![]()
ဂရိတ်ဗြိတိန်အသင်းအတွက် စတူးဝပ် ပီယာ့စ်ရဲ့ အထင်ကြီးမှုမရရှိခဲ့သည့် ဒေးဗစ် ဘက်ခမ်း
စတူးဝပ်ပီယာ့စ်သည် ဂရိတ်ဗြိတိန်အသင်းလူစာရင်းအတွက် ဒေးဗစ် ဘက်ခမ်း၏ခြေစွမ်းအား အကဲခတ်ရန် ပြီးခဲ့သည့်အပတ် အယ်လ်အေ ဂလက်ဆီအသင်းကစားခဲ့သည့် မေဂျာလိဂ်ပွဲအား သွားရောက်ကြည့်ရှုခဲ့ပြီး၊ အဆိုပါပွဲတွင် ဒေးဗစ် ဘက်ခမ်းမှာ စတူးဝပ်ပီယာ့စ် သဘောကျလောက်အောင် ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။
စတူးဝပ်ပီယာ့စ်သည် ပြီးခဲ့သည့်စနေနေ့က ဒေးဗစ် ဘက်ခမ်းအား စောင့်ကြည့်လေ့လာရန်အတွက် လော့အိန်ဂျယ်လိစ်သို့ ရောက်ရှိနေခဲ့သည်။ ဒေးဗစ် ဘက်ခမ်းသည် ဒီနွေအိုလံပစ်ပြိုင်ပွဲဝင်မည့် စတူးဝပ် ပီယာ့စ်၏ ဂရိတ်ဗြိတိန်အသင်းက အသက်လွန် ကစားသမား(၃)နေရာထဲက တစ်နေရာအတွက် တိုက်ပွဲဝင်နေသူဖြစ်သည်။ ဂလက်ဆီအသင်းသည် ပွဲပြီးခါနီးတွင်ရရှိသည့် သရေကျမည့် အခွင့်အရေးအား မလွဲချော်ခင် ပြုလုပ်ခဲ့သည့် ဒေးဗစ် ဘက်ခမ်း၏ အမှားနှင့်အတူ နယူးယောက်ခ် ရက်ဘူးစ်အသင်းအား (၁-၀)ဂိုးမရှိဖြင့် ရှုံးနိမ့်သွားခဲ့သည်။ အဆိုပါပွဲတွင် မိနစ်(၉၀)အပြည့် ပါဝင်ကစားခဲ့သည့် ဒေးဗစ် ဘက်ခမ်းက မနှစ်က မေဂျာလိပ်ဖလားရရှိပြီးနောက်၊ ဒီနှစ်ဘောလုံးရာသီတွင် အဆင့်(၇)နေရာ၌ ရပ်တည်နေရသည့် အသင်း၏ လက်ရှိပုံစံအား စိတ်ပျက်မိကြောင်း ပြောကြားသွားခဲ့သည်။ ![]()
"အသင်းရဲ့အခြေအနေက တစ်ပတ်ပြီး၊ တစ်ပတ် ပိုဆိုးလာပါတယ်၊ ကျွန်တော်တို့ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့်၊ အသုံးမချနိုင်ခဲ့ပါဘူး၊ "
""နှစ်ပွဲကစားရမှုနဲ့အတူ၊ အသင်းရဲ့ခံစစ်က ဆိုးဝါးခဲ့ပါတယ်၊ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရတာ အရမ်းကို စိတ်ပျက်ဖို့ကောင်းပါတယ်"ဟု ဘက်ခမ်းက ပြောကြားသွားခဲ့သည်။ ![]()
အဆိုပါပွဲအား နယူးကာဆယ်အသင်းဖော်ဟောင်း ၀ါရန် ဘာတန်နှင့်အတူ ကြည့်ရှုခဲ့သည့် စတူးဝပ် ပီယာ့စ်သည် မေလအကုန်တွင် သူ့အသင်း၏ ကစားသမား(၁၈)ဦးစာရင်းအား ကြေညာသွားမည်ဖြစ်သည်။
အမေရိကသို့ လေယာဉ်ဖြင့်မလာရောက်ခင်၊ ပီယာ့စ်က - "ကျွန်တော့်အနေနဲ့ အသင်းမှာပါဝင်ဖို့ ထိုက်တန်တဲ့ခြေစွမ်းရှိသလားဆိုတဲ့အပေါ်မှာပဲ ရွေးချယ်သွားမှာပါ၊ ဘက်ခမ်းရဲ့ လက်ရှိခြေစွမ်းကို တွေ့ရတဲ့အခါကျရင်တော့ ၊ ကျွန်တော့်အနေနဲ့ပိုပြီး ဆုံးဖြတ်လာနိုင်ပါလိမ့်မယ်"ဟု စတူးဝပ်ပီယာ့စ်က ပြောကြားခဲ့သည်။ |
Wednesday, May 9, 2012
အထင်ကြီးမှုမရရှိခဲ့သည့် ဒေးဗစ် ဘက်ခမ်း
Labels:
ဘောလုံးသတင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်