BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Friday, June 1, 2012

လူမျိုးရေး ခွဲခြားခံရပါက သတ်ပစ်မည့် ဘာလော့တယ်လီ

လူမျိုးရေး ခွဲခြားခံရပါက သတ်ပစ်မည့် ဘာလော့တယ်လီ မန်စီးတီး တိုက်စစ်မှူး ဘာလော့တယ်လီမှ သူ့အား လမ်းပေါ်တွင် ငှက်ပျောသီးဖြင့် ပစ်ပေါက် စော်ကားပါက သတ်ပစ်မိလိမ့်မည်ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။ ဘာလော့ တယ်လီ သည် အထက်ပါ ဖြစ်ရပ်မျိုးနှင့် ရောမမြို့ရှိ ဘားတစ်ခုတွင် ကြုံတွေ့ ခဲ့ဖူးပြီး နောက်တစ်ကြိမ် အလားတူ ဖြစ်ရပ်မျိုးနှင့် ထပ်မံ ကြုံတွေ့ခဲ့ပါက ထိန်းသိမ်းနိုင် စွမ်း ရှိလိမ့်မည် မဟုတ်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။
ဘာလော့တယ်လီမှ "ကောင်းလေး နှစ်ယောက် သုံးယောက်လောက် ရှိနေပါတယ် ပြီးတော့ ကံကောင်းသွားတာ တစ်ခုက ရဲတွေ အလျှင်အမြန် ရောက်လာခဲ့လို့ မဟုတ်ရင် ကျွန်တော် သူတို့ကို ထိုးကြိတ်မိမှာ သေချာပါတယ်။ ဒီလို အဖြစ်မျိုး နောက်တစ်ကြိမ် မရှိတော့ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ် ဘာလို့လဲ ဆိုတော့ လမ်းပေါ်မှာ ကျွန်တော့်ကို ငှက်ပျောသီနှင့် ပစ်ပေါက်ခဲ့လို့ ရှိလျင် ကျွန်တော် ထောင်ထဲရောက်မှာ သေချာပါတယ် ဘာဖြစ်လို့ လဲဆိုတော့ သူတို့ ကျွန်တော် သတ်ပစ်မိမှာ ဖြစ်လို့ပါပဲ"ဟု ပြင်သစ် အားကစား သတင်းစာသို့ ဖွင့်ဟ ပြောဆိုခဲ့သည်။
ဘာလော့တယ်လီမှ ဆက်လက်ပြီး ယူရို-၂၀၁၂ ပြိုင်ပွဲတွင် လူမျိုးရေး ခွဲခြားမှုနှင့် ကြုံတွေ့ခဲ့ရပါက ပြိုင်ပွဲတွင် ဆက်လက် ပါဝင်မည် မဟုတ်ပဲ အိမ်ပြန်မည် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
Soccer
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်