခံခဲ့ရသည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။
အဲဒီကတည်းက သူ့အနေဖြင့် အဆိုပါ လူမျိုးရေးခွဲခြားစော်ကားမှုများအား ဆက်လက်သည်းခံတော့မည်မဟုတ်ဟု စိတ်ပိုင်းဖြတ်ခဲ့ကြောင်း အီဗရာ က ပြောကြားသည်။ ပြီးခဲ့သည့် စနေနေ့ကပွဲစဉ်တွင် အီဗရာအားလက်ဆွဲနှုတ်ဆက်ရန်ငြင်းဆိုခဲ့သည့် ဆွာရက်ဇ်၏အပြုအမှုမှာ ၄င်းတို့နှစ်ဦး အကြားရှိ အမုန်းတရားအားကြီးထွားစေခဲ့ပြီး၊ ပွဲအပြီးတွင် အီဗရာက ဆွာရက်ဇ်၏ရှေ့တွင်အောင်ပွဲခံခဲ့သည်။ အသက် ၃၀ နှစ်ရှိ အီဗရာသည် ပီအက်ဂျီအသင်း၏ ထွန်းတောက်လူငယ်တစ်ဦးဖြစ်ခဲ့ပြီး၊ မာစာလာအသင်းမှာ အငှားမကစားခင်၊ တိုရီနိုအသင်းမှာ အစမ်းသပ်ခံလာရောက်ကစားစဉ်က လူမျိးရေးခွဲခြားခံခဲ့ရခြင်းဖြစ်သည်။ "ကျွန်တော်ဟာ အကောင်းဆုံးကစားနိုင်တဲ့သူထက် ပိုကောင်းတယ်လို့ထင်ပါတယ်၊ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာပြိုင်ပွဲတွေမှာ အမြဲတမ်းအကောင်းဆုံးကစားနိုင်ခဲ့လို့ပါ၊ အီတလီကိုကျွန်တော်စရောက်တုန်းက လေဆိပ်မှာ လူတွေက ကျွန်တော့်ကို ဓါတ်ပုံတွေရိုက်ကြတယ်၊ ကျွန်တော်ဟာ ပက်ထရစ်အီဗရာမို့လို့မဟုတ်ပါဘူး၊ လူမည်းတစ်ဦးဖြစ်နေလို့ပါ " ဟု အီဗရာက သူ့ရဲ့အီတလီက ခါးသီးတဲ့အတွေ့အကြုံတွေကို ပြောသွားခဲ့သည်။ |
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com










Rangoon Time