Honda အနေဖြင့် အမေရိကန် ပြည်ထောင်စုသို့ ကားတင်သွင်း ရာတွင်
အရှုံးပေါ်လျက် ရှိသောကြောင့် တင်ပို့သည့် ကားအရေအတွက်အား လျှော့ ချသွားရန် ကြိုးစားလျက် ရှိကြောင်း သိရသည်။
အရှုံးပြလျက်ရှိသောအခြေ အနေအား ပြန်လည်ဦးမော့လာစေရန် ကြိုးပမ်းသွားသည့်အနေဖြင့် အမေရိ ကန်ဈေးကွက်အကြိုက်ကားများအား ယခုထက်ပို၍ ထုတ်လုပ်သွားမည်ဖြစ် ကြောင်းသိရသည်။
ယင်းသို့ဖြစ်ရခြင်း မှာ ယန်းငွေနှင့် ဒေါ်လာဈေးနှုန်းကွာ ဟချက် ကြီးမားမှုကြောင့်အပြင် သင်္ဘောဖြင့် တင်ပို့ရသောစရိတ် ကြီး မြင့်ခြင်းများကြောင့် ထင်သလောက် အကျိုးအမြတ်မရရှိဘဲ အရှုံးပေါ်နေရ ခြင်းဖြစ်ပြီး လတ်တလောအရှုံးကာမိ စေရန်အတွက် အမေရိကန်ပြည် ထောင်စုသို့ တင်ပို့ရောင်းချနေသောံHonda ကားအရေအတွက်အား လျှောချလိုက်ခြင်းအားဖြင့် ဈေးကွက်ဝယ်လို အားမြင့်မားလာစေရန် ကြိုးစားသွား မည်ဖြစ်ကြောင်းHonda ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သူ င်္Fumihiko Ike ကဆိုသည်။
ရေရှည်အတွက်မူ ငွေကြေးကွာ ဟချက်ကျဉ်းမြောင်းသွားစေရန်အပြင် တင်ပို့စရိတ်၊ ထုတ်လုပ်မှုစရိတ်များ လျော့နည်းသွားစေရန်အတွက် အမေရိကန်ပြည်ထောင်စုတွင်Honda ကား စက်ရုံများအား ယခုထက်ပို၍ တည် ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။ံHonda အနေဖြင့် အမေရိကန်ပြည် ထောင်စုတွင် စက်ရုံများတည်ဆောက် ခြင်းအပေါ် ရည်မှန်းချက်ကြီးစွာထား ၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်အတွင်း အမေရိကန်ရှိHonda စက်ရုံများမှထုတ်လုပ်ခဲ့သောHonda Acura ကားများ၏ ၈၅ ရာခိုင်နှုန်း မှာ ရောင်းချခဲ့ရပြီးဖြစ်သည်။
အမေရိ ကန်ပြည်ထောင်စု၏ ပြည်နယ် ခြောက် ခုတွင်Honda ၏ စက်ပစ္စည်းအစိတ် အပိုင်းများထုတ်လုပ်သော စက်ရုံ ပေါင်းကိုးခုအထိရှိနေပြီး အနာဂတ်တွင် ကားထုတ်လုပ်မှုလုပ်ငန်းများအား မြောက်အမေရိကတွင် ပိုမိုထုတ်လုပ် သွားရန် ရည်မှန်းထားကြောင်း သိရ သည်။
မြောက်အမေရိကတွင် ကား စက်ရုံများ အခြေစိုက်ထုတ်လုပ်လိုခြင်း မှာHonda တစ်ခုတည်းသာမကဘဲ Nissan, Hyundai နှင့်KIA ကုမ္ပဏီ များသည်လည်း အသီးသီးထုတ်လုပ် နေကြပြီဖြစ်သည်။ အမေရိကတွင် ရောင်းချခဲ့သော ဂျပန်ကားများ၏ ၇၀ ရာခိုင်နှုန်းမှာ မြောက်အမေရိကနှင့် အမေရိကန်ပြည်ထောင်စုတွင် ထုတ် လုပ်ခဲ့ခြင်းဖြစ်သည်။

0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်