BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, August 2, 2012

အကြမ်းဖက် ပါကစ္စတန် တာလီဘန်အဖွဲ့ မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက်မှု စိုးရိမ်ပူပန်ရန် မလိုဟုဆို

ပါကစ္စတန် နိုင်ငံ အခြေစိုက် တာလီဘန် အဖွဲ့တစ်ဖွဲ့ဖြစ်သော Tehreeke-Taliban (TTP) အဖွဲ့က ရခိုင် ပြည်နယ် ဖြစ်ပွားသော ကိစ္စများနှင့် ပတ်သက်ပြီး ပါကစ္စတန် နိုင်ငံရှိ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို တိုက်ခိုက်မည် ဖြစ်ကြောင်း ဇူလိုင် ၂၆ ရက်နေ့က သတင်းထုတ်ပြန်ရာ ယင်းထုတ်ပြန်ချက်ကို ပြည်တွင်း အစ္စလာမ်ဘာသာဝင်များက လက်မခံဘဲ ပယ်ချလိုက်ပြီး နယ်စပ်ရေးရာနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ပြည်သူများ စိုးရိမ်ရန်မလိုကြောင်း ပြောဆိုလိုက်သည်။
တာလီဘန်အဖွဲ့၏ ခြိမ်း ခြောက်မှုနှင့်ပတ်သက်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက “လုံခြုံရေး အပြည့်ရှိပါတယ်”ဟု ဇူလိုင်လ ၃၀ ရက်နေ့ ရန်ကုန်မြို့တွင် ကျင်းပ သော ရခိုင်အရေး သတင်းစာရှင်း လင်းပွဲတွင် ပြောဆိုသည်။ ပြည်တွင်း အစ္စလာမ်ဘာသာ ဝင် တစ်ဦးဖြစ်သော ၈၈ မျိုးဆက် ကျောင်းသား ကိုမြအေးက တာလီဘန်အဖွဲ့၏ ခြိမ်းခြောက်မှုအပေါ် လက်မခံကြောင်း ပြောဆိုသည်။ “အကြမ်းဖက်ဝါဒနဲ့ ပတ် သက်ပြီးတော့ လက်မခံဘူး။ တစ် ကမ္ဘာလုံးလည်း လက်မခံဘူး။ ဒီ နိုင်ငံမှာ အကြမ်းဖက်မှု ပေါ်ထွန်း လာမှာမလိုလားဘူး”ဟု ကိုမြအေး က ပြောဆိုသည်။
ပြည်တွင်း အစ္စလာမ်ဘာသာ ဝင်များ ဦးဆောင်ဖွဲ့စည်းထားသောအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမို ကရက်တစ်ပါတီမှ ဗဟိုအလုပ်အမှု ဆောင် ဦးအဘူလ်တာဟေရ်(ခေါ်) ဦးသာအေးက တာလီဘန်အဖွဲ့၏ ခြိမ်းခြောက်သည်ဆိုသော သတင်း အပါအဝင် သတင်းအများစုသည် နိုင်ငံတွင်း စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေးပျက်ပြားအောင် လုပ် ဆောင်နေသည်ဟု ပြောဆိုသည်။
“အဲဒီ သတင်းတွေက ကျွန်တော်တို့နိုင်ငံ မတည်မငြိမ် ဖြစ် အောင် လုပ်နေတာ”ဟု ၄င်းက ဆို သည်။ ပြည်တွင်း အစ္စလာမ်ဘာသာ ဝင်အချို့ကလည်း တာလီဘန်အဖွဲ့ ၏ ခြိမ်းခြောက်မှုကို လက်မခံဟုပြောဆိုကြသည်။ အမေရိကန်ပြည်ထောင်စု၏ ထုတ်ပြန်ချက်အရTTP တာလီ ဘန်အဖွဲ့သည် ၂၀၁၀ ခုနှစ်၊ နယူး ယောက် မြို့လယ်ကောင် Time Square ဗုံးခွဲရန် ကြိုးစားမှု၊ ၂၀ဝ၉ခုနှစ် အာဖဂန်နစ္စတန်တွင် အသေခံ ဗုံးဖောက်ခွဲမှုကြောင့် အမေရိကန် စီအိုအေအဖွဲ့ဝင် ခုနစ်ဦးသေဆုံးမှု အတွက် တာဝန်ရှိသော အကြမ်း ဖက် အဖွဲ့အစည်းဖြစ်ကြောင်း သိရှိ ရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်