BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Tuesday, May 22, 2012

ဒေးဗစ်ဘက်ခမ်းနှင့်အတူ ဂရိတ်ဗြိတိန်အသင်းတွင် ပါဝင်ချင်ကြောင်း ပြောကြားလိုက်သည့် ရွိုင်ရယ်ဂစ်

ဒေးဗစ်ဘက်ခမ်းနှင့်အတူ ဂရိတ်ဗြိတိန်အသင်းတွင် ပါဝင်ချင်ကြောင်း ပြောကြားလိုက်သည့် ရွိုင်ရယ်ဂစ်
ဒေးဗစ်ဘက်ခမ်းနှင့်အတူ ဂရိတ်ဗြိတိန်အသင်းတွင် ပါဝင်ချင်ကြောင်း ပြောကြားလိုက်သည့် ရွိုင်ရယ်ဂစ်
ရွိုင်ရယ်ဂစ်က လာမည့် အိုလံပစ်ပြိုင်ပွဲတွင် အသင်းဖော်ဟောင်း ဒေးဗစ်ဘက်ခမ်းနှင့်အတူ ဂရိတ်ဗြိတိန်အသင်းတွင် ပါဝင်လိုကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ရွိုင်ရယ်ဂစ်၏ ဆန္ဒသာ အမှန်တကယ်ဖြစ်လာပါက၊ (၂၀၀၃)ခုနှစ်တွင် ဒေးဗစ်ဘက်ခမ်း၊ အိုးထရက်ဖို့ဒ်မှ ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့သွားပြီးနောက်ပိုင်း၊ ပထမဆုံးအကြိမ်အဖြစ် မန်ယူပရိသတ်များသည် မန်ယူဂန္တ၀င်နှစ်ဦးအား အတူတကွ ပြန်လည်မြင်တွေ့ခွင့် ရမည်ဖြစ်သည်။

"ဘက်ခမ်းဟာ ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါ၊ ပြီးတော့ သူဟာ ဂရိတ်ပလေယာပါ၊ ကျွန်တော် သူနဲ့အတူ လူငယ်အသင်းမှာ ကစားသမားဘ၀ စတင်ခဲ့ပါတယ်၊ နှစ်ပေါင်းနှစ်ဆယ်အကြာမှာ သူနဲ့အတူ ပြန်ပြီး တွဲကစားခွင့်ရရင်တော့ အရမ်းကို ကျေနပ်စရာကောင်းပါလိမ့်မယ်"ဟု ဂစ်က ပြောကြားခဲ့သည်။

ဝေးလ်တောင်ပံကစားသည် ဂရိတ်ဗြိတိန်အသင်းတွင် သူ့အတွက် နေရာတစ်နေရာရရှိရန်အတွက် မန်နေဂျာ စတူးဝပ်ပီယာ့စ်အား တောင်းဆိုထားကြောင်းလည်း သိရှိရသည်။

"ဟုတ်ပါတယ်၊ ကျွန်တော် ပါဝင်ခွင့်ရအောင် ကြိုးစားနေပါတယ်၊ ကျွန်တော် ရွေးချယ်ခံရမလားဆိုတာကတော့ စောင့်ကြည့်သွားရပါမယ်"

"အခုဆိုရင် လူတိုင်း ဗြိတိန်ရဲ့  ခွဲထွက်ဒေသတွေနဲ့ လန်ဒန်မှာ ကျင်းပတော့မည့် အိုလံပစ်ပြိုင်ပွဲအတွက် စိတ်လှုပ်ရှားနေကြပါတယ်"

"ကျွန်တော် ပီယာ့စ်နဲ့လည်း စကားပြောပြီးပါပြီ၊ ကစားသမားတွေရဲ့ဆန္ဒက အဓိက ကျလိမ့်မယ်လို့ ထင်ပါတယ်"ဟု ဂစ်က ပြောကြားသွားခဲ့
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်