BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Wednesday, June 27, 2012

ပြင်သစ်နိုင်ငံသား အဖြစ် ဒေါ်အောင်ဆန်းစုကြည်အား သတ်မှတ်မည်

ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုဆောင်ပြင်သစ်နိုင်ငံ သား အဖြစ် သတ်မှတ်
ဂုဏ်ပြုမည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစု ကြည်သည် ပြင်သစ်နိုင်ငံ၌ သုံးရက်ကြာနေထိုင် စဉ်အတွင်း ပဲရစ်မြို့တော်ဝန် ဘာထရန် ဒီလာနိုးက ဂုဏ်ထူးဆောင် ပြင် သစ်နိုင်ငံသားအဖြစ် သတ်မှတ်ဂုဏ် ပြုမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ gare du Nord ဘူတာရုံသို့ ဇွန်လ ၂၆ ရက် နေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့ပြီး ညနေ ပိုင်းတွင် ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လန်းနှင့် တွေ့ဆုံကာ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ ညပိုင်းတွင် သမ္မတတည် ခင်းသော ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။ ဇွန်လ ၂၇ ရက်နေ့တွင် ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး လောရင်ဖာဘီ ယပ်စ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးဝင်းအတွင်း၌ အမှတ်တရ သစ်ပင် စိုက်ပျိုးမည်ဖြစ်သည်။
ထို့ ပြင် ပြင်သစ်နိုင်ငံရောက် မြန်မာနိုင်ငံ သားများနှင့် ပဲရစ်မြို့တော်ခန်းမတွင် တွေ့ဆုံခြင်း၊ ပြင်သစ်နိုင်ငံ ဆော်ဘွန်းတက္ကသိုလ်သို့ သွားရောက်၍ ယင်းတက္ကသိုလ်မှ ကျောင်းသားများ နှင့် တွေ့ဆုံကာ အမှာ စကားပြောကြားခြင်းတို့ ပြုလုပ်သွားရန်စီစဉ် ထားကြောင်း သိရသည်။ ဇွန်လ ၂၉ ရက်နေ့တွင် ပြင် သစ်နိုင်ငံမှ ပြန်လည်ထွက်မည်ဖြစ်ပြီး ဇွန်လ ၃ဝ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိမည်ဖြစ်သည်။
PN-002
Popular News
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်