iPhone နဲ့ သုံးဖက်မြင် တီဗီ (3D ရုပ်ရှင်) များကို ကြည့်ရှုနိုင်ဖို့ အတွက် Gadgets အသစ် ဖြစ်ပါတယ်။ Hasbro လို့ အမည်ရတဲ့ မျက်မှန် ဖြစ်ပါတယ်။ ဒီအတွက် iPhone မှာ အရင်ဆုံး App တစ်ခု သွင်းရ ပါသေးတယ်။ ဖုန်းကို မျက်မှန်နဲ့ တပ်ပြီး ကြည့်ရတာ ဖြစ်ပါတယ်။ ဖုန်းကို လက်မှာ ကိုင်ထားပြီး ကြည့်ရတာမျိုး မဟုတ်ပါဘူး။ ဒီတော့ သုံးရတာ နည်းနည်းတော့ ကသိကအောင် ဖြစ်စရာ ရှိမယ် ထင်ပါ တယ်။
ကြော်ငြာ ဗီဒီယိုထဲမှာ မှန်ဘီးလုံး ကိုင်ပြနေတဲ့အတိုင်း ပြထားပါတယ်။ ဒီတော့ မျက်နှာ မတပ်ပဲ လက်မှာပဲ ကိုင်ထားရမလားလို့လည်း တစ်ချက် တွေးစရာ ရှိပါတယ်။ သို့ပေမယ့် ဒီလိုမဟုတ်ပါဘူး။ လက်နဲ့ ကိုင်စရာ မလိုပဲ မျက်လုံးနဲ့ နားမှာ တပ်ပြီး ကြည့်ရှုလို့ ရအောင် ဖန်တီးပေးထား မှာ ဖြစ်ပါတယ်။
အသုံးပြုနေပုံ ကြော်ငြာဗီဒီယိုကို အောက်ပါလခ့်မှာ ဝင်ရောက်ကြည့်ရှု နိုင် ပါတယ်။
http://youtu.be/F0adIWtEGfE









Rangoon Time
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်