တစ်သက်တွင် တစ်ခါထီပေါက်ရန်လွန်စွာ ခဲယဉ်းသော်ငြားလည်း နော်ဝေနိုင်ငံ မြောက်ပိုင်းရှိ ဟုခ်ျဂျာနီတီ၏ မိသားစုသည် ခြောက်နှစ်အတွင်း ထီဆုကြီးသုံးကြိမ် ပေါက်ကာ အမေရိကန်ဒေါ်လာ၃ဒဿမ ၉သန်းကျော် ရရှိပြီး နော်ဝေနိုင်ငံ၏ ထီအကြိမ်ရေ အများဆုံးပေါက်သည့် မိသားစုဖြစ်မိသားစု ဖြစ်လာခဲ့သည်။ ဟုခ်ျဂျာနီတီသည် သားဦးဖြစ်သူကိုမွေးဖွားပြီး ၂၀၀၆ခုနှစ်က သူမ၏ဖခင်ဖြစ်သူသည် ပထမဦးဆုံးအကြိမ် နော်ဝေအမျိုးသားထီပေါက်ကာ အမေရိကန်ဒေါ်လာ ၇ဒသမ၃သိန်းကျော် ရရှိခဲ့ပြီး သုံးနှစ်ကျော်ကြာသောအခါ သူမကိုယ်တိုင်ထိုးသော ထီလက်မှတ်မှာ အမေရိကန်ဒေါ်လာ ၁၄ဒသမ၃ သိန်းဆု ထပ်မံရရှိခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က ဟုခ်ျဂျာနီတီသည် တတိယမြောက် ကလေးမွေးဖွားစဉ် သူမ၏အစ်ကိုဖြစ်သူသည် တတိယအကြိမ်မြောက်အဖြစ် အမျိုးသားထီဆုပေါက်ကာ အမေရိကန်ဒေါ်လာ ၁၂သိန်းထပ်မံရရှိခဲ့သည်။
၎င်းတို့ရရှိသော ထီဆုများမှာငွေဖြင့် ကားသစ်ဝယ်စီးခြင်း၊ ပျော်ပွဲစားခရီးထွက်ခြင်း၊ အိမ်သစ်တစ်လုံး ထပ်မံဝယ်ယူခဲ့ပြီး ကျန်ငွေများကို နော်ဝေဘဏ်တွင် အပ်နှံထားကြောင်း သိရှိရသည်။









Rangoon Time
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်