![]()
လွန်ခဲ့သောနှစ် ငွေကြေးဘက်ဂျက် ရှင်းတမ်းအရ လီဗာပူးလ်အသင်း ပေါင်သန်း ငါးဆယ်အထိ အရှုံးပေါ်ခဲ့
လွန်ခဲ့သောနှစ် ငွေကြေးဘက်ဂျက် ရှင်းတမ်းအရ လီဗာပူးလ်အသင်းသည် ကစားကွင်းသစ် တည်ဆောက်ရန် လက်လွှတ်ခဲ့ရမှု၊ နည်းပြဟောင်း ရွိုင်းဟော့ဆန် အတွက် ပေးခဲ့ရသော လျှော်ကြေးငွေ၊ ကစားသမားများ နှင့် ၀န်ထမ်းများ စရိတ်အတွက် စုစုပေါင်း ပေါင်သန်း ငါးဆယ်အထိ အရှုံးပေါ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်ဟု သိရသည်။
နည်းပြသစ် ရွိုင်းဟော့ဆန်သည် ရက်ပေါင်း ၁၉၁ ရက်သာ တာဝန်ယူပြီးနောက် ရလဒ်ဆိုးရွားမှုကြောင့် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလတွင် ရာထူးမှ ထုတ်ပယ်လိုက်ခြင်း အတွက် လျှော်ကြေးငွေ ၈.၄ သန်းပေးခဲ့ရသည်။ လက်ရှိ လီဗာပူးလ်အသင်း၏ ဦးဆောင်ညွန်ကြားရေးမှူး Ian Ayre က ယခု အရှုံးအပေါ် သာမန်ထက်ပိုကဲသော ကိစ္စတစ်ခုအဖြစ် မရှုမြင်ကြောင်း ပြောဆိုခဲ့သည်။ သူက "အလုပ်အကိုင် မရှိဘဲ ပေါင် ၄၉.၄ သန်း ရှုံးနေတယ် ဆိုရင်တော့ လူတွေ အာရုံစိုက်ကြပါလိမ့်မယ်။ အခုက လုပ်ငန်းကြီးက ကောင်းမွန်စွာ လည်ပတ်နေပါတယ်။ ဘာမှစိတ်ပူစရာ မရှိပါဘူး။ ကွင်းသစ်ဆောက်ဖို့ စီမံကိန်း ပျက်ခဲ့တဲ့အတွက် HKS စီမံကိန်းကနေ ပေါင်သန်း ၅၀ လောက် နစ်နာခဲ့ရတယ်။" ဟုပြောကြားခဲ့သည်။ အသင်းပိုင်၇ှင် Fenway Sports Group ကုမ္မဏီသည် ၂၀၁၀ အောက်တိုဘာလက ပေါင်သန်း ၂၀၀ ဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်သည် |
Thursday, May 3, 2012
လွန်ခဲ့သောနှစ် ငွေကြေးဘက်ဂျက် ရှင်းတမ်းအရ လီဗာပူးလ်အသင်း ပေါင်သန်း ငါးဆယ်အထိ အရှုံးပေါ်ခဲ့
Labels:
ဘောလုံးသတင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်