BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Tuesday, August 28, 2012

မြန်မာကာယ အလှမယ်နှစ်ဦး အာရှကာယ ဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲ ဝင်မည်


(၄၆)ကြိမ်မြောက် အာရှကာယ ဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ကာယ အလှမယ်နှစ် ဦးဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ ပြိုင်ပွဲကို တရုတ် နိုင်ငံ၊ ကွမ်ကျိုးမြို့တွင် လာမည့် စက်တင်ဘာ ၁၉ ရက်မှ ၂၅ ရက် အထိ ကျင်း ပမည်ဖြစ်သည်။
ပြည်တွင်း၌ ပြီးခဲ့သည့် ဇွန်လက ကျင်းပခဲ့သော ပြောင်းလဲပြင်ဆင် လိုက်သည့် ဝတ်စားဆင်ယင်မှု အသစ် ကာယအလှမယ်ပြိုင်ပွဲမှ ပထမဆုရ ပြိုင်ပွဲဝင်နှစ်ဦးသည် အာရှအဆင့်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ "ပြီးခဲ့တဲ့ ပြိုင်ပွဲကနေ ပဏာမ လက်ရွေးစင်ငါးဦးရွေးချယ်လိုက် ပြီး အာရှအဆင့်ပြိုင်ပွဲအတွက် လေ့ကျင့်ပေးခဲ့ပါတယ်။ ထိုင်းနည်း ပြဆရာနှစ်ဦးလည်း နှစ်ပတ်ခန့် လာရောက်ပြီး လေ့ကျင့်အကြံပေး မှုတွေပြုလုပ်ပေးခဲ့ပါတယ်။ ခု တော့ လက်ရွေးစင်နှစ်ဦးကို ရွေး ချယ်လိုက်ပါပြီ" ဟု မြန်မာနိုင်ငံ ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ ချုပ်အမှုဆောင် ဒေါ်ရီရီဝင်းက ပြောသည်။
အာရှအဆင့်ပြိုင်ပွဲသို့ သွား ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံခဲ့ ရသည့် ကာလအလှမယ်နှစ်ဦးမှာ ပြီးခဲ့သည့် အိုလံပစ်နေ့အထိမ်း အမှတ်ကျင်းပခဲ့သည့် အမျိုးသမီး ကာယကြံ့ခိုင်မှုပြိုင်ပွဲ Model Physique ခေါင်းစဉ်ပြိုင်ပွဲတွင် ပထမရရှိခဲ့သည့် မဝတ်ရည်ဖြိုးနှင့် Fitness Physique ခေါင်းစဉ်ပြိုင် ပွဲတွင် ပထမရရှိခဲ့သည့် မအေး အေးစိုးတို့ဖြစ်ကြောင်း သိရသည်။
နှစ်ပေါင်း ၃၀ ကျော်နောက် ပိုင်း ပထမဆုံးအကြိမ် ဝတ်စား ဆင်ယင်မှုအသစ်ဖြစ်သည့် အင်္ကျီ လက်ပြတ်၊ ဘောင်းဘီတို၊ အား ကစားဝတ်ဖြင့် ယှဉ်ပြိုင်ရသည့် ကာယအလှမယ်ပြိုင်ပွဲကို ပြီးခဲ့ သည့် ဇွန်လက ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။
ဗိုလ်ဗိုလ်ဝင်း
7Day News
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်