BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, July 12, 2012

ဝယ်ကြအုံးမလား? ....ဖုန်စုပ်စက်

သာမန်ဖုန် စုပ်စက် တစ်လုံး ဆိုရင် သတင်းတစ် ပုဒ်ရေးစရာ မလိုပေမယ့် အခုဒီဖုန်စုပ် စက်အကြောင်းကိုတော့ သတင်း မလုပ် လို့ မရတော့ ပါဘူး။ ဘာကြောင့်လဲဆို ရင် ရွှေသားစင်စစ် (၂၄) ကာရက်နဲ့ ဖန်တီးထုတ်လုပ်ထားလို့ပါပဲ။ တန်ဖိုး အားဖြင့် ဒေါ်လာ (၁) သန်းတန်ကြေး ရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် ရွှေရောင်တဝင်းဝင်းနဲ့ တဖိတ်ဖိတ် အရောင်တောက်ပနေပေမယ့် လူချမ်း သာ မီလျံနာသူဌေးတွေမှပဲ ဝယ်ယူ အသုံးပြုနိုင်ပါ။ တကယ်တမ်းပြောရ ရင် တန်ဖိုးရှိလွန်းလို့ အသုံးပြုဖို့တောင် မကောင်းပါဘူး။
ဧည့်ခန်းရှေ့မှသာ ထည်ထည်ဝါဝါ ထားသင့်ပါတယ်။ ဒါပေမဲ့ Go Vacuum GV92711 ကို ကိုယ်ပိုင်သီးသန့်ဂျက်လေယာဉ်တစ် စီး၊ နောက်ဆုံးပေါ် ရှားပါးဇိမ်ခံကား တစ်စီးအပြင် ဇိမ်ခုံရွက်လှေတစ်စီး ပိုင်ဆိုင်တဲ့ မဟာသူဌေးတွေကိုမှ ရောင်းချသွားမယ်လို့ ထုတ်လုပ်သူ တွေက ပြောကြားထားပါတယ်။
Go Vacuum ကုမ္ပဏီဒု-ဥက္ကဌနဲ့ဈေးကွက် ဒါရိုက်တာ ဂျက်စတင်ဟာဗာက "ဒါဟာ ရယ်စရာကောင်းတဲ့ ပစ္စည်း အတုတစ်ခုမဟုတ်သလို ကုမ္ပဏီ နာမည်ကြီးချင်လို့ စတန့်ထွင်တာမျိုး လည်း မဟုတ်ပါဘူး။ တကယ့်ရွှေ အစစ်နဲ့ ပြုလုပ်ခဲ့တာပါ"လို့ ဖြေကြား ခဲ့ပါတယ်။ ဒီဖုန်စုပ်စက်ကို (၆)လ တိတိ ဖန်တီးခဲ့ရတာ ဖြစ်ပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်