BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, June 2, 2012

သစ်သားဖြင့်ပြုလုပ် ထားသည့် မီးသီး

သစ်သားဖြင့်ပြုလုပ် ထားသည့်မီးသီးကို ဂျပန် ဒီဇိုင်နာ တစ်ဦးက တီထွင်ဂျပန်နိုင်ငံ ရှိရှေးဟောင်း နည်းပညာတစ်  ခုဖြစ်သည့် ရိုကူရိုဟု လူသိများသော နည်း ပညာ တစ်ရပ်ကို အခြေခံကာ ဂျပန်ဒီဇိုင်နာ တစ်ဦးဖြစ်သူ ယိုဆုကဲဖူကူဆာဒါသည် သစ်သားဖြင့်ပြုလုပ် ထားသည့် မီးသီးကို ဖန်တီးနိုင် ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးသီးအား သစ်သားများ၏ ပါးလွှာသောအလွှာများဖြင့် ဖွဲ့စည်း ထား ခြင်းဖြစ်ပြီး အလင်းပေးနိုင်ရန်အတွက် မီး သီး၏အထဲတွင် LED များထည့်သွင်း တပ် ဆင်ထား သည်။ ထို့ပြင် မီးသီး၏အ လင်းရောင် အနိမ့်အမြင့် ပမာဏကိုလိုက် ကာ ပုံစံပြောင်းလဲသွားမည့် Effect များ ကိုလည်းထည့်သွင်း ထားသည်။ ဖူကူဆာ ဒါက ၄ င်း သစ်သား မီးသီး အားဖန်တီးခြင်း မှာ တိုးတက်နေ သည့် ခေတ်သစ် နည်းပညာ များနှင့် ဒီဇိုင်းများကို ဂျပန်ရိုးရာ နည်းပညာ များနှင့် ပေါင်းစပ်လိုသည့် ဆန္ဒကြောင့် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။ လက်ရှိအချိန်တွင် ၄င်းသစ်သားမီးသီးမှာ နိုင်ငံတကာမှ လူများ၏စိတ်ဝင်စားခြင်းကို ခံနေရသည့်နည်းတူ ဒီဇိုင်းပြိုင်ပွဲတွင်လည်း ဆုရရှိခဲ့သည့် နည်းပညာ ပစ္စည်းအဖြစ် ရပ် တည်နိုင်ပြီဖြစ်သည်။
ဖူကူဆာဒါသည် ထိပ်တန်း အီလက်ထရွန်နစ် အဖွဲ့အစည်းဖြစ် သည့် Sharpတွင် ဒီဇိုင်နာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး နည်းပညာ အသုံးအဆောင် ပစ္စည်းများ၏ ဒီဇိုင်းများကို လည်း ရေးဆွဲနိုင်ခဲ့သူဖြစ်သည်။ အဆိုပါ သစ်သားမီးသီးကို ဈေးကွက်တင်ရန် အစီအစဉ် ရှိသော်လည်း လက်ရှိအချိန်၌ မဖြစ်နိုင်သေးကြောင်း ၄င်းက ဆိုထားပြီး ဂျပန် ရိုးရာ နည်းပညာ ၏ အဆင့်မြင့်မားမှု ကိုသာ ဖော်ထုတ်ပြလိုခြင်းဟု သိရသည်။
ZZ
Pyi Myanmar
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်