
အဆိုပါ အဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ အစ္စနူလာ အာဆမ်က ပါကစ္စတန် အစိုးရ အဖွဲ့အား မြန်မာပြည်နှင့် လက်တလော ဆက်ဆံရေးများအားလုံးကို ရပ်တန့် ရန်နှင့်ပါကစ္စတန် မြို့တော် အစ္စလာမ်ဘတ်၌ ဖွင့်လှစ်ထားသော မြန်မာသံရုံးအား ဖျက်သိမ်းရန် တောင်းဆို ထားကြောင်း သိရသည်။
အစ္စနူလာ အာဆမ်က " တောင်းဆိုချက်တွေကို မလုပ်ပေးရင် မြန်မာနိုင်ငံရဲ့ အထင်ကရ နေရာတွေကို တိုက်ခိုက်သွားမှာ ဖြစ်ပြီးတော့ မြန်မာနဲ့ ပက်သက်တဲ့ ပါကစ္စတန်တွေကိုပါ တစ်ဦးချင်း ချေမှုန်းသွားမယ်"ဟု ၄င်းအင်တာနက် ပေါ်တွင် ဖော်ပြထားကြောင်းနှင့် အစ္စလာမ်ဘတ်ရှိ မြန်မာသံရုံးမှ မှတ်ချက် တစ်စုံတစ်ရာမှ လက်ခံ မရရှိသေးကြောင်း လည်း သိရသည်။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်