မြန်မာနိုင်ငံက ဂျပန်နိုင်ငံကို ပေးရန်ရှိနေတဲ့ ကြွေးမြီ ယန်းပေါင်း ၃၀၃.၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၃.၇၂ ဘီလျံ) ကို လျှော်ပစ်ရန် ဂျပန်နိုင်ငံက သဘောတူညီခဲ့ပြီး မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးမှု ခိုင်မာစေရေးအတွက် တရားဝင် ဖွံ့ဖြိုး တိုးတက်ရေး အကူအညီ ချေးငွေများ ပြန်လည်စတင်ရန် လမ်းစပွင့်သွားပြီဖြစ်ကြောင်း ဂျပန်နိုင်ငံကို ရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါတို့ ၂၀၁၂ ဧပြီ ၂၁ ရက်နေ့တွင် ထုတ်ပြန်တဲ့ ပူးတွဲ ကြေငြာချက်တွင် ဖော်ပြထားပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ မဲခေါင်ဒေသနိုင်ငံများနဲ့ ဂျပန်နိုင်ငံတို့ အစည်းအဝေး တက်ရောက်ရန် ဂျပန်နိုင်ငံ တိုကျိုမြို့ကို ဧပြီ ၂၀ ရက်နေ့က ရောက်ရှိခဲ့ပါတယ်။ မဲခေါင်ဒေသနိုင်ငံများတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လော၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံများ ပါဝင်ပြီး ဧပြီ ၂၁ ရက်နေ့၌ မဲခေါင်ဒေသနိုင်ငံများနဲ့ ဂျပန်နိုင်ငံတို့ရဲ့ အစည်းအဝေး ကျင်းပခဲ့ကြပြီးနောက် မဲခေါင်ဒေသနိုင်ငံ ငါးနိုင်ငံကို ဂျပန်နိုင်ငံက သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၇.၄ ဘီလျံ အကူအညီများ ပေးဖို့ ဂတိပြုလိုက်ပါတယ်။ အဲဒီလို ပေးအပ်မှုနဲ့ ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ် ဟိုရှီဟီကို နိုဒါက "မဲခေါင်ဒေသ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး မရှိရင် အရှေ့အာရှ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလည်း ဖြစ်နိုင်မှာ မဟုတ်ကြောင်း" အစည်းအဝေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။ ထိုသို့ ဂျပန်နိုင်ငံနဲ့ မဲခေါင်ဒေသနိုင်ငံများ အစည်းအဝေး ကျင်းပတဲ့နေ့မှာပဲ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါတို့ရဲ့ အစည်းအဝေး ကျင်းပခဲ့ကြကာ မြန်မာနိုင်ငံက ဂျပန်နိုင်ငံကို ပေးရန်ရှိနေတဲ့ ကြွေးမြီ ယန်းပေါင်း ၃၀၃.၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၃.၇၂ ဘီလျံ) ကို လျှော်ပစ်ရန် ဂျပန်နိုင်ငံက သဘောတူညီခဲ့ပြီး မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးမှု ခိုင်မာစေရေးအတွက် တရားဝင် ဖွံ့ဖြိုး တိုးတက်ရေး အကူအညီ ချေးငွေများ ပြန်လည်စတင်ရန် လမ်းစပွင့်သွားပြီဖြစ်ကြောင်း ပူးတွဲ ကြေငြာချက် ထုတ်ပြန်ခဲ့လိုက်ပါတယ်။ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ဧပြီ ၂၂ ရက်နေ့တွင် တိုကျိုလျှပ်စစ်စွမ်းအင် ကုမ္ပဏီ (Tokyo Electric Power Co.) နဲ့ လျှပ်စစ်စွမ်းအား ဖွံ့ဖြိုးရေး ကုမ္ပဏီ (Electric Power Development Co.) တို့ လည်ပတ်လုပ်ကိုင်နေတဲ့ ဓါတ်အားပေးစက်ရုံများကို သွားရောက် လည်ပတ်ရန် ရှိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကားပြီး ဘလွန်းဘတ် သတင်းတွင် ဖော်ပြထားပါတယ်။ မြန်မာအာဏာပိုင်တွေအနေနဲ့ သီလ၀ါ၊ ကျောက်ဖြူနဲ့ ထားဝယ်ဆိပ်ကမ်း စီမံကိန်းများတွင် ဂျပန်လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုများ ထည့်ဝင်ရန် လိုလားနေသလို ဒေါ်လာ ၈.၆ ဘီလျံတန်ဖိုးရှိတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း လုပ်ကိုင်နေတဲ့ အီတာလျံ ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီကလည်း ဂျပန်နိုင်ငံရဲ့ ငွေကြေးအကူအညီ လိုအပ်နေပါတယ်။ ဂျပန်နိုင်ငံက ပေးအပ်မယ့် အကူအညီများတွင် ပြည်သူလူထုဘ၀ ဖွံ့ဖြိုး တိုးတက်ရေး၊ စီးပွားရေးနဲ့ လူမှုအဆောက်အဦ ဖွံ့ဖြိုး တိုးတက်ရေး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ရေရှည် တည်တံ့ရန် အခြေခံ အဆောက်အဦနဲ့ စနစ်များ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပါဝင်ပါတယ်။ ထို့အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု၊ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာဆိုင်ရာကိစ္စများ၊ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ပိုမို တိုးတက်စေရေးနဲ့ နှစ်ဦးနှစ်ဘက် ကုန်သွယ်မှု အရှိန်အဟုန် တိုးမြှင့်ရေး၊ စွမ်းအင်နဲ့ တွင်းထွက်ဆိုင်ရာ လေ့လာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ နီပွန် ထုတ်ကုန်နဲ့ ရင်းနှီးမြှုပ်နှံမှု အာမခံဌာနရဲ့ ဒေါ်လာ သန်း ၅၀၀ ထောက်ပံ့မှုကိစ္စများ ဆက်သွယ်ဆောင်ရွက်ရန် နှစ်နိုင်ငံ သဘောတူညီခဲ့ကြသလို သီလ၀ါဆိပ်ကမ်း ဖွံ့ဖြိုးရေး စီမံကိန်းအတွက် သဘောတူ စာချုပ် ချုပ်ဆိုမှုကိုလည်း နှစ်နိုင်ငံခေါင်းဆောင်များက ကြိုဆိုခဲ့ကြပါတယ်။
ကိုးကား http://news.yahoo.com/japan-pledges-7-4-billion-mekong-development-113939440--finance.html
ကိုးကား http://news.yahoo.com/japan-pledges-7-4-billion-mekong-development-113939440--finance.html
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်