ကျန်းမာရေး ချို့ယွင်းသည့် အချိန် များတွင် ရောဂါ သက်သာ ပျောက်ကင်းစေရန် ဆေးထိုးသည့်အခါ၌ အပ်အသုံးပြု၍ ဆေးထိုးရခြင်းကို ကြောက်ရွံ့သူများ အတွက် သတင်းကောင်း တစ်ရပ်အဖြစ် နာကျင်မှု လုံးဝ မရှိစေမည့် လေဆာစနစ်ဖြင့် ဆေးထိုးခြင်း ကို ပြုလုပ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်အမျိုးသား တက္ကသိုလ်မှ သုတေသန ပညာရှင်များက ယင်းလေဆာစနစ်ဖြင့် ဆေးထိုးခြင်းကို ပူးပေါင်း လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ပြီး နှစ်စဉ်နီးပါး ပုံမှန် ထိုးနေရသည့် တုပ်ကွေးရောဂါ ကာကွယ်ဆေးများ၊ ကလေးရောဂါ ကာကွယ်ဆေးများအပြင် အခြားသော ရောဂါမျိုးစုံအား ပျောက်ကင်းရန် ထိုးရသည့် ဆေးအားလုံးကို လေဆာစနစ်ဖြင့် ထည့်သွင်းနိုင်ရန် လမ်းစ ရရှိခဲ့ပြီဟု ပြောကြားခဲ့သည်။
ထိုလေဆာစနစ်ဖြင့် ဆေးထိုးရာတွင်လည်း ပုံမှန်ဆေးထိုးသည့် စနစ်များအတိုင်း တိကျသည့် ဆေးပမာဏကို ခန္ဓာကိုယ် အတွင်း ရောက်ရှိစေ မည် ဖြစ်ပြီး ဆေးထိုး ခံရသူ အနေဖြင့် အရေပြားပေါ်သို့ ယပ်တောင်ဖြင့် ခတ်လိုက်သည့် အခါ လာရောက် တိုက်ခတ် သည့် လေပမာပင် ခံစား သိရှိနိုင်သည့် အတွက် ဆေးထိုးခံရခြင်းကို ကြောက်သူများအတွက် အလွန် အဆင်ပြေသည့် စနစ်ပင် ဖြစ်သည်။
၎င်းတို့အနေဖြင့် ဆေးရုံသုံး ပစ္စည်းတစ်ခု ဖြစ်လာရန် ရည်ရွယ် ဖန်တီးသွားမည်ဟု ပြောကြားထားပြီး ဈေးနှုန်းကိုလည်း အသက်သာဆုံးဖြင့် ဖန်တီးနိုင်ရန် သုတေသန ပညာရှင်များက ဆက်လက် ကြိုးစားနေကြကြောင်း သိရသည်။

0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်