ရှင်ဂျီအား ဈေးပေါပေါဖြင့် မရောင်းနိုင်ကြောင်း မန်ယူအသင်းအား သတိပေးလိုက်သည့် ဒေါ့မွန်
ဘိုရူးရှားဒေါ့မွန်အသင်း စီအီးအိုက ဒီနွေတွင် အသင်း၏ကွင်းလယ်လူ ရှင်ဂျီကာဂါဝါအား ဈေးပေါပါဖြင့် ရောင်းချမည်မဟုတ်ကြောင်း ပြောကြားလိုက်သည်။
အဆိုပါဂျပန်လက်ရွေးစင်သည် လာမည့် ဘောလုံးရာသီမတိုင်ခင်၊ ဒေါ့မွန်အသင်းက ထွက်ခွာရန် အလိုရှိနေပြီး၊ ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေသည်။
မန်ယူအသင်းကလည်း ကာဂါဝါ၏ ကွင်းလယ်မောင်းနှင်အားအပေါ် သဘောကျနေပြီး၊ ခေါ်ယူရန်စိတ်ဝင်စားနေသည်။ သို့ပါသော်လည်း ဒေါ့မွန် စီအီးအိုက ကာဂါဝါအား ဈေးမှန်ဖြင့်သာ ရောင်းချသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
"ရှင်ဂျီရဲ့ အရည်အချင်းတွေ၊ သူ့ရဲ့ အသင်းအတွက် တန်ဖိုးကြီးမားမှုတွေက ပြောနေစရာမလိုပါဘူး၊ နူအာအတွက် ဘေယန်မြူးနစ် ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေးကို ကျွန်တော် ဥပမာပေးလိုပါတယ်၊ အဲတုန်းက သူဟာ တစ်နှစ်စာချုပ်ပဲ ကျန်တော့တာပါ၊ အဲဒီကနေ ကျွန်တော်တို့ သင်ခန်းစာ ယူရပါမယ်"ဟု ဒေါ့မွန်စီအီးအိုက ပြောကြားသွားခဲ့သည်။
ဘေယန်မြူးနစ်သည် နူအာ အပြောင်းအရွှေ့အတွက် ရှော်လ်ကေးအသင်းအား ယူရို(၁၈)သန်း လက်ငင်း ပေးချေခဲ့ရမှုအပါအ၀င်၊ စုစုပေါင်း ယူရို (၂၅)သန်း ပေးခဲ့ရသည်။
အသက် (၂၃)နှစ်ရှိ ကာဂါဝါသည် ဒီရာသီ ဒေါ့မွန်အသင်း ချန်ပီယံဖြစ်မှုတွင် အဓိကနေရာမှ ပါဝင်ခဲ့ပြီး၊ ဘွန်ဒက်လီဂါပြိုင်ပွဲ (၃၁)ပွဲတွင် (၁၃)ဂိုးသွင်းယူခဲ့သည်။

0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်