
အသက်(၇၀) အရွယ် ရှိပြီဖြစ်သော ဖာဂူဆန်သည် အိုးလ်ထရက်ဖို့ဒ်ကို (၂၆)နှစ်မျှ ဦးဆောင် လာခဲ့ပြီးနောက် ၎င်း၏ မန်နေဂျာ ဘ၀ နေ့ရက်များသည် အချိန် ကြာမြင့်စွာ ဆက်လက် တည်ရှိ နေနိုင်ခြေ နည်းပါး လာခဲ့သည်။ ဖာဂူဆန် အနား ယူသွားပါက အင်္ဂလန်၏ အောင်မြင်မှု အကြီးမားဆုံး ကလပ် အသင်းကြီးအား မည်သူ ဆက်လက် ဦးဆောင်မည် ဆိုသော မေးခွန်းသည် ယခု အချိန်ထိ ပဟေဠိ တစ်ခုသဖွယ် တည်ရှိနေပြီး နာမည်ကျော် နည်းပြ အများအပြားအား ခန့်မှန်းသတင်း အဖြစ် ထင်ကြေးများ ထွက်ပေါ်ခဲ့သည်။

ပြင်သစ် လက်ရွေးစင်အသင်း နည်းပြ ဘလန့်
ယခုအခါ မန်ယူ အသင်း၏ ခံစစ်မှူးဟောင်း ဘလန့်သည်လည်း ဖာဂူဆန်၏ ဆက်ခံသူ ရာထူးအတွက် လူပြော များလာကြောင်း သိရသည်။ ဘလန့်သည် ပြင်သစ်ကို (၂၁)ပွဲဆက် အရှုံးမရှိအောင် ဦးဆောင်ပြခဲ့သည်။ ဘလန့်သည် (၂၀၁၀)ပြည့်နှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးတွင် ဆိုးရွားစွာ ကျဆုံးခဲ့သော ပြင်သစ်ကို လက်လွှဲယူခဲ့ပြီးနောက် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် တည့်မတ်ပေးခဲ့သည်။ မန်ယူအသင်း၏ မန်နေဂျာသစ် ရာထူးအတွက် ရီးယဲလ်မက်ဒရစ် နည်းပြ ဟိုဆေး မော်ရင်ဟိုနှင့် အသင်း၏ သက်တော်ရှည် ကစားသမားကြီး ရိုင်ယန်ဂစ်တို့သည်လည်း ဖြစ်နိုင်ခြေ စာရင်းတွင် ပါဝင်နေကြောင်း သိရှိရသည်။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်